ကမ္ဘာပေါ်က လူဦးရေအနည်းငယ်မှာသာ တွေ့နိုင်တဲ့အရာ (၇) ခု

လူတွေက လေပေါ်မှာ ဘာအကူအညီမှမပါဘဲ ပျံသန်းနေတာ၊ မျက်လုံးကနေ လေဆာရောင်ခြည်တွေ ထွက်တာ စတဲ့ထူးထူးဆန်းဆန်းအဖြစ်အပျက်တွေက ကမ္ဘာကြီးပေါ်မှာ အများကြီးပါပဲ။

တစ်ခါတရံ လူသားတွေရဲ့ခန္ဓာကိုယ်က ထူးဆန်းအံ့ဩဖွယ်ရာတွေ ဖြစ်ပေါ်လာတတ်ပါတယ်။ ကမ္ဘာပေါ်က လူဦးရေအနည်းငယ်မှာပဲ ခန္ဓာကိုယ်နဲ့ပတ်သက်တဲ့ ထူးထူးဆန်းဆန်းအရာတွေ ရှိတတ်တာပါ။

၁။ လက်ချောင်း ခြောက်ချောင်းပါရှိခြင်း

မွေးကတည်းက လက်ချောင်းလေးတွေက ခြောက်ချောင်းပါဝင်တာဟာ လူဦးရေ တစ်ထောင်မှာ တစ်ယောက်လောက်ပဲ တွေ့ရပါတယ်။ လက်ချောင်းတစ်ချောင်းပါတဲ့အခါ ခန္ဓာကိုယ်က အချို့နေရာတွေမှာ သွေးခုန်နှုန်းက ပိုနေတတ်ပါတယ်။ လက်ချောင်းလေးတွေ ခြောက်ချောင်းပါဝင်သူက အပိုတစ်ချောင်းကိုလည်း ထိန်းချုပ်နိုင်တာကို တွေ့ရပါတယ်။

၂။ နံရိုးအပိုတစ်ချောင်းပါဝင်ခြင်း

လူအများစုမှာ နံရိုးက ၂၄ ချောင်း (၁၂ စုံ) ပါဝင်ပါတယ်။ ဒါပေမယ့် ရှားရှားပါးပါး အချို့လူတွေမှာတော့ ဘယ်ဘက်မှာပဲဖြစ်ဖြစ် ညာဘက်မှာပဲဖြစ်ဖြစ် နံရိုးအပိုတစ်ချောင်း ပါဝင်နေပါတယ်။ တစ်ခါတရံ ဘယ်ဘက်ညာဘက်နှစ်ဖက်လုံးမှာ နံရိုးအပိုနှစ်ချောင်း ပါဝင်နေပါတယ်။

နံရိုးအပိုတစ်ချောင်းက မွေးကတည်းက ပါရှိနေပြီး အချို့က ဘဝတစ်သက်တာလုံးမှာတောင် သတိမထားမိကြပါဘူး။ နံရိုးအပိုတစ်ချောင်းရှိနေမှန်းကို Xray ရိုက်ကြည့်မှသာ သိကြပါတယ်။ နံရိုးအပိုတစ်ချောင်းပါတာက သွေးကြောနဲ့ နာဗ်ကြောကို မဖိမိရင် ဘာအန္တရာယ်မှ မရှိပါဘူး။

၃။ ရွှေအိုရောင်သွေးကြော

ရွှေအိုရောင်သွေးကြောပါရှိသူက တစ်ကမ္ဘာလုံးမှာ အယောက် ၅၀ခန့်သာ ရှိပါတယ်။ သူတို့ရဲ့သွေးက ရှားပါးတဲ့သွေးအမျိုးအစားဖြစ်ပြီး Rhnull သွေးအမျိုးအစားဖြစ်ပါတယ်။ ၁၉၆၁ခုနှစ်မှာ ဩစတေးလျအမျိုးသားတစ်ယောက်မှာ ဒီသွေးအမျိုးအစားရှိကြောင်း ပထမဆုံးတွေ့ရှိခဲ့ပြီး ဆက်လက်လေ့လာတဲ့အခါ တစ်ကမ္ဘာလုံးမှာ အယောက် ၅၀ခန့်သာ ထပ်တွေ့ရပါတယ်။

၄။ နားဘေးမှာ အပေါက်သေးသေးလေးပါရှိခြင်း

ကမ္ဘာပေါ်က လူဦးရေ ၀.၁ရာခိုင်နှုန်းကနေ ၁၀ရာခိုင်နှုန်းမှာသာ နားဘေးမှာ အပေါက်‌သေးသေးလေး ပါရှိတာပါ။ ဒီလိုမျိုးနားအပေါက်ပါတာကြောင့် ပိုးဝင်လွယ်ပြီး နာကျင်တာ၊ ရောင်ရမ်းတာတို့ ဖြစ်လေ့ရှိပါတယ်။

၅။ မကျိုးနိုင်တဲ့အရိုးသန်သန်မာမာတွေ ပါရှိခြင်း

အရမ်းသန်မာတဲ့ အရိုးပိုင်ရှင်တွေအကြောင်းဟာ ပုံပြင်ထဲမှာတော့ မကြာခဏပါဝင်လေ့ ရှိပါတယ်။ ဒါပေမယ့် လက်တွေ့လောကမှာလည်း မကျိုးနိုင်တဲ့အရိုးပိုင်ရှင်တွေ ရှိပါတယ်။

အရိုးဖွဲ့စည်းပုံမှာ သိပ်သည်းဆများတာကြောင့် ဘယ်လိုမှ မကျိုးပါဘူး။ အရိုးက အရမ်းသန်မာတာကြောင့် ရေကူးရင်တောင် ရေထဲမှာ ပေါလောပေါ်နေဖို့ ခက်ခဲပါတယ်။

၆။ ဖြီးလို့မရတဲ့ဆံပင်

သာမန်လူတွေမှာတော့ ဆံပင်ကို မရှင်းပါများရင်တော့ ဖြီးလို့မရဘဲ ခက်ခဲနေမှာပါ။ ဒါပေမယ့် ကမ္ဘာပေါ်က လူအနည်းစုမှာတော့ ဆံပင်က ခြောက်သွေ့ပြီး ပွနေတာကြောင့် ဘယ်လိုမှ ဖြီးမရဖြစ်နေတတ်ပါတယ်။

၇။ လက်ကောက်ဝတ်ကြွက်သား

လက်ဖဝါးကို ပြင်ညီတဲ့နေရာမှာ ထားပါ။ ပြီးရင် လက်မနဲ့ လက်သန်းကို ထိပြီး လက်ဖဝါးကို ဖြည်းဖြည်းချင်း မြှင့်လိုက်ပါ။ အဲဒီအခါ လက်ကောက်ဝတ်မှာ ကြွက်သားကို တွေ့ရတတ်ပါတယ်။ လက်ကောက်ဝတ်မှာ ကြွက်သားမပါဝင်တဲ့သူက တစ်ကမ္ဘာလုံးလူဦးရေရဲ့ ၃၀ ရာခိုင်နှုန်းပဲ ရှိပါတယ်။

Zombie ( lovemedia)

Post a Comment

0 Comments