ဒါကြောင့်လည်း ချမ်းသာတာကိုး

တနေ့မှာ လူတယောက်ဟာ နယူးယောက်မြို့က ဘဏ်တခုထဲကို ဝင်လာပြီး ဘဏ်မန်နေဂျာကို ခရီးသွားဖို့ အရေးတကြီး ငွေလိုနေလို့ ဒေါ်လာ ၅၀၀၀ ကို နှစ်ပတ်လောက် ချေးချင်တယ်လို့ ပြောလိုက်တယ်။

မန်နေဂျာက သူ့ကို သူတို့ဘဏ်မှာ ငွေစာရင်း မဖွင့်ထားလို့ ငွေချေးချင်ရင် အပေါင်ပစ္စည်း ထားဖို့ လိုတယ်လို့ ပြောလိုက်တယ်။

အဲဒီလူက ဘဏ်ရှေ့မှာ ရပ်ထားတဲ့ သူစီးလာတဲ့ ဖယ်ရာရီ ပြိုင်ကား အနီလေးကို လက်ညိုး ထိုးပြပြီး သူက မန်နေဂျာကို ပြောလိုက်တယ် ။

"အဲဒါ ငါ့ကားပဲ။ အဲဒီကားကို ငါ အပေါင် ထားခဲ့မယ်။ ကားကို မထိခိုက်အောင်တော့ ဂရုစိုက် ပေါ့ကွာ။ ရော့ ဒီမှာ ကားသော့ ယူထားပါ"

ဖယ်ရာရီ ကားတစီးရဲ့ တန်ဖိုးဟာ အနည်းဆုံး ဒေါ်လာ တသိန်းလောက် တန်တာမို့ ဘဏ်မန်နေဂျာလည်း ကျေကျေနပ်နပ်နဲ့ သူ့ကို ဒေါ်လာ ၅၀၀၀ ထုတ်ချေးပေး လိုက်တယ်။

အဲဒီလူဟာ သူ့ကားကို ဘဏ်မှာ ထားခဲ့ပြီး တခြားမြို့ကို လေယဉ်နဲ့ ခရီးထွက် သွားတယ်။ နှစ်ပတ်အကြာမှာ နယူးယောက်မြို့ကို ပြန်ရောက်လာတယ်။

သူဟာ ဘဏ်ကို ရောက်လာပြီး ချေးငွေ ဒေါ်လာ ၅၀၀၀ ကို ပြန်လာဆပ်တယ်။ နှစ်ပတ်စာ အတိုးအတွက် ဒေါ်လာ ၂၀ ပေးလိုက်တယ်။

ဘဏ်မန်နေဂျာက သူ့ကို သူ့ဖယ်ရာရီ ကားသော့ကို ပြန်ပေးရင်း ခုလို မေးလိုက်ပါတယ်။ "ဆရာခင်မျာ၊ ဆရာ ထွက်သွားပြီးတော့ ကျွန်တော်တို့ ဘဏ်က ဆရာ့အကြောင်းကို စုံစမ်း ကြည့်တယ်။

ဆရာဟာ မီလျံနာ သူဌေးတယောက် ဖြစ်နေတယ် ဆိုတာကို သိလိုက်ရတယ်။ ဆရာဟာ ချမ်းသာသူ တယောက် ဖြစ်နေလျက်နဲ့ ကျွန်တော်တို့ ဆီက ဒေါ်လာ ၅၀၀၀ ချေးရတာလဲ ဆိုတာကို ကျွန်တော် သိချင်လို့ ပြောပြနိုင်ရင် ပြောပြပေးပါလား"

ဖယ်ရာရီ ကားပိုင်ရှင်က ခုလို ပြန်ပြောလိုက်တယ်။ "ဒေါ်လာ ၂၀ နဲ့ နှစ်ပတ်ကြာအောင် ငါ့ကားကို စိတ်ချ လက်ချ ပါကင် ထိုးလို့ရတာ ဘယ်မှာရှိလဲကွ" တဲ့။

သူဟာ ပိုက်ဆံကုန် သက်သာအောင် ဘယ်လို လုပ်ရမယ် ဆိုတာကို သိလို့ ချမ်းသာနေတာကိုး။ Crd

Post a Comment

0 Comments