နှိုးစက်နဲ့ အိပ်ရာထတာက အရမ်းကို အဆင်ပြေစေပါတယ်။ အိပ်ရာထနောက်ကျမှာကိုလည်း စိတ်ပူစရာမလိုတော့ပါဘူး။ ဒါပေမယ့် နှိုးစက်က အိပ်စက်မှုစက်ဝန်းကို အနှောင့်အယှက်ဖြစ်စေပါတယ်။ နှိုးစက်မလိုဘဲ သဘာဝအတိုင်း အချိန်မှန် အိပ်ရာနိုးလာစေမယ့်နည်းလမ်းလည်း ရှိပါတယ်။
၁။ အချိန်မှန် အိပ်ရာဝင်ပါ။
ညနက်တဲ့အထိ မအိပ်ဘဲနေတာ၊ ပိတ်ရက်တွေမှာ အချိန်အကြာကြီးအိပ်တဲ့အခါ မနက်လည်း အချိန်မှန်မနိုးတော့ပါဘူး။ အဲဒါကြောင့် မနက်တိုင်း အချိန်မှန်နိုးလာဖို့ဆိုရင် ပိတ်ရက်တွေမှာတောင် ညနက်တဲ့အထိ မနေဘဲ အချိန်မှန်အိပ်ပါ။ ရက်သတ္တပတ် အနည်းငယ်အကြာမှာတော့ မနက်တိုင်း နိုးစက်မလိုဘဲ အချိန်မှန် နိုးလာပါတယ်။
၂။ မအိပ်ခင် မလုပ်သင့်တဲ့အရာများ
- အချိန်မှန်ထပြီး အချိန်မှန်အိပ်ပါ။
- အိပ်ခါနီးမှာ ဖုန်း၊ ကွန်ပျူတာ၊ လက်ပ်တော့နဲ့ ဒီဂျစ်တယ်ပစ္စည်းတွေ အသုံးပြုတာကို လျှော့ချပါ။ ဆိုရှယ်မီဒီယာတွေအသုံးပြုတဲ့အခါ အချိန်က ကြာမှန်းမသိ ကြာသွားတတ်ပါတယ်။ မအိပ်ခင်တစ်နာရီအလိုလောက်ကတည်းက ဖုန်းသုံးတာကို ရပ်သင့်ပါတယ်။
- မအိပ်ခင် ၃ နာရီအလိုလောက်ကတည်းက ညစာကို စားထားသင့်ပါတယ်။ ညဘက်မှာ ကာဖိန်းဓာတ်ပါတဲ့အစားအစာတွေ၊ ယမကာတွေသောက်တာကို လျှော့ချပါ။
- မွေ့ရာနဲ့ ခေါင်းအုံးကို သက်တောင့်သက်သာဖြစ်အောင် ရွေးချယ်ပါ။
၃။ သဘာဝအလင်းရောင်နဲ့ နိုးထပါ။
ခန်းဆီးနဲ့ လိုက်ကာတွေကြားက တိုးဝင်လာတဲ့အလင်းရောင်ကလည်း သင့်အတွက် သဘာဝနှိုးစက်ပါပဲ။ နေရောင်ခြည်က သင့်အခန်းထဲကို ဝင်လာတာနဲ့ အလိုအလျောက် နိုးလာတတ်ပါတယ်။ အချိန်မှန်နိုးတဲ့အခါ ဆောင်းရာသီမှာ နေထွက်နောက်ကျရင်တောင် အိပ်ရာထနောက်မကျတော့ပါဘူး။
၄။ မနက်ခင်းလုပ်နေကျအလုပ်များ
မနက်ခင်းတိုင်း အချိန်မှန်နိုးစေဖို့အတွက် နောက်တစ်နည်းကတော့ ကိုယ်လက်လှုပ်ရှားတာပါ။ မနက်ခင်းပိုင်းမှာ တက်တက်ကြွကြွနေပြီး ကော်ဖီသောက်တာ၊ လမ်းလျှောက်ထွက်တာ၊ အားကစားလုပ်တာတွေက ခန္ဓာကိုယ်ထဲက သဘာဝနာရီကို အချိန်မှန်နိုးစေဖို့ လှုံ့ဆော်ပေးပါတယ်။
Zombie (lovemedia)
0 Comments