ခိုင်မာတဲ့ စိတ်ဓါတ်

တခါတုန်းက ရွာလေး တရွာမှာ ထင်းခုတ်ရောင်းတဲ့ ထင်းခုတ်သမား တဦး ရှိပါတယ်။ ထင်းခုတ်သမားဟာ တောထဲက ခုတ်လို့ ရတဲ့ ထင်းတွေကို ရောင်းပြီး စားဝတ်နေရေး ဖြေရှင်းနေရပါတယ်။

သစ်ခုတ်သမားဟာ သူနေဖို့ အိမ်ကလေး တလုံးကိုလည်း သပ်သပ်ရပ်ရပ်လေး ဆောက်လုပ်ထား ပါတယ်။ အိမ်ကလေးက မကြီးပါဘူး။ တကယ့်ကို မိုးလုံ လေလုံကလေး ဖြစ်ပါတယ်။

ဒီလိုနဲ့ တနေ့မှာတော့ သစ်ခုတ်သမားက တောထဲက ခုတ်လို့ရတဲ့ သစ်ပင်တွေကို ခုတ်ပြီး ထင်းတွေ အဖြစ် မြို့ထဲ သွားရောင်းပါတယ်။ အိမ်ပြန်ရောက်တဲ့အခါ သူဆောက်ခဲ့တဲ့ အိမ်ကလေး မီးလောင်နေတာ တွေ့လိုက်ရတယ်။

လူတွေက ဝိုင်းပြီး မီးငြှိမ်းပေး ခဲ့ပေမယ့် မီးတောက်တွေက အိမ်တခုလုံးကို ဝါးမြိုပစ် ခဲ့ပါတယ်။ ထင်းခုတ်သမားက အလွန် ဝမ်းနည်းသွားပြီး ငေးပဲ ကြည့်နေခဲ့ ရတယ်။

မီးတွေ အကုန် လောင်သွားပြီးတော့ အိမ်တလုံးလုံး ပြာတွေ အဖြစ် ကျန်ခဲ့တော့မှ ထင်းခုတ်သမားက ပြာတောထဲ တိုးဝင်ပြီး တစုံတရာကို အသည်းအသန် လိုက်ရှာနေခဲ့တယ်။

လူတွေက သူစုဆောင်းထားတဲ့ အဖိုးတန်ပစ္စည်း တခုခု ပျောက်လို့ ရှာနေတယ် လို့ပဲ တွေးနေမိ ကြတယ်။ အတန်ကြာ ပြီးတဲ့အခါ ထင်းခုတ်သမားက ဝမ်းသာအားရ အော်လိုက်တယ်။

"တွေ့ပြီ တွေ့ပြီ" ဆိုပြီး သူ့ပုဆိန်ကို မြှောက်ကိုင်လို့ ပြာပုံထဲက ပြန်ထွက်လာတယ်။

ပြီးတော့ သူက လူတွေဖက်ကို လှည့်ပြီး ပြောလိုက်တယ်။ "ဒီပုဆိန် တလက်သာ ရှိမယ်ဆိုရင် ဒီထက် ပိုကောင်းတဲ့ အိမ်ကြီးတလုံး ကျွန်တော် ပြန်ဆောက်နိုင်ပါတယ်" လို့ ဝမ်းသာအားရ ပြောလိုက် ပါတော့တယ်။

ကျွန်တော်တို့တွေလည်း ဆုံးရှုံးမှုတွေ၊ ဒုက္ခတွေအတွက် ဝမ်းနည်းပူဆွေး ငိုးကြွေးနေကြ မှာလား။ အရှုံး ဆိုတာ အရှုံးလို့ လက်မခံသရွေ့ မရှုံးနှိမ့်သေးပါဘူး။

ကိုယ့်ရဲ့ ခံယူမှု၊ လုံ့လ၊ ကြိုးစားလိုစိတ်တွေ ကသာ ကိုယ့်ဘဝကို အကောင်းဆုံး တည်ဆောက်နိုင်မှာပါ။ အရှုံးဆိုတာကို လက်မခံပါနဲ့ဦး။ အားသစ်လောင်းလို့ အသစ်တဖန် ပြန်လည် စတင် ကြိုးစားလိုက် ကြပါစို့။ Crd

Post a Comment

0 Comments