စတိုင်ကျပီးဝတ်လို့အဆင်ပြေတဲ့ ဂျင်းဘောင်းဘီ တစ်ထည်ကိုဝယ်ဖို့ ရွေးချယ်နည်း (၇) ခု

ဂျင်းဘောင်းဘီဆိုတာ လူတိုင်းမှာ အနည်းဆုံးတစ်ထည်စီတော့ ရှိပါတယ်။ နေရာတိုင်းမှာ ဝတ်လို့အဆင်ပြေပြီးတော့ ဘာနဲ့တွဲဝတ်ဝတ် လိုက်ဖက်ပါတယ်။ အဝတ်အစားတွေသာ တွဲဝတ်တတ်ရင် လူအများကြားထဲမှာ ထင်ရှားပြီးတော့ စတိုင်ကျနေမှာပဲ ဖြစ်ပါတယ်။

၁။ ဆိုဒ်

ХХS ကနေ 4XL အထိ ဘောင်းဘီဆိုဒ်အမျိုးမျိုးကို သင်ရင်းနှီးမှာပါ။ ဒါပေမယ့် ကိုယ်နဲ့ကိုက်မယ့် ဘောင်းဘီဆိုဒ်ကို အမြဲတမ်းရှာရခက်ပါတယ်။ ဒါကြောင့် ဘယ်လိုရှာမလဲဆိုတော့ ကြိုက်တဲ့ ဂျင်းဘောင်းဘီတစ်ထည်ကိုယူပါ။ လက်သီးဆုပ်ပြီး လက်မောင်းကို ဘောင်းဘီခါးမှာထည့်လိုက်ပါ။

လက်နဲ့အဆင်မပြေရင် ဂျင်းဘောင်းဘီက အရမ်းသေးပါတယ်။ သင့်လက်ကို အထဲထည့်ထားပြီး နေရာလွတ်ကျန်နေသေးရင် ဘောင်းဘီက ကြီးလွန်းပါတယ်။ လက်မောင်းနဲ့ ကိုက်ညီနေရင် ဂျင်းဘောင်းဘီက သင့်ခါးနဲ့ ကွက်တိပါ။

၂။ အရှည်

ဂျင်းဘောင်းဘီရဲ့ အရှည်ကို ဘယ်လိုတိုင်းမလဲဆိုတော့ ဘောင်းဘီကို လက်နဲ့ကိုင်ပြီး မျဉ်းဖြောင့်တစ်ခုဖြစ်အောင် သင့်ရဲ့ လက်တွေကို ဖြန့်လိုက်ပါ။ လက်နဲ့အပြည့်မဖြန့်နိုင်ဘူးဆိုရင် ဂျင်းဘောင်းဘီက အရမ်းတိုပါတယ်။ ဂျင်းဘောင်းဘီအရှည်နဲ့ သင့်လက်နှစ်ဖက်က တူညီနေမယ်ဆိုရင် သင့်အတွက် အံကိုက်ဖြစ်နိုင်ပါတယ်။

၃။ ခြေကျင်းဝတ်အကျယ်

ဂျင်းဘောင်းဘီ အကျပ်တွေဝယ်မယ်ဆိုရင် ဒီနည်းကို သုံးသင့်ပါတယ်။ လက်သီးဆုပ်ပြီး ဘောင်းဘီ ခြေထောက်ထဲကို လက်လျှိုလိုက်ပါ။ လက်သီးက အပြင်ကိုမထွက်သွားရင် ဂျင်းဘောင်းဘီက အရမ်းကြပ်ပါတယ်။ လက်သီးက အပြင်ကို ထွက်သွားတယ်ဆိုရင်တော့ သင်နဲ့ အဆင်ပြေပါတယ်။

၄။ ခါးအမြင့်

Mid-rise ဂျင်းဘောင်းဘီက ခန္ဓာကိုယ်အပေါ်ပိုင်းကို ဟန်ချက်ညီစေပါတယ်။ Mid-rise ဂျင်းဘောင်းဘီတွေကတော့ အောက်မှာဖော်ပြထားတဲ့ ကိုယ်ထည်ပုံစံတွေနဲ့ လိုက်ပါတယ်။

ဘဲဥပုံ - ဒီလိုခန္ဓာကိုယ်ပုံရှိတဲ့သူတွေက အများစုက တင်ပါးကျဉ်း၊ ပုခုံးကအလယ်အလတ်လောက်၊ ရင်ကြီးပိုကြီးပြီးတော့ ခန္ဓာကိုယ်ကြီးတတ်ကြပါတယ်။

ထောင့်မှန်စတုဂံ — ပခုံးအကျယ်က တင်ပါးနှင့်ညီပြီး ရင်ဘတ်အကျယ်ကလည်း ခါးနှင့်အတူတူဖြစ်ပါတယ်။

တြိဂံ - ပုခုံးနှင့်ရင်ဘတ်က ကြီးပြီးတော့ ရင်သားကသေးနေတတ်ပါတယ်။

High-rise ဂျင်းဘောင်းဘီက ခန္ဓာကိုယ်အောက်ပိုင်းအတွက် ဟန်ချက်ညီစေပြီး ခန္ဓာကိုယ်အပေါ်ပိုင်းကိုလည်း ကြည့်ကောင်းစေပါတယ်။ ဘယ်လိုခန္ဓာကိုယ်အမျိုးအစားတွေအတွက် သင့်တော်မလဲဆိုတော့

သစ်တော်သီး - တင်ပါးကျယ်၊ ပုခုံးကျဉ်းပြီးတော့နှင့် ခါးသေးရင်ချီတဲ့သူတွေအတွက် သင့်တော်ပါတယ်။

သဲနာရီ - တင်ပါးနှင့် ရင်ဘတ်က အကျယ်တူတူရှိနေပြီး ခါးလည်းပေါ်ပါတယ်။ တင်ပါးကြီးတဲ့သူတွေအတွက် အဆင်ပြေပါတယ်။

၅။ အိတ်ကပ်အမြင့်

ဂျင်းဘောင်းဘီဝယ်တဲ့အခါ နောက်ဘက်မှာပါတဲ့ အိတ်ကပ်တွေကို သတိထားပါ။ အရမ်းနိမ့်မနေသင့်ပါဘူး။ တင်ပါးအလှကို ပေါ်စေဖို့အတွက် အကောင်းဆုံးအိတ်ကပ်အနေအထားက အတွင်းချုပ်ရိုးအထက် 1.5 လက်မခန့် ဖြစ်ပါတယ်။

၆။ ဘောင်းဘီဂွ

ဘောင်းဘီဂွက မြင့်ပြီး တိုနေရင် တင်ပါးကို ပိုထွက်စေပြီး ခါးကို ပိုပေါ်စေပါတယ်။ အကောင်းဆုံးအမြင့်က အတွင်းချုပ်ရိုးထက် 1.5 လက်မခန့်မြင့်သင့်ပါတယ်။

၇။ အရည်အသွေး

ဇစ်နှင့် ကြယ်သီး

ဘောင်းဘီပေါ်မှာပါတဲ့ ကြယ်သီးက ခိုင်မာပြီးတော့ ဇစ်ကောင်းမကောင်း စစ်သင့်ပါတယ်။

ချုပ်ရိုး

ဘေးနှစ်ဖက်နှင့် အိတ်ကပ်တွေမှာရှိတဲ့ ချုပ်ရိုးတွေကို စစ်ဆေးပါ။ ညီညာပြီး တိကျနေသင့်ပါတယ်။ ဘောင်းဘီကို ဆွဲဆန့်လိုက်လို့ ပါလာတယ်ဆိုရင် ကောင်းပါတယ်။

အမျှင်လေးတွေ

ဂျင်းဘောင်းဘီကို သေချာလုပ်ထားလား မလုပ်ထားလားဆိုတာကိုသိချင်ရင် ချည်မျှင်လေးတွေထွက်နေတာကို ကြည့်ပါ။ သေချာချုပ်လုပ်ထားတဲ့ ဂျင်းဘောင်းဘီက ဘာအမျှင်မှ မပါပါဘူး။

ပါဝင်ပစ္စည်း

ဂျင်းဘောင်းဘီတွေကို ချည်သားနဲ့ လုပ်ကြပေမယ့် သက်တောင့်သက်သာရှိစေဖို့ elastane အနည်းငယ်ကို ထည့်တတ်ကြပါတယ်။ elastane 2% ထက်မပိုသင့်ပါဘူး။ မဟုတ်ရင် ဂျင်းဘောင်းဘီက အချိန်ကြာလာရင် ပုံသဏ္ဍာန်ပျက်သွားပါတယ်။

အထူအပါး

ထူပြီးလေးတဲ့ဂျင်းဘောင်းဘီတွေက ပါးတဲ့ ဂျင်းဘောင်းဘီတွေထက် ပိုကောင်းပါတယ်။ ထူတဲ့ ဂျင်းဘောင်းဘီက ရေရှည်အသုံးခံပြီးတော့ တော်ရုံနဲ့ မပျက်စီးတတ်ပါဘူး။ ဝတ်ခါစမှာတော့ အဆင်မပြေတာတွေ ရှိတတ်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments