အရိုးရှင်းဆုံး အနိုင်ယူသောနည်း

အတင်း တွေလား။ ပြောပါစေ။ အာညောင်းသွားရင် သူ့ဟာသူ တိတ်သွားလိမ့်မယ်။ အတိုက်အခံ တွေလား။ သောင်းကျန်းပါစေ။ လက်ပန်း ကျသွားရင် သူ့ဟာသူ ရပ်သွားလိမ့်မယ်။

အပြိုင်အဆိုင် တွေလား။ ပြိုင်ကြပါစေ။ ရှုံးသွားရင် သူ့ဟာသူ ဘေးရှောင်ထွက် သွားလိမ့်မယ်။ အဆိုးမြင်သမား တွေလား။ မြင်စမ်းပါစေ။ ပြောစရာ မရှိတော့တဲ့ အချိန်မှာ သူ့ဟာသူ ငြိမ်ကုတ် သွားလိမ့်မယ်။

ကုန်းတိုက်သမားတွေလား။ တိုက်စမ်းပါစေ။ ပါးစပ် စားမြုတ်ပြန်သွားရင် သူ့ဟာသူ့ တိတ်သွားလိမ့်မယ်။ အကျင့်ဆိုး ရှိသူတွေလား။ ဆိုးသွမ်း စမ်းပါစေ။ ကိုယ့်ဘာသာကိုယ် ပျက်ဆီးသွားတဲ့ နေ့မှာ သူ့ဟာသူ ငြိမ်သွားလိမ့်မယ်။

လောဘကြီးသူ တွေလား။ ကြီးစမ်းပါစေ။ မှန်းသလောက် မရတာ များသွားတဲ့ အချိန်ခါမျိုးမှာ သူ့ဟာသူ စိတ်ဓာတ် ကျသွားလိမ့်မယ်။ အလိမ်အညာ သမားတွေလား။ စိတ်ကြိုက် လုပ်စမ်းပါစေ။ လိမ်လို့ မရတဲ့ အခါမှာ သူ့ဟာသူ လက်လျှော့သွားလိမ့်မယ်။

ကပ်ပါးကောင်တွေလား။ ကပ်စမ်းပါစေ။ ဘာမှမရတဲ့ နေ့မှာ သူ့ဟာသူ နောက်ဆုတ် သွားလိမ့်မယ်။ ငရစ်တွေလား။ ရစ်စမ်းပါစေ ဂရုမစိုက်ပဲ နှုတ်ဆိတ်နေတဲ့ အချိန်မှာ သူ့ဟာသူ အမောဖောက်ပြီး လှည့်ပြန် သွားလိမ့်မယ်။

ငချွဲတွေလား။ ချွဲစမ်းပါစေ မညှာပဲ ကြည့်နေလိုက် သူ့ဟာသူ နလန်ထူ သွားလိမ့်မယ်။

အရေးကြီးတာ တခုက ဒါတွေ အားလုံးကို အနိုင်လိုချင်တယ် ဆိုရင် မိမိကိုယ်ကိုလည်း ရင့်ကျက်အောင် နေပါ အသန်မာဆုံးနဲ့ ခွန်အား ကြီးမားအောင် နေပါ (စိတ်ဓာတ်ပိုင်းဆိုင်ရာကိုပြောတာပါ)

တကယ်တော့ ဘယ်သူတွေ ဘယ်လောက်ပဲ ကိုယ့်အပေါ် ဆိုးနေပါစေ ကိုယ်က မခံယူရင် သူဘာမှ မတတ်နိုင်ပါဘူး။ ဆိုလိုချင်တာက ကိုယ့်ဘေးမှာ လာပြီး ဆဲဆိုနေတယ်ပဲ ထားအုံး နာမနေနဲ့ သူအတတ်နဲ့ သူ ဆူးအောင် လုပ်ပစ်လိုက် စမ်းပါ။

မပြောနဲ့ မနာနဲ့ စိတ်မဆိုးနဲ့ အပြုံးမပျက်ပဲ နေလိုက်။ သူ့ကို နှုတ်ဆက်လိုက် ဒေါသတွေ မပြနဲ့။ မာန်မာနတွေ မထောင်လွှားနဲ့။ အတ္တတွေကို လွယ်လွယ် မလွှတ်ထုတ် လိုက်နဲ့။ ငါဘာမှ မဖြစ်ဘူး ဆိုတဲ့ ပုံစံနဲ့ နေပါ။

မတူလို့ မတုဘူး ဆိုတဲ့ လက္ခဏာ နဲ့သာ နေပြလိုက်။ အလိုလို နေရင်း သူ့ဟာသူ ငပေါ ဖြစ်သွားလိမ့်မယ်။ မှတ်ထားပါ။ အဲ့ဒါ အရိုးရှင်းဆုံးနဲ့ အနိုင်ယူတဲ့ နည်းပဲ။

ဒါမျိုး ကြုံဖူးတယ် ဆိုရင်တော့ သင်ဟာ တော်တော်လေး ရင့်ကျက်သွားပြီပဲ သူငယ်ချင်း။ nanthanthanhtay

Post a Comment

0 Comments