တံတားပေါ်က ဆိတ်နှစ်ကောင်

တခါက ရွာတရွာက တံတားပေါ်ကို ဆိတ်နှစ်ကောင်ဟာ ဖြတ်သန်းဖို့ ရောက်လာသတဲ့။ တကောင်က တဖက်မှာ ဖြစ်ပြီး နောက်တကောင်ကတော့ တံတားရဲ့ အခြား တဘက်က နေရင်း လမ်းလျှောက်လာ ကြတာပေါ့။

အဲဒီ အချိန်မှာ ပထမဆိတ်က ဒုတိယဆိတ်ကို ပြောလိုက်ပါတယ်။ "ငါ တံတားပေါ်က အရင် ဖြတ်သွားမယ်။ မင်း အဲဒီဘက် မှာပဲ နေဦး"

ဒါကို ဒုတိယဆိတ်က လက်မခံပါဘူး။ "ဟင့်အင်း ငါပဲ အရင် ဖြတ်မယ်။ မင်းသာ မင်းဘက်မှာ ရပ်နေပါ" ပထမဆိတ် ကလည်း ဒေါသ ထွက်ပြီး ပြန်ပြော ပါတယ်။ "အို ငါသာ အရင် သွားသင့်တာ။ မင်း နောက်ဆုတ် လိုက်ပါ"

ဒုတိယဆိတ် ကလည်း လက်မခံ ပြန်ပါဘူး။ "အဓိပ္ပါယ် မရှိတာ ဘာလို့ မင်းက အရင် သွားရမှာလဲ။ ငါသာ အရင် သွားမယ်"

အဲဒီလို အပြန်အလှန် ငြင်းခုံရင်း လမ်းလျှောက် လာကြတာ တံတားရဲ့ တဝက်လောက်မှာ မျက်နှာချင်းဆိုင် တွေ့ကြပါတော့တယ်။ ထိုအချိန်မှာ ငြင်းခုံရင်း ဆိတ်နှစ်ကောင်က ရန်ဖြစ်ကြ ပါတော့တယ်။

သူအရင် ငါအရင်နဲ့ ငြင်းရင်း တကောင်နဲ့ တကောင် တိုက်ခိုက်ကြ ပါတော့တယ်။ နောက်ဆုံးမှာတော့ ဆိတ်နှစ်ကောင် စလုံး တံတားပေါ် ကနေ ရေထဲကို ပြုတ်ကျသွား ပါတော့တယ်။

ဒီအကြောင်းအရာလေး ကတော့ အမြဲ ရန်ဖြစ်၊ စကားနိုင် လုနေမယ် ဆိုရင် နှစ်ဖက်လုံး အကျိုးမရှိဘဲ ဒုက္ခ ရောက်တတ်ကြောင်းကို သင်ခန်းစာ ပေးထားတာ ဖြစ်ပါတယ်။ Crd

Zawgyi

တံတားေပၚက ဆိတ္ႏွစ္ေကာင္

တခါက ႐ြာတ႐ြာက တံတားေပၚကို ဆိတ္ႏွစ္ေကာင္ဟာ ျဖတ္သန္းဖို႔ ေရာက္လာသတဲ့။ တေကာင္က တဖက္မွာ ျဖစ္ၿပီး ေနာက္တေကာင္ကေတာ့ တံတားရဲ႕ အျခား တဘက္က ေနရင္း လမ္းေလွ်ာက္လာ ၾကတာေပါ့။

အဲဒီ အခ်ိန္မွာ ပထမဆိတ္က ဒုတိယဆိတ္ကို ေျပာလိုက္ပါတယ္။ "ငါ တံတားေပၚက အရင္ ျဖတ္သြားမယ္။ မင္း အဲဒီဘက္ မွာပဲ ေနဦး"

ဒါကို ဒုတိယဆိတ္က လက္မခံပါဘူး။ "ဟင့္အင္း ငါပဲ အရင္ ျဖတ္မယ္။ မင္းသာ မင္းဘက္မွာ ရပ္ေနပါ" ပထမဆိတ္ ကလည္း ေဒါသ ထြက္ၿပီး ျပန္ေျပာ ပါတယ္။ "အို ငါသာ အရင္ သြားသင့္တာ။ မင္း ေနာက္ဆုတ္ လိုက္ပါ"

ဒုတိယဆိတ္ ကလည္း လက္မခံ ျပန္ပါဘူး။ "အဓိပၸါယ္ မရွိတာ ဘာလို႔ မင္းက အရင္ သြားရမွာလဲ။ ငါသာ အရင္ သြားမယ္"

အဲဒီလို အျပန္အလွန္ ျငင္းခုံရင္း လမ္းေလွ်ာက္ လာၾကတာ တံတားရဲ႕ တဝက္ေလာက္မွာ မ်က္ႏွာခ်င္းဆိုင္ ေတြ့ၾကပါေတာ့တယ္။ ထိုအခ်ိန္မွာ ျငင္းခုံရင္း ဆိတ္ႏွစ္ေကာင္က ရန္ျဖစ္ၾက ပါေတာ့တယ္။

သူအရင္ ငါအရင္နဲ႔ ျငင္းရင္း တေကာင္နဲ႔ တေကာင္ တိုက္ခိုက္ၾက ပါေတာ့တယ္။ ေနာက္ဆုံးမွာေတာ့ ဆိတ္ႏွစ္ေကာင္ စလုံး တံတားေပၚ ကေန ေရထဲကို ျပဳတ္က်သြား ပါေတာ့တယ္။

ဒီအေၾကာင္းအရာေလး ကေတာ့ အၿမဲ ရန္ျဖစ္၊ စကားႏိုင္ လုေနမယ္ ဆိုရင္ ႏွစ္ဖက္လုံး အက်ိဳးမရွိဘဲ ဒုကၡ ေရာက္တတ္ေၾကာင္းကို သင္ခန္းစာ ေပးထားတာ ျဖစ္ပါတယ္။ Crd

Post a Comment

0 Comments