မနက်စာအဖြစ် မစားသင့်တဲ့ အစားအစာ (၆) မျိုး

မနက်စာက တစ်နေ့တာလုံးအတွက် အရေးအကြီးဆုံး အစားအစာပါ။ မနက်စာကို စားလိုက်ရင် အချိန်အတော်ကြာ အားအင်တွေ ပြည့်နေစေပါတယ်။

အိပ်ရာထပြီး မနက်စာစားမယ်ဆိုရင် အစာအိမ်ထဲမှာ ဘာမှမရှိနေတတ်ပါဘူး။ အချို့အစားအစာတွေကို မနက်စာမှာ ထည့်သွင်းစားတဲ့အခါ အစာအိမ်ကျန်းမာရေးကို ထိခိုက်စေပါတယ်။

အချဉ်များသော အစားအစာများ

အချဉ်များတဲ့ အစားအစာတွေက ကျန်းမာရေးအတွက် အကျိုးပြုပါတယ်။ ဒါပေမယ့် စားဖို့ သင့်တော်တဲ့အချိန်မှာ စားမှသာ ကျန်းမာရေးအတွက် အကျိုးပြုတာပါ။

ဗိုက်ဆာနေတဲ့အခါမှာ ချဉ်တဲ့အစားအစာတွေကို စားလိုက်ရင် အစာအိမ်ထဲမှာ အက်စစ်ထုတ်လုပ်မှုတွေ များလာပြီး ဗိုက်စူးအောင့်တာမျိုး ဖြစ်စေပါတယ်။ အဲဒါကြောင့် မနက်စာမှာ ချဉ်တဲ့အစားအစာတွေဖြစ်တဲ့ လိမ္မော်သီး၊ သံပုရာသီး၊ မာလကာသီးတွေကို မစားသင့်ပါဘူး။

ဒိန်ချဉ်

ဒိန်ချဉ်က အက်စစ်ပါဝင်တဲ့ နို့ထွက်ပစ္စည်းပါ။ ဒိန်ချဉ်မှာ အက်စစ်ပါဝင်မှု များတာကြောင့် မနက်စာမှာ စားလိုက်ရင် အစာအိမ်က hydrocholoric အက်စစ်တွေ ပိုထွက်လာပြီး အစာအိမ်အချဉ်ပေါက်စေပါတယ်။

ကော်ဖီ

ကော်ဖီကို မနက်ခင်းမှာသောက်လိုက်ရင် တစ်နေ့တာလုံး လန်းဆန်းသွားသလိုခံစားရစေပါတယ်။ ဒါပေမယ့် ကော်ဖီကို မနက်ပိုင်းမှာ သောက်ရင် အစာချေဖျက်မှုကို အနှောင့်အယှက်ပေးပါတယ်။ အဲဒါကြောင့် မနက်ခင်းအတွက် ကော်ဖီမသောက်ခင်မှာ တစ်ခုခုစားသင့်ပါတယ်။

ငှက်ပျောသီး

ငှက်ပျောသီးကို မနက်ပိုင်းမှာစားရင် သွေးထဲမှာ မဂ္ဂနီဆီယမ်တွေ ပိုတိုးလာပါတယ်။ အဲဒီကနေ အစာချေဖျက်မှုအတွက် အခက်အခဲဖြစ်စေပါတယ်။ နှလုံးကျန်းမာရေးကိုလည်း ဆိုးကျိုးစေပါသေးတယ်။ မနက်စာအတွက် ငှက်ပျောသီးကို အုတ်ဂျုံမှုန့်၊ အခြားအစားအစာတွေနဲ့သာ တွဲစားသင့်ပါတယ်။

Cereal

Cereal က လူကြိုက်များတဲ့ အစားအစာတစ်ခုပါ။ ဒါပေမယ့် Cereal အများစုကတော့ ကျန်းမာရေးအတွက် မကောင်းပါဘူး။ Cereal မှာ သကြားတွေ အများကြီးပါဝင်တာကြောင့် အဝလွန်တာ၊ နှလုံးသွေးကြောနဲ့ ပတ်သက်တဲ့ရောဂါ၊ ဆီးချိုရောဂါတို့ ဖြစ်စေပါတယ်။

လိမ္မော်ရည်

လိမ္မော်ရည်မှာ အက်စစ်ပါဝင်မှု များရုံသာမက သကြားပါဝင်မှုလည်း များနေပါသေးတယ်။ မနက်စာအတွက် အသင့်သောက်လိမ္မော်ရည်ကို မသောက်သင့်သလို လတ်လတ်ဆတ်ဆတ်ညှစ်သောက်တဲ့ လိမ္မော်ရည်ကိုလည်း မသောက်သင့်ပါဘူး။

Zombie (lovemedia)

Post a Comment

0 Comments