အားနည်းချက်ကို မလှောင်ပါနဲ့

မိန်းမ ဝဝကြီးလို့ သင်ခေါ်တဲ့ ကောင်မလေးက နေ့တိုင်း ပိန်ဆေးတွေ သောက်နေရပြီး မျက်ရည်တွေနဲ့ လေ့ကျင့်ခန်း ဆင်းနေတာ သင်မသိပါဘူး။

ရုပ်ဆိုးလိုက်တာလို့ သင်ရယ်မော ခဲ့တဲ့ ကောင်မလေးက သူ့ကို လူတွေ နှစ်သက်ပါစေ ဆိုတဲ့ မျှော်လင့်ချက်နဲ့ နာရီပေါင်း များစွာ သူ့မျက်နှာပေါ် မိတ်ကပ်တွေ ခြယ်သ နေရတာ သင်မသိပါဘူး။

လေလွင့်နေတယ်လို့ သင် သတ်မှတ်ထားတဲ့ ကောင်လေးက အိမ်အတွက် မဖြစ်မနေ စီးပွား လိုက်ရှာနေ ရတဲ့ လူတယောက် ဖြစ်တယ် ဆိုတာ သင်မသိပါဘူး။

မျက်နှာမှာ အမာရွတ်တွေ နဲ့လို့ သင်မျက်နှာရှုံ့ခဲ့တဲ့ လူတယောက်ဟာ တိုင်းပြည်အတွက် အသက်စွန့် တိုက်ခိုက်နေရတဲ့ လူတယောက်မှန်း သင်မသိပါဘူး။

အသက် ဆယ့်လေးနှစ် အရွယ် ကောင်မလေးတယောက် ကလေးအမေ ဖြစ်နေတာကို "တော်တော် တဏှာကြီးတာပဲ" လို့ သင်ပြောခဲ့ပေမယ့် သူ ဆယ့်သုံးနှစ် အရွယ်တုန်းက အဓမ္မ ကျင့်ခံခဲ့ရတာ သင်မသိပါဘူး။

သင်နဲ့ ရွယ်တူ ကောင်လေးတယောက် ငိုနေတာကို တွေ့တဲ့အခါ သင် ရယ်မောနိုင် ပေမယ့် သူ့ရဲ့ မိခင် လတ်တလော ဆုံးပါးသွားတာကို သင်မသိပါဘူး။

လူတိုင်း လူတိုင်းမှာ နာကျင်မှု အတိမ်အနက် ဆိုတာ ရှိကြပါတယ်။ လူတိုင်း လူတိုင်းမှာ ဝမ်းနည်းစရာ ငိုကြွေးစရာ အကြောင်းတွေ ရှိကြပါတယ်။

ဒါကြောင့် သင်ပေါ့ပေါ့ပါးပါး ရယ်မောလိုက်ဖို့ တခု အတွက်နဲ့ လူတဖက်သားရဲ့ နာကျင်စရာ အားနည်းချက်ကို ဘယ်တော့မှ ချ မနင်းမိ ပါစေနဲ့။ သက်တန့်ချို

Zawgyi

အားနည္းခ်က္ကို မေလွာင္ပါနဲ့

မိန္းမ ဝဝႀကီးလို႔ သင္ေခၚတဲ့ ေကာင္မေလးက ေန႔တိုင္း ပိန္ေဆးေတြ ေသာက္ေနရၿပီး မ်က္ရည္ေတြနဲ႔ ေလ့က်င့္ခန္း ဆင္းေနတာ သင္မသိပါဘူး။

႐ုပ္ဆိုးလိုက္တာလို႔ သင္ရယ္ေမာ ခဲ့တဲ့ ေကာင္မေလးက သူ႔ကို လူေတြ ႏွစ္သက္ပါေစ ဆိုတဲ့ ေမွ်ာ္လင့္ခ်က္နဲ႔ နာရီေပါင္း မ်ားစြာ သူ႔မ်က္ႏွာေပၚ မိတ္ကပ္ေတြ ျခယ္သ ေနရတာ သင္မသိပါဘူး။

ေလလြင့္ေနတယ္လို႔ သင္ သတ္မွတ္ထားတဲ့ ေကာင္ေလးက အိမ္အတြက္ မျဖစ္မေန စီးပြား လိုက္ရွာေန ရတဲ့ လူတေယာက္ ျဖစ္တယ္ ဆိုတာ သင္မသိပါဘူး။

မ်က္ႏွာမွာ အမာ႐ြတ္ေတြ နဲ႔လို႔ သင္မ်က္ႏွာရႈံ႕ခဲ့တဲ့ လူတေယာက္ဟာ တိုင္းျပည္အတြက္ အသက္စြန႔္ တိုက္ခိုက္ေနရတဲ့ လူတေယာက္မွန္း သင္မသိပါဘူး။

အသက္ ဆယ့္ေလးႏွစ္ အ႐ြယ္ ေကာင္မေလးတေယာက္ ကေလးအေမ ျဖစ္ေနတာကို "ေတာ္ေတာ္ တဏွာႀကီးတာပဲ" လို႔ သင္ေျပာခဲ့ေပမယ့္ သူ ဆယ့္သုံးႏွစ္ အ႐ြယ္တုန္းက အဓမၼ က်င့္ခံခဲ့ရတာ သင္မသိပါဘူး။

သင္နဲ႔ ႐ြယ္တူ ေကာင္ေလးတေယာက္ ငိုေနတာကို ေတြ႕တဲ့အခါ သင္ ရယ္ေမာႏိုင္ ေပမယ့္ သူ႔ရဲ႕ မိခင္ လတ္တေလာ ဆုံးပါးသြားတာကို သင္မသိပါဘူး။

လူတိုင္း လူတိုင္းမွာ နာက်င္မႈ အတိမ္အနက္ ဆိုတာ ရွိၾကပါတယ္။ လူတိုင္း လူတိုင္းမွာ ဝမ္းနည္းစရာ ငိုေႂကြးစရာ အေၾကာင္းေတြ ရွိၾကပါတယ္။

ဒါေၾကာင့္ သင္ေပါ့ေပါ့ပါးပါး ရယ္ေမာလိုက္ဖို႔ တခု အတြက္နဲ႔ လူတဖက္သားရဲ႕ နာက်င္စရာ အားနည္းခ်က္ကို ဘယ္ေတာ့မွ ခ် မနင္းမိ ပါေစနဲ႔။ သက္တန႔္ခ်ိဳ

Post a Comment

0 Comments