လူကြိုက်များပေမယ့် ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အဝတ်အစား (၅) မျိုး

ရေပန်းစားနေတဲ့ ဖက်ရှင်နောက်ကို လိုက်တာက လွယ်ကူပါတယ်။ ဒါပေမယ့် ဝတ်ဆင်တဲ့အဝတ်အစားက ကျန်းမာရေးနဲ့ ညီညွတ်လားဆိုတာ သိဖို့တော့ မလွယ်ကူပါဘူး။ လူကြိုက်များပေမယ့် ကျန်းမာရေးကို ထိခိုက်စေတဲ့အဝတ်အစားတွေလည်း ရှိပါတယ်။

၁။ တင်းကျပ်သော အဝတ်အစားများ

ခန္ဓာကိုယ်နဲ့ ကွက်တိကျပြီး ခန္ဓာကိုယ်အလှကို ပေါ်လွင်စေတဲ့ တင်းတင်းကျပ်ကျပ် အဝတ်အစားတွေက ရေပန်းစားလူကြိုက်များပါတယ်။ ဒါပေမယ့် တင်းကျပ်တဲ့အဝတ်အစားတွေကို အချိန်ကြာကြာဝတ်ထားရင် နေရထိုင်ရတာ အဆင်မပြေဖြစ်လာပါတယ်။

တင်းကျပ်တဲ့အဝတ်အစားတွေကို အချိန်ကြာမြင့်စွာဝတ်ရင် နာဗ်ကြောလေးတွေ နာကျင်တာ၊ ခြေထောက်ထုံကျင်တာတို့ဖြစ်စေပါတယ်။

၂။ အဝါရောင်အဝတ်အစားများ

အဝါရောင်အဝတ်အစားက ကျန်းမာရေးနဲ့ မကိုက်ညီဘူးလို့ပြောရင် ထူးဆန်းနေပါလိမ့်မယ်။ အဝါရောင်က ပျော်ရွှင်ခြင်း၊ နွေးထွေးခြင်းကို ဖော်ပြပေးနိုင်ပါတယ်။ ဒါပေမယ့် အဝတ်အစားတွေမှာအသုံးပြုတဲ့ အဝါရောင်ဆိုးဆေးက အချိန်အတော်ကြာ တားမြစ်ထားတဲ့ ဓာတုဆေးပါပဲ။

အဲဒီအဝါရောင်ဆိုးဆေးကြောင့် အသားအရေယားယံတာ၊ ဝက်ခြံတွေပိုဆိုးလာတာ၊ အသည်းကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ သည်းခြေပြွန်ကင်ဆာ၊ အူလမ်းကြောင်းနဲ့ပတ်သက်တဲ့ ကင်ဆာရောဂါ၊ ဦးနှောက်ကင်ဆာ ဖြစ်ပေါ်စေပါတယ်။ ဒါ့အပြင် ဆိုးဆေးတွေနဲ့ ရင်သားကင်ဆာကလည်း ဆက်စပ်နေပါတယ်။

၃။ အသားကပ်ဂျင်းဘောင်းဘီ

အသားကပ်ဂျင်းဘောင်းဘီကို ဝတ်လိုက်ရင် အရမ်းကို ကြည့်ကောင်းသွားပါတယ်။ ဒါပေမယ့် အသားကပ်ဂျင်းဘောင်းဘီက ကျန်းမာရေးနဲ့တော့ မသင့်လျော်ပါဘူး။

၂၀၁၉ ခုနှစ်က လေ့လာချက်တစ်ခုအရ အသားကပ်ဂျင်းဘောင်းဘီတွေ ဝတ်ဆင်တဲ့အမျိုးသမီးတွေမှာ မျိုးပွားအင်္ဂါနဲ့ပတ်သက်တဲ့ ရောဂါတွေဖြစ်ပေါ်စေတယ်လို့ ဆိုပါတယ်။ အသားကပ်ဂျင်းဘောင်းဘီတွေကို ဝတ်မယ်ဆိုရင် တစ်ပတ်ကို ၄ ကြိမ်ထက် ပိုပြီး မဝတ်သင့်ပါဘူး။

၄။ မတွန့်ကြေတဲ့အဝတ်အစားများ

မတွန့်ကြေတဲ့ အဝတ်အစားတွေကို ဝတ်ရတာဟာ မီးပူမတိုက်ချင်သူတွေအတွက် အရမ်းကို အဆင်ပြေပါတယ်။ ဒါပေမယ့် မတွန့်ကြေတဲ့အဝတ်အစားတွေမှာ formaldehyde ပါဝင်မှုများပါတယ်။

အဲဒါကြောင့် ဓာတ်မတည့်သူတွေမှာ အင်ပြင်အဖုအပိမ့်တွေ ဖြစ်လာတာ၊ ရေကြည်ဖုတွေ ပေါက်လာတာ၊ အရေပြားယားယံတာတွေ ကြုံရတတ်ပါတယ်။

၅။ ဖိနပ်ကို ခြေအိတ်မပါဘဲ စီးခြင်း

ဖိနပ်ကို ခြေအိတ်မဝတ်ဘဲ စီးတာကလည်း အမြင်ကို တစ်မျိုးလှပစေပါတယ်။ ဒါပေမယ့် ကျန်းမာရေးအတွက်တော့ ဖိနပ်ကို ခြေအိတ်ဝတ်ပြီးတော့သာ စီးသင့်ပါတယ်။ ခြေအိတ်မဝတ်ဘဲ ဖိနပ်စီးရင် ချွေးတွေ ထွက်ပြီး အရေပြားစိုစွတ်တာ၊ ဘက်တီးရီးယားတွေ ဝင်လွယ်တာတို့ဖြစ်စေပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments