တခါတုန်းက မြည်းတကောင်က ကျားကို "မြက်ဆိုတာ အပြာရောင်ကွ" လို့ ပြောလိုက်တယ်။ ကျားကလည်း "မြက်က အစိမ်းရောင်ပါ" လို့ ပြန်ပြောသတဲ့။
အပြင်းအထန် ငြင်းခုံကြရင်း တစုံတယောက်ရဲ့ အဆုံးအဖြတ်ကို ခံယူဖို့ တောဘုရင် ခြင်္သေ့ ဆီကို သွားကြသတဲ့။ ခြင်္သေ့ဆီ ရောက်တော့ မြည်းက စပြီး ပြောတယ်။
"တောဘုရင်ကြီး မြက်ဆိုတာ အပြာရောင် မဟုတ်လား။ ဒါကို ကျားက ကျွန်တော့ကို ငြင်းနေတယ်။ ဆုံးမ ပေးပါ ဘုရင်ကြီး" ဆိုပြီး အရင် တိုင်သတဲ့။
ထိုအခါ ခြင်္သေ့ကလည်း ကျားကို "၅ နှစ် တိတ်ဆိတ်စွာ နေရမယ်" ဆိုတဲ့ ပြစ်ဒဏ် ချမှတ် လိုက်တယ်။ မြည်းလည်း နိုင်သူ အဖြစ် ပျော်ရွှင်စွာ ထွက်ခွာသွားတော့တယ်။
ကျားကလည်း ပြစ်ဒဏ်ကို လက်ခံလိုက် ပေမယ့် ခြင်္သေ့ကို "ဘုရင်ကြီး မြက်ဟာ အစိမ်းရောင် ဆိုတာ သိလျက်နဲ့ ကျွန်တော့်ကို ဘာကြောင့် ပြစ်ဒဏ် ချမှတ်ရ ပါသလဲ" လို့ မေးသတဲ့။
ထိုအခါ ခြင်္သေ့က "မြက်ဟာ အစိမ်းရောင် ဆိုတာ မှန်တာပေါ့။ ဒါပေမဲ့ မြက် စိမ်းတာ ပြာတာကို ငြင်းနေလို့ ဘာအကျိုး ရှိမှာလဲ။ ဒီလို ငထုံ ငတုံး မြည်းကို ပြိုင်ငြင်း၊ အချိန်ဖြုန်း နေခြင်းကသာ မိုက်မဲတဲ့ မင်းရဲ့ အပြစ်။
ဒါ့အပြင် ငါ့ကိုပါ အလုပ် လာရှုပ်နေ သေးတယ်။ ဒါကြောင့် အပြစ်ပေးရခြင်း ဖြစ်တယ်" လို့ ကျားမိုက်ကို ပြန်ပြောလိုက် ပါတော့တယ်။ moral အရေးမပါတဲ့ အရာတွေအတွက် ပြိုင်ငြင်းပြီး အချိန်ဖြုန်း မနေပါနဲ့။ Crd
Zawgyi
မိုက္မဲေသာသူ
တခါတုန္းက ျမည္းတေကာင္က က်ားကို "ျမက္ဆိုတာ အျပာေရာင္ကြ" လို႔ ေျပာလိုက္တယ္။ က်ားကလည္း "ျမက္က အစိမ္းေရာင္ပါ" လို႔ ျပန္ေျပာသတဲ့။
အျပင္းအထန္ ျငင္းခုံၾကရင္း တစုံတေယာက္ရဲ႕ အဆုံးအျဖတ္ကို ခံယူဖို႔ ေတာဘုရင္ ျခေသၤ့ ဆီကို သြားၾကသတဲ့။ ျခေသၤ့ဆီ ေရာက္ေတာ့ ျမည္းက စၿပီး ေျပာတယ္။
"ေတာဘုရင္ႀကီး ျမက္ဆိုတာ အျပာေရာင္ မဟုတ္လား။ ဒါကို က်ားက ကြၽန္ေတာ့ကို ျငင္းေနတယ္။ ဆုံးမ ေပးပါ ဘုရင္ႀကီး" ဆိုၿပီး အရင္ တိုင္သတဲ့။
ထိုအခါ ျခေသၤ့ကလည္း က်ားကို "၅ ႏွစ္ တိတ္ဆိတ္စြာ ေနရမယ္" ဆိုတဲ့ ျပစ္ဒဏ္ ခ်မွတ္ လိုက္တယ္။ ျမည္းလည္း ႏိုင္သူ အျဖစ္ ေပ်ာ္႐ႊင္စြာ ထြက္ခြာသြားေတာ့တယ္။
က်ားကလည္း ျပစ္ဒဏ္ကို လက္ခံလိုက္ ေပမယ့္ ျခေသၤ့ကို "ဘုရင္ႀကီး ျမက္ဟာ အစိမ္းေရာင္ ဆိုတာ သိလ်က္နဲ႔ ကြၽန္ေတာ့္ကို ဘာေၾကာင့္ ျပစ္ဒဏ္ ခ်မွတ္ရ ပါသလဲ" လို႔ ေမးသတဲ့။
ထိုအခါ ျခေသၤ့က "ျမက္ဟာ အစိမ္းေရာင္ ဆိုတာ မွန္တာေပါ့။ ဒါေပမဲ့ ျမက္ စိမ္းတာ ျပာတာကို ျငင္းေနလို႔ ဘာအက်ိဳး ရွိမွာလဲ။ ဒီလို ငထုံ ငတုံး ျမည္းကို ၿပိဳင္ျငင္း၊ အခ်ိန္ျဖဳန္း ေနျခင္းကသာ မိုက္မဲတဲ့ မင္းရဲ႕ အျပစ္။
ဒါ့အျပင္ ငါ့ကိုပါ အလုပ္ လာရႈပ္ေန ေသးတယ္။ ဒါေၾကာင့္ အျပစ္ေပးရျခင္း ျဖစ္တယ္" လို႔ က်ားမိုက္ကို ျပန္ေျပာလိုက္ ပါေတာ့တယ္။ moral အေရးမပါတဲ့ အရာေတြအတြက္ ၿပိဳင္ျငင္းၿပီး အခ်ိန္ျဖဳန္း မေနပါနဲ႔။ Crd
0 Comments