အလုပ် ကြိုးစားတိုင်း ချမ်းသာမှာလား

တခါက အဘိုးကြီး တယောက်ဟာ စိတ်ညစ်နေတဲ့ လူငယ်တယောက်ကို တွေ့တော့ မေးလိုက်ပါတယ်။ "သားငယ်လေး မင်းဘာတွေ တွေးပြီး စိတ်ညစ် နေတာလဲကွ" လို့ အဘိုးကြီးက ဘေးမှာ ဝင်ထိုင်ရင်း မေးလိုက်တယ်။

လူငယ်က "ကျနော်ဗျာ အခုထိ မချမ်းသာနိုင် သေးလို့ ကိုယ့်ကိုယ်ကို စိတ်ပျက်နေတာ" လို့ပြောတော့ အဘိုးကြီးက မျက်လုံးပြူးသွားကာ "ဟေ မင်းက ချမ်းသာချင်လို့လား"

လူငယ်က ကသိကအောက် ဖြစ်သွားကာ "ဦးလေးကလဲဗျာ မချမ်းသာချင်တဲ့သူ ဘယ်သူ ရှိလို့တုန်း။ လူတိုင်း ချမ်းသာချင် ကြတာပဲဗျ"

"အေးပါ ဟုတ်ပါပြီ။ ဒါနဲ့ မင်း ချမ်းသာချင်တော့ အခု ဘာတွေ လုပ်နေတုန်း"

"ကျနော် အခု Company တခုမှာ ဝန်ထမ်းလုပ်နေတာ ၁၀ နှစ် ကျော်ပြီ။ အလုပ်လဲ ကြိုးစားတာပဲဗျာ၊ အခုထိ မချမ်းသာသေးဘူး" အဘိုးကြီးက တချက် ပြုံးသွားကာ "မင်းအခု ဘယ်သူ့ အတွက် အလုပ် လုပ်နေတာလဲ"

"Company မှာ လုပ်တာ ဆိုတော့ Company တိုးတက်ဖို့ အတွက်ပေါ့ ဗျ"

"မင်းက မင်းအတွက် လုပ်တာမှ မဟုတ်တာ မင်း Company အတွက် လုပ်တာပဲဟာ မင်းချမ်းသာမလား Company ပဲ ချမ်းသာသွားမှာပေါ့။ ဒါနဲ့ နေပါအုံး မင်းတနာရီ ဘယ်လောက်နဲ့ အလုပ် လုပ်နေတုန်း

"ကျွန်နော် တနာရီ ၁၅၀၀ ရတယ်"

"ဒါဆို မင်းတနေ့မှာ ဘယ်နှနာရီ အလုပ် လုပ်တုန်းကွာ"

"၁၀ နာရီလောက် အလုပ် လုပ်ပါတယ်"

"ဟုတ်ပြီ အဲ့ဒါဆိုရင် မင်းတရက် ၃၀၀၀၀ ရချင်ရင် နာရီ ၂၀ အလုပ် လုပ်မှာလား"

လူငယ်က အဖိုးကြီး ပြောလိုက်တာကို စဉ်းစားသွားရင်း အဖိုးကြီးက ဆက်ပြောတယ်။ "မင်း နာရီ ၂၀ အလုပ် လုပ်လို့ ရတဲ့ ဝင်ငွေ အတိုင်းအတာကို တချို့လူတွေက ၁ နာရီထဲနဲ့ ရနေကြ တာကော မင်းဘာလို့လဲ မစဉ်းစားမိဘူးလား။

အလုပ် လုပ်နေရုံ၊ အလုပ်ကြိုးစား နေရုံနဲ့ မချမ်းသာလာ နိုင်ဘူးကလေး ရွေးချယ်မှု မှန်ကန်ဖို့၊ အသိဉာဏ်ရှိဖို့၊ နည်းစနစ် ကျဖို့တွေ လိုတယ်"

အဖိုးကြီး ပြောပုံအတိုင်း ဆိုရင် ကျွန်တော်တို့ အလုပ် ကြိုးစားလုပ်နေရုံနဲ့ မရပါဘူး။ ရွေးချယ်မှု မှန်ကန်လာအောင် ဘယ်လိုတွေ လုပ်ရမလဲ၊ ချမ်းသာလာအောင် ဘယ်လို အသိဉာဏ်တွေ ရှိဖို့ လိုအပ်မလဲ၊ နည်းစနစ်ကျစွာ ဘယ်လိုတွေ အကောင်ထည်ဖော် ငွေရှာကြမလဲ ဆိုတာတွေ လိုအပ်လာပါတယ်။

ဒါ့ကြောင့် အလုပ်ကြီးပဲ ဖိလုပ်၊ ကြိုးစား ငွေရှာနေကြမယ့် အစား ဘယ်လိုတွေ လုပ်သင့်တယ်၊ ဘယ်လိုတွေက ပိုပြီး အခွင့်လမ်းတွေ ရှိမယ်လို့ ရွေးချယ် ဆုံးဖြတ်ဖို့တွေ လိုအပ်နေတယ် ဆိုတာ ငြင်းစရာတောင် မလိုပါဘူး။

ဒါ့ကြောင့် ကိုယ်ဘာတွေ ဆက်လုပ်သင့်တယ်၊ ဘာတွေ ဆက်လုပ်ရမယ် ဆိုတာကို အရင်ဆုံး ရှာဖွေပြီး ရွေးချယ်မှု မှန်ကန်ကြပါစေလို့ ဆန္ဒမွန်ပြုရင်း။ Crd

Post a Comment

0 Comments