သင့်ခန္ဓာကိုယ်နဲ့ပတ်သက်ပြီး စိုးရိမ်မှုပိုနေကြောင်း သိနိုင်မယ့်အချက် (၅) ချက်

ကျန်းမာရေးဂရုစိုက်တဲ့လူဟာ သူ့ခန္ဓာကိုယ်ကို အမြဲတမ်းစစ်ဆေးသင့်ပါတယ်။ အချိန်မနှောင်းခင် အမြန်သိပြီးတော့ ကုသဖို့လည်း နောက်မကျတော့ပါဘူး။ ဒါပေမယ့် ခန္ဓာကိုယ်ကို အမြဲလိုလို စစ်ဆေးနေတဲ့အခါမှာလည်း မလိုအပ်တဲ့ စိတ်ဖိအားတွေ ဖြစ်ပေါ်စေပါတယ်။

ဒီအချက်တွေကို ပြုလုပ်မိတယ်ဆိုရင်တော့ သင်က ခန္ဓာကိုယ်နဲ့ပတ်သက်ပြီး စိုးရိမ်စိတ်တွေ ပိုနေလို့ပါ။

၁။ ကိုယ်အလေးချိန်ကို အမြဲလိုလိုတိုင်းတာနေခြင်း

လူတော်တော်များများက ကိုယ်အလေးချိန်တက်မတက်သိရအောင် မကြာခဏ ပေါင်ချိန်တတ်ကြပါတယ်။ ဒါပေမယ့် တစ်စုံတစ်ယောက်က အလေးချိန်တက်လာတယ်လို့ပြောရင် လေ့ကျင့်ခန်းတွေလုပ် ကိုယ်အလေးချိန်ချပြီး သူတို့ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကိုထပ်တိုင်းမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ပေါင်ချိန်တိုင်းတာက တစ်ချိန်နဲ့တစ်ချိန် မတူနိုင်ပါဘူး။

၂။ ဝမ်းဗိုက်ကို ညှစ်ပြီး အရိုးတွေကို ခံစားကြည့်ခြင်း

ခန္ဓာကိုယ် အစိတ်အပိုင်းအချို့ကို စစ်ဆေးတဲ့အခါမှာ နောက်ထပ်ပြဿနာကတော့ ဝမ်းဗိုက်ကိုပဲ အာရုံစိုက်နေတာပါ။ အဆီတွေ တိုးလာမလာသိရအောင် ဗိုက်ကို အမြဲညှစ်နေတာပါ။ အဆီပဲဖြစ်ဖြစ်၊ ကြွက်သားပဲဖြစ်ဖြစ် ဗိုက်ကိုစမ်းရင် အရိုးတွေကိုထိမိတဲ့အထိ စမ်းသပ်နေတတ်ပါတယိ။

၃။ သင့်ခန္ဓာကိုယ်ကို အခြားသူတွေရဲ့ ခန္ဓာကိုယ်နှင့် နှိုင်းယှဉ်ကြည့်ခြင်း

ဆိုရှယ်မီဒီယာဟာ သင့်ခန္ဓာကိုယ်ကို အခြားသူတွေရဲ့ခန္ဓာကိုယ်နှင့် နှိုင်းယှဉ်ဖို့ အမြဲတမ်း လိုအပ်နေတယ်လို့ သတိပေးနေသလိုပါပဲ။ သင့်ခန္ဓာကိုယ်ရဲ့ မပြည့်စုံမှုတွေကို အခြားသူတွေနဲ့ နှိုင်းယှဉ်နေတတ်ပါတယ်။

လူတစ်ယောက်နဲ့တစ်ယောက် ဇီဝကမ္မဖြစ်စဉ်ချင်း မတူတာကြောင့် အစားအသောက်၊ အိပ်ချိန်နဲ့ လေ့ကျင့်ခန်းကိုသာ အာရုံစိုက်သင့်ပါတယ်။

၄။ ဖိအားတွေ ဖြစ်လာခြင်း

ခန္ဓာကိုယ်ကို အမြဲလိုလိုစစ်ဆေးတာကြောင့် စိတ်ဖိအားတွေ ဖြစ်လာပါတယ်။ ပြီးတော့ အတွေးပေါင်းစုံဝင်လာပြီး ဘယ်လိုလုပ်ရမလဲဆိုတာကို ထိုင်တွေးနေပါလိမ့်မယ်။ သင်စားချင်တဲ့အရာကို မစားနိုင်တော့သလို အရင်ကလိုမျိုး လွတ်လပ်ပါဦးမလားလို့ တွေးနေမိပါလိမ့်မယ်။ နောက်ဆုံးမှာ ဒီအပြုအမူဟာ သင့်ခန္ဓာကိုယ်ကို ပိုပြီး မကျေမနပ်ဖြစ်စေပါတယ်။

၅။ ခန္ဓာကိုယ်ကို စစ်ဆေးမှုတွေလုပ်ပြီးရင် အစားအသောက်က မမှန်တော့ပါဘူး။

လေ့လာမှုတစ်ခုအရ စစ်ဆေးမှုတွေလုပ်ပြီးတဲ့ လူတစ်ယောက်ဟာ အစားအစာစားသုံးမှုအပေါ် ကန့်သတ်မှုတွေလုပ်ကြောင်း တွေ့ခဲ့ရပါတယ်။ သူ့ရဲ့ ခန္ဓာကိုယ်ကို ထိန်းချုပ်မှု လျော့နည်းသွားသလို ခံစားရပြီး ခန္ဓာကိုယ်ကလည်း ပြီးပြည့်စုံခြင်းနှင့် ဝေးကွာတယ်လို့ ခံစားရတာကြောင့်ပါ။ ဒါကြောင့် ကိုယ်အလေးချိန်တက်နိုင်ခြေကို လျှော့ချဖို့ အစားအစာစားသုံးမှုကို ကန့်သတ်လိုက်ပါတော့တယ်။

ခန္ဓာကိုယ်စစ်ဆေးခြင်းကို ဘာတွေကဖြစ်စေသလဲ။

2019 ခုနှစ်က လေ့လာမှုတစ်ခုအရ အစွဲအလမ်းလွန်ကဲတဲ့ရောဂါ၊ စိုးရိမ်စိတ်နှင့် ခန္ဓာကိုယ်ပုံမမှန်တဲ့ ရောဂါဝေဒနာခံစားရသူတွေက ခန္ဓာကိုယ်ကို ပိုပြီးအစစ်ဆေးကြတယ်လို့ သိရပါတယ်။

လေ့လာမှုမှာ ပါဝင်သူတွေက ခန္ဓာကိုယ်ကို မစစ်ဆေးခင်မှာ သူတို့ရဲ့ ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး အဆိုးမြင်တဲ့ ခံစားချက်တွေ ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း သူတို့ကိုယ်သူတို့ စစ်ဆေးပြီးနောက်မှာတော့ အားလုံးအဆင်ပြေကြောင်း ပြောပြတဲ့အခါ သူတို့ရဲ့ စိတ်ဓာတ်က ပိုကောင်းလာပါတယ်။

ဘယ်လို လျှော့ချပြီး ကုသမလဲ။

- သင့်ကိုယ်သင် စစ်ဆေးပြီးနောက်မှာ သင်ဘယ်လို ခံစားရကြောင်းကို ချရေးပါ။

- ကိုယ့်ကိုယ်ကိုယ်စိန်ခေါ်ပါ။

ခက်ခဲတဲ့မေးခွန်းတွေကို သင့်ကိုယ်သင်မေးပါ။ ခန္ဓာကိုယ်ကို စစ်ဆေးပြီးနောက်မှာ သင့်အတွက် ဘာပြောင်းလဲသွားမလဲ။ နောက်ဆုံးအကြိမ်လုပ်ကတည်းက တစ်ခုခုပြောင်းလဲသွားပြီလားဆိုတဲ့ မေးခွန်းတွေကို ယုတ္တိတန်စွာဖြေပါ။ ခက်ခဲနိုင်ပေမယ့်လည်း လက်တွေ့ဘဝမှာ ပြောင်းလဲသွားတာတွေ ရှိပါတယ်။

Zombie ( lovemedia)

Post a Comment

0 Comments