အဲယားကွန်းမရှိတဲ့အချိန်မှာတောင် အေးမြစေမယ့် နည်းလမ်း (၁၀) ခု

အခုလို အရမ်းပူလောင်နေတဲ့ ကာလမှာ လူတိုင်းဟာ အေးမြမှုကို လိုအပ်ကြပါတယ်။ ပူလောင်မှုတွေက ညအထိဆိုတော့ ခံစားရတာတော့ မသက်သာပါဘူး။ ဒါကြောင့် ပူနေတဲ့ရာသီဥတုကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာကို love media ကနေ ပြောပြပေးပါမယ်နော်။

၁။ buckwheat ခေါင်းအုံးလုပ်ပါ

ဒီခေါင်းအုံးတွေက ဟောက်တာကို လျှော့ချပေးသလို ခေါင်းတစ်ခြမ်းကိုက်ခြင်းကိုလည်း သက်သာစေပါတယ်။ သူတို့ရဲ့ အကောင်းဆုံးအားသာချက်ကတော့ လေဝင်လေထွက်ကောင်းတာကြောင့် သင့်ခန္ဓာကိုယ်က အပူရှိန်ဟာ ခေါင်းအုံးကနေ ထွက်သွားခြင်းပါ။

၂။ အိပ်ခန်းထဲမှာ ရှားစောင်းလက်ပတ်ပင်ကို ထားပေးပါ။

သင့်အခန်းကို အေးမြစေချင်ရင်တော့ ဒီအပင်ကို စိုက်ထားသင့်ပါတယ်။ သူ့ရဲ့ အရွက်တွေမှာ ရေဓာတ်ပါဝင်မှု မြင့်မားတာကြောင့် အစိုဓာတ်ကို လေထဲကို အငွေ့ပျံသွားစေပါတယ်။ ပြီးတော့ အပင်ကနေကြိုက်တာကြောင့် သင့်ကို ပိုအေးမြစေမှာပါ။

၃။ စွမ်းအင်သက်သာတဲ့ မီးလုံးတွေကိုပဲ အသုံးပြုပါ။

သာမန်မီးသီးတွေက အခန်းအပူချိန်ကို မြင့်တက်စေနိုင်ပါတယ်။ တစ်အိမ်လုံးကို မပူနိုင်ပေမယ့်လည်း အပူကြောင့် စွမ်းအင် 90-98% ကို ထုတ်လွှတ်တာကြောင့် ပတ်ဝန်းကျင်အပူချိန်ကို တိုးစေပါတယ်။ စွမ်းအင်သက်သာတဲ့ မီးသီးတွေ ဒါမှမဟုတ် LED မီးသီးတွေကတော့ ဘာအပူမှ မထုတ်ပေးပါဘူး။

၄။ အေးတဲ့စောင်နဲ့ အိပ်ပါ။

ပူပြင်းတဲ့ နွေရာသီညတွေမှာ မြန်မြန်အိပ်ပျော်ဖို့ဆိုတာ မလွယ်ပါဘူး။ အိပ်ရာမဝင်ခင် ရေချိုးခြင်းအပြင် စိုစွတ်တဲ့ စောင် ဒါမှမဟုတ် စိုစွတ်တဲ့ အခင်းတွေနဲ့ အိပ်နိုင်ပါတယ်။ ရေလုံးဝစိမ်စရာမလိုပါဘူး၊ ရေနည်းနည်းနဲ့ စွတ်ပေးရုံပါပဲ။

၅။ အိပ်ရာခင်းတွေကို ရေခဲသေတ္တာထဲ ထည့်ထားပါ။

သင့်အိပ်ရာခင်းတွေကို ရေခဲသေတ္တာထဲမှာ အနည်းဆုံး 10 မိနစ်ထားပါ။ မနက်စောစော ဒါမှမဟုတ် အိပ်ယာမဝင်ခင် လုပ်လို့ရပါတယ်။ သူတို့ကို ထုတ်တဲ့အခါ ရေစိုမခံရအောင် ပလတ်စတစ်အိတ်ထဲ အရင်ထည့်ပါ။ အအေးခံထားတဲ့ အိပ်ယာခင်းတွေနဲ့ဆို အလွယ်တကူ အိပ်ပျော်သွားပါလိမ့်မယ်။

၆။ ACကို ကိုယ်တိုင်လုပ်ပါ။

သာမန်ပန်ကာကို ရေခဲတစ်ဗူးနဲ့ AC အဖြစ်ကို ပြောင်းလဲနိုင်ပါတယ်။ ပုလင်းတစ်လုံးကို ရေဖြည့်ပြီး အအေးခံလိုက်ပါ။ ပန်ကာရှေ့မှာထားပြီးတော့ အနီးနားမှာ ထိုင်နေလိုက်ပါ။ တန်းအေးသွားပါလိမ့်မယ်။

၇။ အဝတ်စတွေကို ရေစွတ်ပြီး ပြတင်းပေါက်နား ချိတ်ထားပါ။

အေးမြတဲ့ လေကိုခံစားချင်တယ်ဆိုရင်တော့ ပြတင်းပေါက်နားမှာ အဝတ်စတွေကို ရေစွတ်ပြီး ချိတ်ထားသင့်ပါတယ်။ ကုလားကာတွေကို ရေအေးနဲ့လည်း ဖြန်းနိုင်ပါတယ်။ ဒါမှမဟုတ် ပန်ကာပေါ်မှာ လက်ကိုင်ပုဝါကို ရေစွတ်ပြီး တင်ထားလိုက်ပါ။

၈။ လျှာနဲ့ အသက်ရှုပါ။

အစပိုင်းမှာတော့ ထူးဆန်းတယ်လို့ ထင်ရပေမယ့် နောက်ပိုင်းမှာ အေးလာတာကို ခံစားမိလာပါလိမ့်မယ်။ သင့်လျှာကို ထုတ်ပြီး ဘေးနှစ်ဖက်ကို ခေါက်ပါ။ လေဝင်ပေါက်ကိုလည်း ချန်ထားပါ။ လျှာနဲ့ ရှူသွင်းပြီး ရှူထုတ်တဲ့အခါ ပြန်ဖြန့်ပေးပါ။

၉။ အနီးနားမှာ ရေအေးဇလုံတစ်လုံးထားပြီး အိပ်ပါ။

ရေချိုးပြီး ပူနေသေးရင် ဒါမှမဟုတ် အိပ်ယာခင်းတွေက ပြန်ပူလာတယ်ဆိုရင်တော့ ဇလုံတစ်လုံးကို ရေအေးနဲ့ဖြည့်ပြီး အိပ်ရာအနီးမှာထားပါ။ ချွေးထွက်များတဲ့သောအခါ ခြေထောက် ဒါမှမဟုတ် လက်ဖဝါးကို ရေအေးမှာ နှစ်ပါ။ ရေစိုဝတ်ကိုလည်း ပတ်ထားနိုင်ပြီး သင့်ခန္ဓာကိုယ်အပူချိန်ကို လျင်မြန်စွာ ကျဆင်းစေပါတယ်။

၁၀။ ကြမ်းပြင်ပေါ်မှာ အိပ်ပါ။

အောက်ကိုနိမ့်လေလေ အပူချိန်က ပိုအေးလေပါပဲ။ ကြမ်းပြင်က အပူချိန်က အထက်ကိုတက်ပါတယ်။ ကြီးမားအေးစက်တဲ့ မျက်နှာပြင်က သင့်ခန္ဓာကိုယ်အပူကို မြန်မြန်ကျစေပြီး ပူပြင်းတဲ့ညတွေမှာ အိပ်လို့အဆင်ပြေစေပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments