အိမ်ထောင်ဖက်ကို နားလည်ပေးပါ

ကိုယ့်ယောက်ျား ပိုက်ဆံ ဘယ်လောက်နဲ့ အိမ်ပြန်လာတယ် ဆိုတာကိုပဲ စိတ်မဝင်စားပါနဲ့။ ကိုယ့်ယောက်ျား ဘေးမသီ ရန်မခပဲ ကောင်းမွန်စွာ အိမ်ပြန် ရောက်လာနိုင်တာ ကိုလည်း ကျေးဇူးတင် ဝမ်းသာတတ်ပါစေ။

အိမ်က မိန်းမဟာ အရင်တုန်းကလို နုနယ် ပျိုမြစ်ခြင်းတွေ မရှိတော့တာကို အပြစ်မြင် စိတ်မကုန်ပါနဲ့။ သူမခေတ် သူမအခါ တုန်းက ယောက်ျားအများရဲ့ စိတ်ဝင်စားမှုကို သင်တယောက်နဲ့ လဲလှယ်ခဲ့တဲ့ ကျေးဇူးကို မမေ့လိုက်ပါနဲ့။

သူများယောက်ျားနဲ့ ကိုယ့်ယောက်ျားကို နှိုင်းယှဉ်ပြီး အပြစ် မမြင်မိ ပါစေနဲ့။ မိမိဘုန်းကံ ရှိသလောက်သာ စံစားရတတ်တယ် ဆိုတာ လက်ခံတတ် ပါစေ။

မိမိအမျိုးသမီးကို အိမ်တွင်းပုန်းစေ အိမ်အလုပ်တွေ လုပ်ခိုင်းထားပြီး သူများတွေလို ငွေမရှာတတ်တာ ခေတ်မမီ မဝင်ဆန့်တော့တာကို အပြစ်မမြင်မိ ပါစေနဲ့။

သူမ ရှိနေလို့သာ ဒီအိမ် ဒီမိသားစု အတိုင်းအတာ တခုထိ အဆင်ပြေနေတာ ကိုလည်း အသိအမှတ် ပြုပေးတတ် ပါစေ။

သင်လည်း သင့်အလုပ်မှာ ဖိအားတွေ စိတ်ဖိစီးမှုတွေ အဆင်မပြေမှုတွေ ရှိနေသလို သင့်အိမ်ထောင်ဖက် မှာလည်း သင်မသိတဲ့ အခက်အခဲတွေ သင်မတွေးမိတဲ့ စိတ်ဖိစီးမှု လေးတွေ ရှိနေမယ် ဆိုတာ အပြန်အလှန် ကိုယ်ချင်းစာ နားလည်တတ်ဖို့ လိုပါတယ်။

သင်ဟာလည်း ပြီးပြီးစုံနေသူ မဟုတ်သလို သင့်အိမ်ထောင်ဘက်ရဲ့ အပြစ် အနာအဆာတွေ ကိုလည်း အပြန်အလှန် ဖြည့်တွေးပေးတတ်ကြမယ် ဆိုရင်၊

အချင်းချင်း အပြစ်ဖို့နေ ကြမယ့် အစား ပြဿနာကို အဖြေရှာ အချင်းချင်း ဖေးမကူညီ တတ်ကြမယ်ဆိုရင် ကိုယ့်အတိုင်းအတာနဲ့ကိုယ် အဆင်ပြေ နေပျော်တဲ့ မိသားစု တစု ဖြစ်နေမှာပါ။ Crd

Zawgyi

နားလည္လက္ခံပါ

ကိုယ့္ေယာက္်ား ပိုက္ဆံ ဘယ္ေလာက္နဲ႔ အိမ္ျပန္လာတယ္ ဆိုတာကိုပဲ စိတ္မဝင္စားပါနဲ႔။ ကိုယ့္ေယာက္်ား ေဘးမသီ ရန္မခပဲ ေကာင္းမြန္စြာ အိမ္ျပန္ ေရာက္လာႏိုင္တာ ကိုလည္း ေက်းဇူးတင္ ဝမ္းသာတတ္ပါေစ။

အိမ္က မိန္းမဟာ အရင္တုန္းကလို ႏုနယ္ ပ်ိဳျမစ္ျခင္းေတြ မရွိေတာ့တာကို အျပစ္ျမင္ စိတ္မကုန္ပါနဲ႔။ သူမေခတ္ သူမအခါ တုန္းက ေယာက္်ားအမ်ားရဲ႕ စိတ္ဝင္စားမႈကို သင္တေယာက္နဲ႔ လဲလွယ္ခဲ့တဲ့ ေက်းဇူးကို မေမ့လိုက္ပါနဲ႔။

သူမ်ားေယာက္်ားနဲ႔ ကိုယ့္ေယာက္်ားကို ႏႈိင္းယွဥ္ၿပီး အျပစ္ မျမင္မိ ပါေစနဲ႔။ မိမိဘုန္းကံ ရွိသေလာက္သာ စံစားရတတ္တယ္ ဆိုတာ လက္ခံတတ္ ပါေစ။

မိမိအမ်ိဳးသမီးကို အိမ္တြင္းပုန္းေစ အိမ္အလုပ္ေတြ လုပ္ခိုင္းထားၿပီး သူမ်ားေတြလို ေငြမရွာတတ္တာ ေခတ္မမီ မဝင္ဆန႔္ေတာ့တာကို အျပစ္မျမင္မိ ပါေစနဲ႔။ သူမ ရွိေနလို႔သာ ဒီအိမ္ ဒီမိသားစု အတိုင္းအတာ တခုထိ အဆင္ေျပေနတာ ကိုလည္း အသိအမွတ္ ျပဳေပးတတ္ ပါေစ။

သင္လည္း သင့္အလုပ္မွာ ဖိအားေတြ စိတ္ဖိစီးမႈေတြ အဆင္မေျပမႈေတြ ရွိေနသလို သင့္အိမ္ေထာင္ဖက္ မွာလည္း သင္မသိတဲ့ အခက္အခဲေတြ သင္မေတြးမိတဲ့ စိတ္ဖိစီးမႈ ေလးေတြ ရွိေနမယ္ ဆိုတာ အျပန္အလွန္ ကိုယ္ခ်င္းစာ နားလည္တတ္ဖို႔ လိုပါတယ္။

သင္ဟာလည္း ၿပီးၿပီးစုံေနသူ မဟုတ္သလို သင့္အိမ္ေထာင္ဘက္ရဲ႕ အျပစ္ အနာအဆာေတြ ကိုလည္း အျပန္အလွန္ ျဖည့္ေတြးေပးတတ္ၾကမယ္ ဆိုရင္၊ အခ်င္းခ်င္း အျပစ္ဖို႔ေန ၾကမယ့္ အစား ျပႆနာကို အေျဖရွာ အခ်င္းခ်င္း ေဖးမကူညီ တတ္ၾကမယ္ဆိုရင္ ကိုယ့္အတိုင္းအတာနဲ႔ကိုယ္ အဆင္ေျပ ေနေပ်ာ္တဲ့ မိသားစု တစု ျဖစ္ေနမွာပါ။ Crd

Post a Comment

0 Comments