ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုက တစ်ခါတရံမှာ ပျောက်သွားတတ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိတဲ့အခါ ဘာလုပ်လုပ် အဆင်မပြေ ဖြစ်နေမှာပါ။ အဲဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ ပြန်ရလာအောင်၊ ပိုတိုးလာအောင် ပြုလုပ်နိုင်မယ့် နည်းလမ်းလေးတွေကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။
၁။ များများပြုံးပါ။
ပြုံးဖို့အတွက် ဘယ်တော့မှ ဝန်လေးမနေသင့်ပါဘူး။ ပြုံးလိုက်တာက ပျော်ရွှင်နေတယ်လို့ ဦးနှောက်ကို လှည့်စားလိုက်တာပါ။ ပြုံးလိုက်တဲ့အခါမှာတော့ စိတ်က ချက်ချင်းလန်းဆန်းလာပါတယ်။ ပြုံးပြုံးရွှင်ရွှင်နေတာက ပေါင်းသင်းဆက်ဆံရေးကိုလည်း တိုးတက်စေပါတယ်။
၂။ ကိုယ်ဟန်အနေအထားကို ဂရုပြုပါ။
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိဖို့အတွက် လမ်းလျှောက်တဲ့အခါမှာပဲဖြစ်ဖြစ်၊ မတ်တပ်ရပ်တဲ့အခါမှာပဲဖြစ်ဖြစ်၊ ထိုင်တဲ့အခါမှာပဲဖြစ်ဖြစ် ခါးကို မတ်မတ်ထားပါ။ ညှိုးငယ်နေတဲ့ပုံစံက သင့်ကို ပိုပြီးတော့ အိုစာစေပါတယ်။ အဲဒါကြောင့် ကိုယ်ဟန်အနေအထားကိုလည်း သတိထားသင့်ပါတယ်။
၃။ လေ့ကျင့်ခန်းလုပ်ပါ။
ကိုယ်လက်လှုပ်ရှားမှုက ခန္ဓာကိုယ်အတွက်သာမက စိတ်အတွက်ပါ အကျိုးပြုပါတယ်။ လေ့ကျင့်ခန်းကို ဇွဲရှိရှိပြုလုပ်တတ်သူတွေဟာ စိတ်ဓာတ်လည်း ခိုင်မာလာပါတယ်။ အချိန်ပေးပြီးတော့ ကျန်းမာရေးအတွက် လေ့ကျင့်ခန်းတွေ ပြုလုပ်သင့်ပါတယ်။
၄။ အသက်ကို ပြင်းပြင်းရှူပါ။
အသက်ကို ပြင်းပြင်းရှူသွင်းပြီး ရှူထုတ်တာက ခန္ဓာကိုယ်ထဲက ကြွက်သားတွေအားလုံးရဲ့ ပင်ပန်းမှုတွေကို သက်သာစေပါတယ်။ အသက်ရှူသွင်း၊ ရှူထုတ်တဲ့အခါ လျှာကိုလည်း အသုံးပြုနိုင်ပါတယ်။ မြင်းလိုအသက်ရှူတဲ့ပုံစံ၊ တုန်ခါတဲ့အသက်ရှူပုံစံတို့က ကျန်းမာရေးအတွက် အကျိုးပြုပါတယ်။
၅။ ယုံကြည်မှုရှိတဲ့မျက်နှာသွင်ပြင်ကို ပြောင်းလဲလိုက်ပါ။
ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိဖို့အတွက် မျက်နှာကလည်း အရေးပါပါတယ်။ မဝံ့မရဲဖြစ်တဲ့ပုံစံက စိတ်မလုံခြုံသလို ခံစားရစေပါတယ်။ အဲဒါကြောင့် မျက်နှာအနေအထားကိုပါ ပြောင်းလဲလိုက်ပါ။
၆။ ဆံပင်ပုံစံ ပြောင်းလဲလိုက်ပါ။
ဆံပင်ပုံစံ ပြောင်းလဲလိုက်တဲ့အခါမှာလည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တိုးစေပါတယ်။ ဆံပင်ကလည်း ရုပ်ရည်သွင်ပြင်ကို အပြောင်းအလဲ ဖြစ်စေပါတယ်။ သုန်သုန်မှုန်မှုန် အနေအထားကို ပျောက်စေမယ့် ဆံပင်ပုံစံကို ပြောင်းလဲဖို့ တွေဝေမနေသင့်ပါဘူးနော်။
၇။ အဝတ်အစားဝတ်တဲ့အခါ အသေးစိတ်ကအစ ဂရုစိုက်ပါ။
အဝတ်အစားကို သပ်သပ်ရပ်ရပ်ဝတ်လေ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ ပိုတိုးလေပါပဲ။ အဲဒါကြောင့် အင်္ကျီကို မီးပူတိုက်ဖို့၊ ကြယ်သီးတွေကို သေချာတပ်ဖို့၊ သန့်သန့်ရှင်းရှင်းနေဖို့ အမြဲဂရုပြုပါ။
ဥပမာ ခါးပတ်ပတ်တဲ့အခါ ခါးပတ်အစွန်းက ကျနေတယ်ဆိုရင် နှစ်ဖက်တိပ်ကို အသုံးပြုပါ။
၈။ လိုက်ဖက်တဲ့အရောင်
အရောင်တွေက စိတ်ခံစားချက်တွေကို ပြောင်းလဲနိုင်ပါတယ်။ အရောင်တွေမှာလည်း အဓိပ္ပါယ်တွေ အများကြီးရှိပါတယ်။ အဝတ်အစားနဲ့ အသုံးအဆောင်ပစ္စည်းတွေကို ရွေးချယ်တဲ့အခါမှာလည်း အရောင်တွေကလည်း စကားတွေအများကြီး ပြောပြပေးနိုင်ပါတယ်။
- အနက်ရောင်က ဝမ်းနည်းမှု၊ သပ်ရပ်မှု၊ အံဝင်ခွင်ကျဖြစ်မှု
- အဖြူရောင်က အပြစ်ကင်းစင်မှု
- အနီရောင်က စိတ်ဓာတ်ပြင်းပြမှုနဲ့ ချစ်ခြင်းမေတ္တာ
- အပြာရောင်က တည်ငြိမ်မှု
- အစိမ်းရောင်က အကောင်းမြင်စိတ်နဲ့ အားကျစိတ်
- အဝါရောင်က နွေးထွေးမှု
- ခရမ်းရောင်က ပဟေဠိဆန်မှုနဲ့ ပညာဉာဏ်ရှိခြင်း
- အညိုရောင်က တာဝန်သိတတ်ခြင်းနဲ့ ခိုင်မာခြင်း
- လိမ္မော်ရောင်က ဇွဲရှိခြင်းနဲ့ အာရုံစိုက်ခြင်း
- ပန်းရောင်က မိန်းကလေးဆန်ခြင်းနဲ့ ကြင်နာမှု စသဖြင့် အရောင်တွေက စိတ်ခံစားချက်တွေကို ကိုယ်စားပြုပေးနိုင်ပါတယ်။
Zombie (lovemedia)
0 Comments