တောကြွက်နှင့် မြို့ကြွက်

ရှေးတုန်းက မြို့ကြွက် တကောင်ဟာ သူနဲ့ ဆွေမျိုးတော်စပ်သူ ရှိတဲ့ တောရွာကို အလယ်သွားသတဲ့။ ဆွေမျိုးဖြစ်သူက ရိုးသားပွင့်လင်းတယ်။

မြို့က မိတ်ဆွေ ရောက်လာတော့ ခင်ခင်မင်မင် ဝမ်းပမ်းတသာ ဧည့်ခံသတဲ့။ ပဲသီးတို့၊ ဝက်ပေါင်သားတို့၊ ဒိန်ခဲတို့၊ ပေါင်မုန့်တို့နဲ့ အကုန် ချကျွေး သတဲ့။ အဲဒါတွေကိုလည်း ကြည်ဖြူ ပျုငှာစွာ ကျွေးတာပဲ ဖြစ်တယ်။

မြို့ကြွက်က နှစ်ခေါင်းရှည်ရှည်ကို ရှုံ့လိုက်ပြီး အစားအစာကို ကြည့်ရင်း ဆိုတာက "အဆွေရယ်၊ ငါနားမလည် နိုင်လောက်အောင် ပါပဲ။ ဒီလို အစားအသောက် တွေနဲ့ မင်းဘယ်လို နေနိုင်သလဲ။

ဒါပေမယ့် တောဆိုတော့လည်း စားကောင်းသောက်ဖွယ်တွေ ဘယ်ရှိမလဲ လေ။ ငါနဲ့ မြို့မှာ လိုက်နေပါလားကွာ။ မြို့မှာ တပတ်လောက် နေပြီးတဲ့ အခါ တောမှာလို နုံနုံချာချာ နေရတဲ့ ဘဝမှာ အမြဲမနေဖို့ မင်းစဉ်းစားတတ် လာလိမ့်မယ်"

ပြောနေ ကြာပါတယ်လေ။ ကြွက်နှစ်ကောင်ဟာ မြို့ကို လာခဲ့ရော၊ ညမိုးချုပ်မှာ မြို့က ကြွက်ရဲ့ အိမ်ဆီ ရောက်လာသတဲ့။ "ခရီးဝေးက လာတာ ဆိုတော့ မင်း အနားယူချင် နေမှာပဲ"

ယဉ်ကျေးသိမ်မွေ့တဲ့ မြို့ကြွက်ဟာ ပြောဆိုရင်း သူ့မိတ်ဆွေကို ခမ်းနားလှတဲ့ ဧည့်ခန်းဆီ ခေါ်သွားသတဲ့။ အထဲ ရောက်တော့ စားကောင်းသောက်ဖွယ် အကျန်တွေ တွေ့ပြီလေ။

မကြာမီ ကြွက်နှစ်ကောင်ဟာ ကျောက်ကျောမုန့်တွေ၊ ကိတ်မုန့် တွေနဲ့ အရသာ ကောင်းပေ့ ဆိုတဲ့ စားဖွယ်ရာ တွေကို စားကြရောတဲ့။

ခဏကြာတော့ သူတို့ဟာ မာန်မဲပြီး ဟောက်သံကို ရုတ်တရက် ကြားလိုက်တဲ့အခါ တောကြွက်က မေးတာပေါ့။

"ဘာပါလိမ့်"

"အိမ်ကခွေး ပေါ့ကွာ"

"ဘယ်နှယ်ကွာ၊ ညစာ စားတုန်း ဒီလို သီချင်းသံမျိုး မကြားချင်ဘူး"

အဲဒီအချိန်မှာပဲ တံခါး ပွင့်သွားပြီး ခွေးဘီလူးကြီး နှစ်ကောင် ဝင်လာလို့ ကြွက်နှစ်ကောင် ခုန်ဆင်းပြေးရ သတဲ့။

အဲဒီ အဖြစ်အပျက်တွေ အပြီးမှာတော့ တောကြွက်က မြို့ကြွက်ကို "ရွာကို ပြန်တော့မယ် မိတ်ဆွေရယ်" လို့ ပြောလိုက်တယ်။ "အလို ရွာပြန်တော့မယ် မြန်လှချီလား"

ထိုအခါ တောကြွက်က "မြန်မြန်ပဲကွာ။ ငါဒီမှာ မနေနိုင်ပါဘူး။ စားကောင်း သောက်ကောင်းတွေကို ခိုးဝှက် စားနေရခြင်းထက် ရိုးရိုး ရှင်းရှင်း အစားအစာကို အေးချမ်းစွာ စားသောက် နေရခြင်းက ပိုကောင်းပါတယ်ကွာ" တဲ့။ Crd

Post a Comment

0 Comments