အရသာရှိပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ သောက်စရာ (၆) မျိုး

တစ်နေ့တာလုံး လန်းဆန်းတက်ကြွဖို့အတွက် ကော်ဖီက ကူညီပေးပါတယ်။ ကော်ဖီမှာ ကောင်းကျိုးတွေရှိသလို အလွန်အကျွံသောက်တဲ့အခါမှာလည်း ဘေးထွက်ဆိုးကျိုးတွေ ဖြစ်စေပါတယ်။

အဲဒါကြောင့် ကျန်းမာရေးကိုလည်း အကျိုးပြု၊ သောက်လို့လည်း ကောင်း၊ အရသာရှိတဲ့ သောက်စရာ ၆ မျိုး အကြောင်းကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ချီကိုရီ

ချီကိုရီရဲ့အမြစ်ကို ကြိတ်ပြီးနောက်မှာတော့ ရလာတဲ့အမှုန့်ကို ကော်ဖီလိုပဲ ဖျော်သောက်ကြပါတယ်။ ချီကိုရီမှာ ကာဖိန်းဓာတ် မပါဝင်ပါဘူး။ အရသာကလည်း ကောင်းမွန်ပါတယ်။

ချီကိုရီရဲ့ကောင်းကျိုးတွေကတော့ သွေးထဲက ဂလူးကို့စ်တွေကို လျော့ကျစေပြီး အဆီလည်း ကျစေပါတယ်။ ဒါပေမယ့် ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ နို့တိုက်မိခင်တွေတော့ သောက်လို့မရပါဘူး။

၂။ Matcha

Matcha က လက်ဖက်စိမ်းအမှုန့်တစ်မျိုးဖြစ်ပါတယ်။ Matcha မှာ လန်းဆန်းစေတဲ့ ရနံ့ရှိပါတယ်။ သူ့မှာက သာမန်လက်ဖက်စိမ်းတွေထက် ကာဖိန်းဓာတ်ပိုများပါတယ်။ လွယ်လွယ်ကူကူသောက်လို့လည်း ရပြီး အရသာလည်း ရှိပါတယ်။

Matcha ကို လက်ဖက်ရည်ဖျော်တဲ့အတိုင်း ဖျော်လို့ရပါတယ်။ အချို့ကတော့ နို့ထည့်ပြီး သောက်ပါတယ်။ သူ့ရဲ့ကောင်းကျိူးတွေကတော့ အသည်းကို ကာကွယ်ပေးတာပါ။

၃။ ကိုကိုး

ကိုကိုးမှုန့်က ကိုကိုးစေ့ကို အမှုန့်ကြိတ်ထားတာပါ။ ကိုကိုးမှုန့်မှာ ကာဖိန်းဓာတ်ပါဝင်မှုများပါတယ်။ ဒါပေမယ့် ကော်ဖီလောက်တော့ ကာဖိန်းဓာတ်မပါပါဘူး။ ကိုကိုးကို နွားနို့ သို့မဟုတ် ရေနဲ့ ဖျော်သောက်ကြပါတယ်။ သူ့ရဲ့အကျိုးကျေးဇူးတွေကတော့ ရောင်ရမ်းနာကျင်တာတွေကို လျှော့ချပေးပြီး သွေးဖိအားကို နည်းစေပါတယ်။

၄။ Yerba mate

Yerba mate က လက်ဖက်ရည်တစ်မျိုးဖြစ်ပြီးတော့ သူ့မှာပါဝင်တဲ့ ကာဖိန်းဓာတ်က ကော်ဖီထက် နည်းပါးပါတယ်။ ဒါပေမယ့် ပုံမှန်လက်ဖက်ရည်တွေထက်တော့ ကာဖိန်းဓာတ်ပိုများပါတယ်။ အရသာကတော့ အနည်းငယ်ခါးသက်သက်ရှိပါတယ်။

Yerba mate က ဖျော်ရတာလွယ်ကူပါတယ်။ ပုံမှန်လက်ဖက်ရည်ဖျော်သလိုပါပဲ။ သူ့ရဲ့အကျိုးကျေးဇူးကတော့ ကိုယ်အလေးချိန်ကျစေတာပါ။

၅။ Ayurvedic roast coffee

Ayurvedic roast coffee ကို သောက်လိုက်ရင် ကော်ဖီသောက်ရသလို ခံစားချက်မျိုးကို ရရှိစေပါတယ်။ သူ့မှာတော့ ကာဖိန်းဓာတ်မပါဝင်ပါဘူး။ Ayurvedic roast coffee ကိုသောက်လိုက်ရင် စိတ်ကို တည်ငြိမ်သွားစေတာတော့ ထူးခြားချက်ပါ။

၆။ Chai tea

Chai tea က လက်ဖက်ရည်နဲ့ အခြားသစ်ဥသစ်ဖုတွေကို ရောစပ်ထားတာပါ။ သူ့မှာ ကာဖိန်းဓာတ်နည်းပါးပြီး အရသာကတော့ တစ်ခါသောက်ဖူးရင် ကြိုက်သွားစေမယ့် အရသာပါ။

ဖျော်စပ်ပုံက ပုံမှန်လက်ဖက်ရည်ဖျော်သလိုဖြစ်ပြီး နို့ကိုလည်း ထည့်သောက်လို့ရပါတယ်။ Chai tea က နှလုံးကျန်းမာရေးနဲ့ အစာချေဖျက်မှုကို တိုးတက်စေပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments