နားပိတ်တာက အရမ်းကို နေရခက်တဲ့အရာပါ။ နေမကောင်းတဲ့အခါ၊ လေယာဉ်စီးတဲ့အခါ၊ ဓာတ်လှေကားဆီးတဲ့အခါ စတဲ့အချိန်တွေမှာ နားပိတ်တတ်ပါတယ်။ အဲဒါကြောင့် နားပိတ်တာကို အချိန်တိုအတွင်း သက်သာစေမယ့် နည်းလမ်းလေးတွေကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။
နားပိတ်ရတဲ့ အကြောင်းအရင်းများ
နားရဲ့အလယ်နဲ့ နှာခေါင်းရဲ့အနောက်ဘက်အကြားပြွန်လေးတွေ ပိတ်ဆို့တာကို နားပိတ်တယ်လို့ ခံစားရပါတယ်။ ဒါ့အပြင် နားအတွင်းထဲက ဖိအားနဲ့ နားအပြင်က ဖိအားတို့ ခြားနားတဲ့အခါမှာလည်း နားပိတ်ပါတယ်။
နားပိတ်တဲ့အခါ နားထဲမှာ နာကျင်တာ၊ ဖိအားတွေဖြစ်တာ၊ ဆူညံသ့တွေကြားနေရတာ၊ ခေါင်းမူးတာတို့ ဖြစ်တတ်ပါတယ်။ အများကအားဖြင့် ရုတ်တရက် လေထုဖိအားကျသွားတာ သို့မဟုတ် တက်သွားတာ စတဲ့အချိန်တွေမှာ နားပိတ်တတ်ပါတယ်။
ဥပမာအားဖြင့် ရေနက်ထဲအထိ ရေငုပ်တာ၊ တောင်ထိပ်ကို တက်တာ၊ စက်လှေကားစီးတာ၊ လေယာဉ်စီးတာ စတဲ့အချိန်တွေမှာ နားပိတ်တတ်ပါတယ်။ နှာပိတ်တာနဲ့ နားဖာချေးတွေကို များနေရင်လည်း နားပိတ်တတ်ပါတယ်။
နားပိတ်တဲ့အခါ ပြုလုပ်နိုင်မယ့်နည်းလမ်းများ
သင်က အမြင့်တစ်နေရာရောက်ပြီးနောက် နားပိတ်သွားတဲ့အခါ နိမ့်တဲ့နေရာကို ဖြည်းဖြည်းချင်း ဆင်းလိုက်ပါ။ နိမ့်တဲ့နေရာကို ရောက်နေရင်လည်း မြင့်တဲ့နေရာကို ဖြည်းဖြည်းချင်း တက်ပါ။
နားပိတ်တဲ့အခါ
- ပါးစပ်ကို အကျယ်ကြီး ဟပြီး သန်းလိုက်ပါ။ အဲဒီနောက် လေကို ပါးစပ်နဲ့ ရှူသွင်းလိုက်ပါ။ လေကို ရှူသွင်းပြီး ပါးစပ်ကို လှုပ်ရှားလိုက်တာက ဖိအားတွေကို လျော့ကျသွားစေပါတယ်။
- မေးရိုးတွေကို လှုပ်ရှားလိုက်တာကလည်း နားပိတ်တာကို သက်သာစေပါတယ်။
- ရေတစ်ခုခုသောက်တာကလည်း အကူအညီဖြစ်စေပါတယ်။ ရေသောက်တဲ့အခါ နှာခေါင်းကို လက်နဲ့ညှစ်ပြီး သောက်လို့လည်း ရပါတယ်။
- ပီကေဝါးလို့လည်း ရပါတယ်။ ပီကေဝါးတဲ့အခါ မေးရိုးတွေ လှုပ်ရှားရတာကြောင့် နားကို ပြန်ပွင့်စေပါတယ်။
- နောက်တစ်ခုကတော့ ပူဖောင်းမှုတ်တာပါ။
နောက်ထပ်နည်းလမ်းနှစ်ခုလည်း ရှိပါသေးတယ်။
- ပါးစပ်ကို ပိတ်၊ နှာခေါင်းကိုလည်း လက်နဲ့ညှစ်ထားပြီး လေတွေ ထွက်မရအောင် အသက်ကို ရှူထုတ်လိုက်ပါ။
- ပါးစပ်ကို ပိတ်၊ နှာခေါင်းကို လက်နဲ့ညှစ်ထားပြီး လေကို မျိုချလိုက်ပါ။
အထူးကိရိယာ
အထက်ပါနည်းလမ်းတွေနဲ့ မသက်သာသေးရင်တော့ အထူးထုတ်လုပ်ထားတဲ့ နားကြပ်လေးကို အသုံးပြုပါ။ အဲဒီအခါ ပြင်ပလေတွေက နားထဲဝင်ပြီး အဆင်ပြေသွားတတ်ပါတယ်။
ဘယ်အချိန်မှာ ဆရာဝန်ကို ပြသသင့်လဲ။
ခဏခဏ နားပတ်တဲ့အခါ၊ အထက်ပါနည်းလမ်းတွေနဲ့ အဆင်မပြေတဲ့အခါမှာတော့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။
နားပိတ်ခြင်းကို ဖြစ်စေတဲ့ အဓိကအကြောင်းအရင်းတွေကတော့
- နားဖာချေးပိတ်ခြင်း
- နာပိတ်ခြင်း
- ဓာတ်မတည့်ခြင်း
- တုပ်ကွေးနဲ့ အအေးမိခြင်း
- ပိုးဝင်ခြင်း
- နားအတွင်းထဲမှာ အရည်တွေပြည့်နေခြင်း
- နားရဲ့အလယ်မှာ အသားပိုထွက်လာခြင်း
- နားစည်မှာ ပိုးဝင်ခြင်း
- မေးရိုးအနေအထားပုံမှန်မဟုတ်ခြင်း၊ သွားကြိတ်ခြင်း စတဲ့အချက်တွေပဲဖြစ်ပါတယ်။
Zombie (lovemedia)
0 Comments