လင်ငယ်နေတဲ့ မိန်းမတယောက်က တခြား မိန်းမ တယောက်ကို သူစိမ်း ယောကျာ်း တယောက်နဲ့ လမ်းမှာ တွေ့တဲ့အခါ သူ့လင်ငယ်လား မသိဘူး လို့ တွေးတယ်။
ပြည့်တန်ဆာ မိန်းမက တခြားမိန်းမ တယောက်ကို သူစိမ်း ယောကျာ်း တယောက်နဲ့ လမ်းမှာ တွေ့တဲ့အခါ အော်ဒါ ရသွားပြီ လို့ တွေးတယ်။
အတင်းအဖျင်း ပြောတတ်တဲ့ မိန်းမက မိန်းမ တယောက်နဲ့ တခြား တယောက် တခြားအကြောင်း ပြောနေလည်း သူ့အကြောင်း ပြောနေလားလို့ တွေးတယ်။
လူမှုရေးတွေ အရမ်း ရှုပ်ထွေးတတ်တဲ့ မိန်းမက တခြားမိန်းမ တယောက်ကို သူစိမ်း ယောကျာ်း တယောက်နဲ့ တွေ့တိုင်း သိက္ခာ မရှိတဲ့ ရှုပ်တဲ့ မိန်းမလို့ တွေးတယ်။
အရောင်းအဝယ် လုပ်တဲ့ မိန်းမတယောက်က တခြားမိန်းမ တယောက်ကို သူစိမ်းယောကျာ်းတွေနဲ့ တွေ့တဲ့အခါ ဘာတွေ ပွဲတည့်သွားလဲ လို့ တွေးတယ်။
အပေါင်းအသင်း ဆန့်တဲ့ မိန်းမက တခြားမိန်းမ တယောက်ကို ယောကျာ်းလေးတွေနဲ့ သွားလာတာ မြင်တဲ့အခါ လူချစ်လူခင် ပေါလိုက်တာလို့ တွေးတယ်။
ကိုယ့်စိတ်ဓာတ် အပေါ် မူတည် အတွေးတွေ ကွာပြီး တယောက်နဲ့ တယောက် အမြင်တွေ မတူတော့တာပါ။ အမြင်က အမြင်၊ အထင်က အထင်၊ လက်တွေ့က လက်တွေ့ပါ။
တဖက်လူရဲ့ အတွေး အထင်အမြင်က သူ့စိတ်နဲ့ လက်လှမ်းမီ သလောက်ပဲ ရှိမှာမို့ လက်လှမ်းမီရာ တွေးပါစေ၊ ထင်ချင်သလောက် ထင်ပါစေ။ လိုက်ခံစားနေဖို့ မလိုပါဘူး။
အမှန်တရား ဆိုတာ တခါတရံ ဇာတ်သိမ်းကျမှ ပေါ်လာတာမျိုးပါ။ လူဆိုတာမျိုး ကလည်း ကိုယ့်အဆင့်နဲ့ တိုင်းတာပြီး တန်ရာ တန်ရာ ကိုသာ ထင်ကြေးတွေ ပေးနေကြတာပါ။ Crd
Zawgyi
တန်ရာတန်ရာ
လင္ငယ္ေနတဲ့ မိန္းမတေယာက္က တျခား မိန္းမ တေယာက္ကို သူစိမ္း ေယာက်ာ္း တေယာက္နဲ႔ လမ္းမွာ ေတြ႕တဲ့အခါ သူ႔လင္ငယ္လား မသိဘူး လို႔ ေတြးတယ္။
ျပည့္တန္ဆာ မိန္းမက တျခားမိန္းမ တေယာက္ကို သူစိမ္း ေယာက်ာ္း တေယာက္နဲ႔ လမ္းမွာ ေတြ႕တဲ့အခါ ေအာ္ဒါ ရသြားၿပီ လို႔ ေတြးတယ္။
အတင္းအဖ်င္း ေျပာတတ္တဲ့ မိန္းမက မိန္းမ တေယာက္နဲ႔ တျခား တေယာက္ တျခားအေၾကာင္း ေျပာေနလည္း သူ႔အေၾကာင္း ေျပာေနလားလို႔ ေတြးတယ္။
လူမႈေရးေတြ အရမ္း ရႈပ္ေထြးတတ္တဲ့ မိန္းမက တျခားမိန္းမ တေယာက္ကို သူစိမ္း ေယာက်ာ္း တေယာက္နဲ႔ ေတြ႕တိုင္း သိကၡာ မရွိတဲ့ ရႈပ္တဲ့ မိန္းမလို႔ ေတြးတယ္။
အေရာင္းအဝယ္ လုပ္တဲ့ မိန္းမတေယာက္က တျခားမိန္းမ တေယာက္ကို သူစိမ္းေယာက်ာ္းေတြနဲ႔ ေတြ႕တဲ့အခါ ဘာေတြ ပြဲတည့္သြားလဲ လို႔ ေတြးတယ္။
အေပါင္းအသင္း ဆန႔္တဲ့ မိန္းမက တျခားမိန္းမ တေယာက္ကို ေယာက်ာ္းေလးေတြနဲ႔ သြားလာတာ ျမင္တဲ့အခါ လူခ်စ္လူခင္ ေပါလိုက္တာလို႔ ေတြးတယ္။
ကိုယ့္စိတ္ဓာတ္ အေပၚ မူတည္ အေတြးေတြ ကြာၿပီး တေယာက္နဲ႔ တေယာက္ အျမင္ေတြ မတူေတာ့တာပါ။ အျမင္က အျမင္၊ အထင္က အထင္၊ လက္ေတြ႕က လက္ေတြ႕ပါ။
တဖက္လူရဲ႕ အေတြး အထင္အျမင္က သူ႔စိတ္နဲ႔ လက္လွမ္းမီ သေလာက္ပဲ ရွိမွာမို႔ လက္လွမ္းမီရာ ေတြးပါေစ၊ ထင္ခ်င္သေလာက္ ထင္ပါေစ။ လိုက္ခံစားေနဖို႔ မလိုပါဘူး။
အမွန္တရား ဆိုတာ တခါတရံ ဇာတ္သိမ္းက်မွ ေပၚလာတာမ်ိဳးပါ။ လူဆိုတာမ်ိဳး ကလည္း ကိုယ့္အဆင့္နဲ႔ တိုင္းတာၿပီး တန္ရာ တန္ရာ ကိုသာ ထင္ေၾကးေတြ ေပးေနၾကတာပါ။ Crd
0 Comments