အိမ်ရှင်မတွေအတွက် ချက်ပြုတ်တဲ့အခါ လွယ်ကူမြန်ဆန်ပြီး အသုံးဝင်စေမယ့်နည်းလမ်း (၉) ခု

အိမ်ရှင်မတွေအတွက် အချိန်ကုန်သက်သာပြီး လွယ်ကူတဲ့နည်းလမ်းတွေ ရှိတဲ့အခါ ချက်ပြုတ်ရတာ အရမ်းမပင်ပန်းတော့ပါဘူး။ အဲဒါကြောင့် ချက်ပြုတ်တဲ့အခါ လွယ်ကူမြန်ဆန်ပြီး အသုံးဝင်စေမယ့် နည်းလမ်းလေးတွေကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ စတော်ဘယ်ရီ

စတော်ဘယ်ရီက အစေ့သေးသေးလေးတွေကနေ စတင်စိုက်ပျိုးရပါတယ်။ ဆောင်းရာသီနှောင်းပိုင်း သို့မဟုတ် နွေဦးရာသီမှာ စတော်ဘယ်ရီစေ့လေးတွေကို မြေကြီးထဲ စိုက်ထားလို့ရပါတယ်။ မြေကြီးထဲ စိုက်ထားပြီး မကြာခင်မှာပဲ အပင်လေးပေါက်လာပါတယ်။

စတော်ဘယ်ရီပင်လေးက ၂နှစ်ကနေ ၃နှစ်အထိ ရှင်သန်နိုင်ပါတယ်။ ဒါပေမယ့် ၃နှစ်ကျော်ပြီးရင်တော့ စတော်ဘယ်ရီပင်ရဲ့သက်တမ်းက ကုန်ဆုံးသွားတာကြောင့် အစေ့အသစ်နဲ့ ပြန်စိုက်ပျိုးဖို့ လိုအပ်ပါတယ်။

၂။ ကွတ်ကီး

ကွတ်ကီးဖုတ်တဲ့အခါမှာတော့ အကျက်မညီတာ၊ မုန့်နှစ်မနှံ့တာ စတဲ့ပြဿနာတွေကို ကြုံတွေ့ရတတ်ပါတယ်။ ဂျုံမှုန့်များသွားတာ၊ အဆာပလာနည်းသွားတာ၊ အဓိကပါဝင်ပစ္စည်းကို မထည့်လိုက်ရတာ စတဲ့အရာတွေကြောင့် ကွတ်ကီးက စားလို့မကောင်းတော့ပါဘူး။ အဲဒါကြောင့် အထက်ပါပုံကို ကြည့်ပြီး ကွတ်ကီးဖုတ်တဲ့အခါ လိုအပ်ချက်ကို သိနိုင်ပါတယ်။

၃။ ဖရဲသီး

မှည့်နေတဲ့ဖရဲသီးမှာ အဝါရောင်အစက်အပြောက်လေးတွေ ပါဝင်တတ်ပါတယ်။ အညှာက ခြောက်နေရင်၊ အညိုရောင်ဖြစ်နေရင် ဖရဲသီးက မှည့်နေပါပြီ။

၄။ သံပုရာသီး

သံပုရာသီးကို လှီးလိုက်ပေမယ့် အရည်များများမထွက်တာကို ကြုံရတတ်ပါတယ်။ သံပုရာသီးလှီးတဲ့ပုံစံမှန်ကန်ရင်တော့ ဒီပြဿနာက ဝေးသွားပါတယ်။ အဲဒါကြောင့် သံပုရာသိးကို အလည်ကနေ ထက်ခြမ်းမခြမ်းဘဲ သုံးခြမ်းခြမ်းလိုက်ပါ။ အဲဒီအခါ သံပုရာရည်ညှစ်ရင်လည်း အရည်ပိုထွက်ပါတယ်။

၅။ Choco praline

Choco praline က ကမ္ဘာပေါ်မှာ နာမည်ကြီးအစားအစာတစ်ခုပါပဲ။ ဒါပေမယ့် Choco praline မှာ ချောကလက်က နည်းနည်းပဲ ပါဝင်ပြီး သကြားအများကြီးနဲ့ အုန်းဆီတွေပဲ ခပ်များများပါဝင်နေပါတယ်။

၆။ ထမင်းချက်တဲ့အခါ ရေတိုင်းနည်း

ထမင်းချက်တဲ့အခါမှာ ရေကို လက်တစ်ဆစ်ထည့်ရမယ်လို့ လူကြီးတွေက သင်ပြပေးကြပါတယ်။ ဒါပေမယ့် တစ်ခါတရံမှာ လက်တစ်ဆစ်ကို ဘယ်လိုတိုင်းရမလဲဆိုတာ ဝေခွဲမရဖြစ်နေတတ်ပါတယ်။ အဲဒါကြောင့် အိုးထဲကို ဆန်ထည့်ပြီးနောက် ရေထည့်ပါ။ အတိုင်းအတာကတော့ ဆန်ပေါ်မှာ ရေက လက်တစ်ဆစ်ကို ဆိုလိုပါတယ်။

၇။ ပန်းသီး

ကမ္ဘာပေါ်မှာ ပန်းသီးအမျိုးအစားပေါင်းများစွာ ရှိပါတယ်။ ပန်းသီးရဲ့အရသာတွေကလည်း တစ်ခုနဲ့တစ်ခု မတူညီကြပါဘူး။ အချိုဆုံးပန်းသီးကနေ အချဉ်ဆုံးပန်းသီးကို သိဖို့ အထက်ပါ ပုံကို အသုံးပြုပါ။

၈။ ကြက်သွန်နီ

ကြက်သွန်နီတွေကို ကြည့်လိုက်ရင် အားလုံးက အတူတူလို့ ထင်ရပေမယ့် တကယ်တော့မတူပါဘူး။ ဟင်းချက်တဲ့အခါမှာ အရသာရှိပြီး သဘာဝအချိုဓာတ်ကို ပေးတာကတော့ လိမ္မော်ရောင်အခွံနဲ့ ကြက်သွန်နီပါပဲ။

၉။ ချိစ်ကိတ်

ချိစ်ကိတ်က လူကြိုက်များတဲ့အစားအစာတစ်ခုပါ။ နိုင်ငံတိုင်းမှာလည်း မတူညီတဲ့ပုံစံအရသာတွေနဲ့ ချိစ်ကိတ်ကို ဖန်တီးကြပါတယ်။ အမေရိကန်စတိုင် ချိစ်ကိတ်က ခရင်မ်များပြီး ဂျပန်ချိစ်ကိတ်ကတော့ တိမ်ဆိုင်တွေလို ပေါ့ပါးတဲ့အရသာနဲ့ပုံစံပါပဲ။

Basque ချိစ်ကိတ်ကတော့ ကိတ်ကိုဖုတ်ပြီး အပေါ်ယံအသားကတော့ အခြားချိစ်ကိတ်တွေနဲ့ ကွဲပြားပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments