ပုခုံးကျယ်တဲ့သူတွေအတွက် အဝတ်အစားရွေးချယ်နည်း (၅) မျိုး

သင်ဟာ ပုခုံးကျယ်သူတစ်ယောက်ဆိုရင် အဝတ်အစား ရွေးချယ်ရာမှာ အနည်းငယ်အခက်တွေ့စေမှာပါ။ ပုခုံးကျယ်တာကြောင့် ခန္ဓာကိုယ်ကလည်း အနည်းငယ် ကြီးသယောင်ဖြစ်နေပါတယ်။

အဲဒါကြောင့် ပုခုံးကျယ်တဲ့ မိန်းကလေးတွေအတွက် ဘယ်လိုအဝတ်အစားတွေ ရွေးချယ်သင့်လဲဆိုတာကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ပုခုံးကျယ်တဲ့သူတွေအတွက် စမတ်ကျစေဖို့

ပုခုံးကျယ်တဲ့သူတွေက ခါးသိမ်တာကို ပေါ်လွင်စေတဲ့အဝတ်အစားကို ရွေးချယ်သင့်ပါတယ်။ တစ်ဖြောင့်တည်းဖြစ်နေတဲ့အဝတ်အစားတွေက သင့်ခန္ဓာကိုယ်ကို တောင့်တောင်ကြီးဖြစ်နေစေမှာပါ။ ပုခုံးကျယ်တဲ့သူတွေဟာ လည်ပင်းညှပ်ရိုးပေါ်လွင်စေတဲ့ အဝတ်အစားနဲ့လည်း လိုက်ပါတယ်။

ကော်လံမပါတဲ့ဘလောက်အင်္ကျီတွေနဲ့ ညှပ်ရိုးပေါ်လွင်စေတဲ့အဝတ်အစားတွေဟာ ပုံခုံးကျယ်ကြောင်း မသိသာစေတဲ့အဝတ်အစားတွေပါ။

၂။ ပုခုံးကျယ်သူတွေအတွက် လိုက်ဖက်တဲ့အဝတ်အစားများ

ဗွီပုံစံလည်ပင်းရှိတဲ့အင်္ကျီကတော့ ပုခုံးကျယ်တာကို ဖုံးကွယ်ပေးပါတယ်။ အချိုးအစားမညီတဲ့လည်ပင်းပုံစံအင်္ကျီတွေကိုလည်း အမြင်ဆန်းရုံမက သင့်ရဲ့ပုခုံးအလှကိုပါ ထင်ရှားစေတာပါ။ A-line ဝတ်စုံတွေကတော့ ပုခုံးကျယ်သူတွေအတွက် ရှိထားတသင့်တဲ့ အဝတ်အစားတွေပါ။

အောက်ဘက်ကို ကားသွားတဲ့စကတ်တွေက သင့်ရဲ့ကိုယ်ခန္ဓာအချိုးအစားကို ညီမျှသွားစေပါတယ်။ လက်ရှည်အင်္ကျီတွေကလည်း သင့်ရဲ့ပုခုံးနဲ့ လက်မောင်းအရွယ်အစားကို ဖုံးကွယ်ပေးထားနိုင်ပါတယ်။

ပုခုံးကြိုးကျယ်တဲ့ အဝတ်အစားတွေကလည်း ပုခုံးကျယ်တာကို ဖုံးကွယ်ဖို့ အကောင်းဆုံးပါ။ ဒါပေမယ့် ပုခုံးကြိုးကျဉ်းတဲ့အဝတ်အစားကိုတော့ မရွေးသင့်ပါဘူး။

၃။ အရောင်တောက်တဲ့အဝတ်အစားတွေကို ရွေးချယ်ဖို့မကြောက်ပါနဲ့။

ပုခုံးကျယ်တာကို သိသာမှာစိုးလို့ အရောင်နုတဲ့အဝတ်အစားတွေကိုပဲ မရွေးသင့်ပါဘူး။ အရောင်တောက်တောက်အဝတ်အစားတွေကလည်း ပုခုံးကျယ်သူတွေနဲ့ လိုက်ဖက်ပါတယ်။ ခါးသိမ်ပြီး အရောင်တောက်ပတဲ့အဝတ်အစားတွေက သင့်ကို အရပ်ပိုရှည်တယ်လို့ ထင်ရစေပါတယ်။

၄။ ရှည်လျားတဲ့ အသုံးအဆောင်ပစ္စည်းများ

ပုခုံးကျယ်သူတွေအတွက် ရှည်မျောမျောမာဖလာ၊ ပုဝါတွေကို ရွေးချယ်ပါ။ အိတ်ကို ကန့်လန့်ဖြတ်လွယ်တာကလည်း သင့်ရဲ့ခန္ဓာကိုယ်ကို အချိုးအစားမျှတတယ်လို့ ထင်ရစေပါတယ်။ လည်ပင်းမှာ ပုဝါကို စည်းမယ်ဆိုရင်လည်း ဗွီပုံစံပေါ်အောင် စည်းပါ။

၅။ ရှောင်သင်တဲ့အရာများ

ပုခုံးကျယ်တဲ့သူတွေအတွက် အဝတ်အစားဝယ်ရာမှာ ရှောင်သင့်တဲ့အချက်လေးတွေလည်း ရှိပါတယ်။

- ပုခုံးအောက်မှာ ဖော့ခံပြီးဝတ်တာက ပုခုံးကျယ်တာကို အရမ်းသိသာသွားစေပါတယ်။ ဂျာကင်နဲ့ အခြားအဝတ်အစားတွေ ဝယ်တဲ့အခါ ပုခုံးဖော့မပါတဲ့အဝတ်အစားတွေသာ ရွေးဝယ်ပါ။

- ပုခုံးတစ်ပြင်လုံးကိုပေါ်လွင်နေစေမယ့် အဝတ်အစားမျိုးကိုလည်း ရှောင်သင့်ပါတယ်။

- လက်ဖောင်းအင်္ကျီတွေနဲ့ လေးထောင့်ပုံစံလည်ပင်းပါတဲ့အင်္ကျီတွေကလည်း ပုခုံးကျယ်သူတွေနဲ့ မလိုက်ဖက်ပါဘူး။

- ပုခုံးမှာ အသေးစိတ်အလှဆင်ထားတဲ့အဝတ်အစားတွေကလည်း သင့်အလှကို မှေးမှိန်စေပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments