တခါတုန်းက သူငယ်ချင်း နှစ်ယောက် တောကြီးမျက်မည်းထဲမှာ လှည့်လည် သွားလာနေတုန်း ဗြုန်းဆို ခပ်လှမ်းလှမ်းမှာ လာနေတဲ့ ဝက်ဝံကြီး တကောင်ကို တွေ့လိုက်ရသတဲ့။
တယောက်ဟာ ချက်ချင်း ဆိုသလို ဝုန်းကနဲ ထွက်ပြေးသွားပြီး နီးစပ်ရာ အပင်ပေါ်ကို တွယ်တက် သွားတယ်။
နောက်တယောက်ကတော့ ဘာလုပ်ရမှန်း မသိဘဲ ဝက်ဝံကြီး လာရာ လမ်းကြောင်း တည့်တည့်မှာ ထီးတည်းကြီး ကျန်နေခဲ့တာပေါ့။
ကြံရာမရတဲ့ အဆုံး သူဟာ မြေကြီးပေါ် လှဲချလိုက်ပြီး အသေကောင်လို ဟန်ဆောင်နေ လိုက်တယ်။ ဝက်ဝံကြီးဟာ သူ့လမ်းကြောင်း အတိုင်း လျှောက်လာပြီး လမ်းပေါ်မှာ လဲနေတဲ့ သူ့အနား ရောက်လာတဲ့ အခါ ရပ်လိုက်တယ်။
ပြီးတော့ သူ့ရဲ့ မျက်နှာနား ကပ်ပြီး အနံ့ခံ လိုက်သတဲ့။ အောက်ကလူ ကတော့ အသက်ရှူ ရပ်မတတ်ကို ကြောက်လန့် နေရှာတော့ တာပေါ့။
အသက် မရှူတဲ့ သူ့ကို တွေ့တဲ့ ဝက်ဝံကြီးဟာ အသေကောင်လို့ ထင်ပြီး အနားက ထွက်ခွာသွားတော့တယ်။
ဝက်ဝံကြီး ပြန်သွားတဲ့အခါ အပင်ပေါ်က လူဟာ အောက်ကို ပြန်ဆင်းလာတယ်။ ပြီးတော့ အသက် ထွက်မတတ် ကြောက်ရွံ့နေရှာတဲ့ သူ့သူငယ်ချင်းကို ကြည့်ပြီး ခွက်ထိုးခွက်လန် ရယ်တော့တယ်။
ရယ်နေရင်းနဲ့ပဲ "ဝက်ဝံကြီးက မင်းမျက်နှာနား ကပ်ပြီး ဘာပြောသွားတာလဲကွ" လို့ မေးလိုက်တယ်။ အဲဒီအခါ မြေကြီးပေါ်မှာ လဲနေတဲ့ သူဟာ ပြန်ထလာပြီး
"အေး ဒုက္ခ တစုံတရာနဲ့ တွေ့တဲ့ အချိန်မှာ အနားက ထွက်ပြေး ရှောင်ပုန်းသွားတဲ့ သူဟာ မပေါင်းအပ်တဲ့ မိတ်ဆွေပဲ လို့ ပြောသွားတယ်" ဟု ပြန်ဖြေလိုက် ပါတော့တယ်။ (လီယိုတော်စတွိုင်း)
အဆင်ပြေနေတဲ့ အချိန် ဘာအသံမှ မကြား၊ အခက် အခဲဖြစ်မှ ကိုယ့်ကို သတိရ အကူအညီတောင်း၊ ကိုယ်က အကူအညီ လိုတဲ့ အခါ ရှောင်ပြေးတတ်တဲ့ သူတွေနဲ့ မိတ်ဆွေ မပြုလုပ် ပါနဲ့။ Crd
0 Comments