ဒစ်ဂျစ်တယ်ပစ္စည်းတွေ အသုံးများတာကြောင့် ဖြစ်ပေါ်လာတဲ့ ပင်ပန်းနွမ်းနယ်မှုတွေကို လျော့ပါးစေမယ့်နည်းလမ်း (၆) ခု

ဖုန်းနဲ့ ကွန်ပျူတာတွေကို အချိန်ပြည့်နီးပါး အသုံးပြုတာက သင့်ကျန်းမာရေးကို အရမ်းထိခိုက်စေမှာပါ။ အချိန်ကြာလာတဲ့အခါ စိတ်ဖိစိးမှုတွေ တိုးလာတဲ့အပြင် ခန္ဓာကိုယ်လည်း ပင်ပန်းလာစေပါတယ်။

အဲဒါကြောင့် ဖုန်းနဲ့ ကွန်ပျူတာသုံးပြီးနောက် ဖြစ်ပေါ်လာတဲ့ ပင်ပန်းနွမ်းနယ်မှုတွေကို ဘယ်လိုလျော့ပါးအောင် ပြုလုပ်နိုင်မလဲဆိုတာကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။

နည်းပညာတွေက တိုးတက်လာတာကြောင့် ဖုန်း၊ ကွန်ပျူတာနဲ့ အခြားပစ္စည်းတွေက နေ့စဉ်ဘဝမှာ မရှိမဖြစ် လိုအပ်လာပါတယ်။ ခန္ဓာကိုယ်နဲ့ စိတ်ကို တစ်နေကုန်အနားမပေးဘဲ အလုပ်လုပ်တာက အလွန်ပင်ပန်းစေပါတယ်။ ကျန်းမာရေးကို ထိခိုက်စေတဲ့အပြင် လူမှုပေါင်းသင်းဆက်ဆံရေးကိုပါ ထိခိုက်လာစေမှာပါ။

၁။ သင်တစ်ယောက်တည်းမဟုတ်ပါဘူး။

စိတ်ခံစားမှုက အရာအားလုံးနဲ့ ဆက်စပ်နေပါတယ်။ ဘေးနားက လူတွေစကားပြောနေတာ၊ ငှက်တွေသီချင်းဆိုနေတာ၊ နေရောင်က အရေပြားကို လာထိတာ စတဲ့အရာတွေဟာ online မှာပဲ အလုပ်လုပ်နေသူတွေနဲ့ အလှမ်းဝေးနေတတ်ပါတယ်။

အဲဒီနောက် ကိုယ့်ကိုယ်ကိုယ် အထီးကျန်တယ်လို့ ခံစားလာရပါတယ်။ အထီးကျန်တယ်လို့ ခံစားနေရရင် ဝမ်းနည်းမနေသင့်ဘဲ ဒါက ဒီဂျစ်တယ်ပစ္စည်းတွေနဲ့ အလုပ်လုပ်သူတိုင်း ကြုံတွေ့ရတဲ့အရာပါ။

၂။ အချိန်ဇယားဆွဲပြီး အလုပ်လုပ်ပါ။

အချိန်ဇယားဆွဲပြီး အလုပ်လုပ်တာက စိတ်ရောခန္ဓာကိုယ်ကိုပါ အနားရစေပါတယ်။ တစ်ခါတရံမှာ offline လုပ်လို့ရမယ့်အလုပ်တွေကို လုပ်ကြည့်ပါ။ အဲဒီအခါ အရင်ကထက် ပိုပြီး လန်းဆန်းလာမှာပါ။

၃။ အလုပ်လုပ်ဖို့ အကောင်းဆုံးနေရာ

အလုပ်လုပ်တဲ့နေရာက အလင်းရောင်မရ၊ လေမရဘဲ ဖြစ်နေရင်ပိုပြီး ငြီးငွေ့စရာကောင်းပါတယ်။ အဲဒါကြောင့် အလုပ်လုပ်ဖို့ နေရာကိုလည်း သေချာရွေးချယ်သင့်ပါတယ်။

၄။ ခဏအနားယူပါ။

Online မှာအလုပ်လုပ်သူတွေအတွက် ၂၀-၂၀-၂၀ စည်းမျဉ်းကို ကျင့်သုံးသင့်ပါတယ်။ ၂၀-၂၀-၂၀ စည်းမျဉ်းဆိုတာကတော့ ဖုန်း၊ ကွန်ပျူတာတွေနဲ့ မိနစ် ၂၀ကြာအလုပ်လုပ်ပြီးတဲ့အခါ စက္ကန့်၂၀ လောက် ခဏအနားယူပါ။ အဲဒီနောက် ပေ ၂၀ အကွာအဝေးက အရာဝတ္ထုတွေကို ကြည့်ပါ။

၅။ မျက်တောင်ခတ်ပါ။

ဖုန်းနဲ့ ကွန်ပျူတာမှန်သားပြင်ကို ကြည့်ပါများတဲ့အခါမှာ မျက်တောင်ကို အရင်ကလောက် မခတ်ဖြစ်တော့ပါဘူး။ အဲဒီအခါ မျက်လုံးအမြင်တွေက ဝေဝါးလာပါတယ်။ ဖုန်းနဲ့ ကွန်ပျူတာ မှန်သားပြင်ကို ကြာကြာကြည့်တယ်ဆိုရင် မျက်တောင်ကိုလည်း ပုံမှန်ခတ်ပေးဖို့ လိုအပ်ပါတယ်။

ဒါ့အပြင် ဖုန်းနဲ့ ကွန်ပျူတာကနေ ထွက်တဲ့ အပြာရောင်အလင်းတန်းတွေကို လျှော့ချဖို့ screen filter ကို အသုံးပြုတာ၊ night mode ကို အသုံးပြုတာမျိုး ပြုလုပ်သင့်ပါတယ်။

၆။ Notification တွေကို ပိတ်ထားလိုက်ပါ။

Notification တွေကို အများကြီးဖွင့်ပြီး အလုပ်လုပ်တာက အာရုံများစေပါတယ်။ Notification ရောက်လာတိုင်း ခဏခဏဖွင့်ကြည့်ဖြစ်နေရင် အလုပ်လည်းမတွင်တော့ပါဘူး။

Zombie (lovemedia)

Post a Comment

0 Comments