အိပ်ရာထဲမှာ ကြမ်းပိုးတွေ အရမ်းများနေတဲ့အခါ ဒီနည်းလမ်း (၇) ခုကို အသုံးပြုပါ

အိပ်ရာထဲမှာ ကြမ်းပိုးတွေ ရှိနေရင် တော်တော်နဲ့ ဖယ်ရှားဖို့ မလွယ်ကူပါဘူး။ ကြမ်းပိုးတွေက အိပ်ရာခင်း၊ စောင်၊ ခေါင်းအုံးတွေရဲ့အသေးငယ်ဆုံးနေရာမှာတောင် ကပ်တွယ်နေတတ်ပါတယ်။ အဲဒါကြောင့် အိပ်ရာထဲမှာ ကြမ်းပိုးတွေ ရှိနေရင် ဘယ်လိုနည်းနဲ့ ဖယ်ရှားနိုင်မလဲဆိုတာ love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ အိတ်တစ်လုံးထဲမှာ အားလုံးကို ပေါင်းထည့်လိုက်ပါ။

အရင်ဆုံး ကြမ်းပိုးတွေ ရှိနေတဲ့ အိပ်ရာခင်း၊ စောင်၊ ခေါင်းအုံးစွပ်တို့ကို အိတ်တစ်ခုထဲမှာ ထည့်ထားလိုက်ပါ။ အိတ်ကို လုံနေအောင် သေချာပိတ်ပြီး နေရောင်ရတဲ့နေရာ၊ အပူချိန်ပြင်းတဲ့နေရာမှာ ထားလိုက်ပါ။

၂။ အပူချိန်များများနဲ့ လျှော်ပါ။

အိတ်ထဲက အိပ်ရာခင်း၊ စောင်၊ ခေါင်းအုံးစွပ်တိ့ကို ထုတ်လိုက်ပြီး အပူချိန်များများနဲ့ လျှော်ပါ။ အဲဒီနောက် အပူချိန်ပြင်းပြင်းနဲ့ အခြောက်ခံပါ။ ဒီနည်းက ကြမ်းပိုးတွေကို နောက်ဘဝသို့ ကူးပြောင်းစေပြီး အိပ်ရာခင်းထဲမှာလည်း ကြမ်းပိုးဥတွေ မကျန်ခဲ့စေတော့ပါဘူး။

၃။ လျှော်လို့မရတဲ့အရာတွေကို အေးခဲလိုက်ပါ။

ပိုးသား၊ အက်ဆီတိတ်၊ ပိုးတုနဲ့ ရက်လုပ်ထားတဲ့အထည်တွေကို လျှော်လို့မရပါဘူး။ အဲဒီလိုအထည်တွေမှာလည်း ကြမ်းပိုးတွေ ကူးနေတတ်ပါတယ်။

အဲဒါကြောင့် လျှော်လို့မရတဲ့အထည်တွေကို ပလက်စတစ်အိတ်တစ်လုံးထဲမှာ လုံနေအောင် ပိတ်လိုက်ပြီး အအေးခန်းထဲမှာ သုညဒီဂရီဖာရင်ဟိုက်နဲ့ ၄ ရက်ကြာအအေးခံလိုက်ပါ။ ဒီနည်းကို အခြားလျှော်လို့ရတဲ့ အထည်တွေအတွက်လည်း သုံးလို့ရပါတယ်။

၄။ လေစုပ်စက်ကို အသုံးပြုပါ။

အိပ်ရာပေါ်မှာ ကျန်ခဲ့တဲ့ကြမ်းပိုးတွေ၊ ကြမ်းပိုးဥတွေကို ဖယ်ရှားဖို့ လေစုပ်စက်ကို အသုံးပြုပါ။ ကုတင်နဲ့ မွေ့ရာပေါ်မှာလည်း ကြမ်းပိုးတွေက ကပ်နေနိုင်ပါတယ်သေးတယ်။ လေစုပ်စက်ကို ပြင်းပြင်းထန်ထန် အသုံးမပြုဖို့တော့ သတိထားသင့်ပါတယ်။

၅။ ရေနွေးငွေ့ပေးပါ။

လေစုပ်စက်နဲ့ စုပ်ထုတ်လို့ပြီးတဲ့နောက်မှာတော့ မွေ့ရာနဲ့ ကုတင်ပေါ်ကို ရေနွေးငွေ့ပေးပါ။ အဲဒီအခါ ပုန်းနေတဲ့ ကြမ်းပိုးတွေ၊ ကျန်နေတဲ့ကြမ်းပိုးတွေလည်း ထွက်လာပါတယ်။ ကြမ်းပိုးဥတွေလည်း အပူဒဏ်ကို မခံနိုင်ကြပါဘူး။ ရေနွေးငွေ့ပေးတာက ကြမ်းပိုးကို ဖယ်ရှားဖို့ အရမ်းကို အသုံးဝင်ပါတယ်။

၆။ ရှာလကာရည်

ရှာလကာရည်က အိမ်မှာ နေရာတော်တော်များများအတွက် အသုံးဝင်ပါတယ်။ ရှာလကာရည်က ပိုးမွှားတွေရဲ့ အာရုံကြောစနစ်ကို ထိခိုက်စေတာပါ။ ရှာလကာရည်ကို ဘူးတစ်ခုထဲမှာထည့်ပြီး ကြမ်းပိုးရှိတဲ့နေရာတွေမှာ လိုက်ဖမ်းပါ။ အိပ်ရာပေါ်ကို ဖျန်းလို့လည်းရပါတယ်။ ခန်းဆီး၊ လိုက်ကာ၊ ပိတ်စတွေကိုလည်း ရှာကာရည်နဲ့ စိမ်လို့ရပါတယ်။

၇။ ဆီလီကာဂျယ်လ်

ဆီလီကာဂျယ်လ်လေးတွေကလည်း ကြမ်းပိုးကို နှိမ်နင်းရာမှာ အသုံးဝင်ပါတယ်။ ကြမ်းပိုးတွေဆီက အရည်တွေကို ဆီလီကာဂျယ်တွေက စုပ်ယူပါတယ်။ အဲဒီအခါ ကြမ်းပိုးတွေက ရေဓာတ်ခန်းခြောက်ပြီး ကြာကြာအသက်မရှင်တော့ပါဘူး။

Zombie (lovemedia)

Post a Comment

0 Comments