တစ်ခါတရံမှာ ဝတ်စုံလေးက လှလို့ စမ်းဝတ်ကြည့်ပေမယ့် ခန္ဓာကိုယ်နဲ့မလိုက်ဖက်တာကို ကြုံဖူးမှာပါ။ ခန္ဓာကိုယ်ပုံစံကို သိပြီး ခန္ဓာကိုယ်ပုံစံနဲ့ကိုက်ညီတဲ့ဝတ်စုံကို ရွေးချယ်လိုက်တဲ့အခါ သင်ကအရမ်းကို လှပနေတော့မှာပါ။

ပန်းသီးပုံစံခန္ဓာကိုယ်

ပန်းသီးပုံစံခန္ဓာကိုယ်ပိုင်ရှင်တွေအတွက် ဗွီပုံစံလည်ပင်းပါဝင်တဲ့အင်္ကျီ၊ ဗိုက်တစ်ပြင်လုံးကို ဖုံးအုပ်မိစေတဲ့ အဝတ်အစား၊ တင်ပါးအထိဖုံးတဲ့ ကုတ်တွေကို ရွေးချယ်ပါ။ အထပ်ထပ်ပါတဲ့အင်္ကျီတွေ၊ ပါးလျပြီး တစ်ဖြောင့်တည်းဖြစ်စေတဲ့ ဘောင်းဘီတွေက သင့်ကို အရမ်းဝတယ်လို့ ထင်ရစေပါတယ်။

အဲဒါကြောင့် အဝတ်အစားဝတ်တဲ့အခါမှာ ခါးပတ်ကို ထည့်ပြီး ဝတ်ပါ။ အဲဒီအခါ သင့်ရဲ့ကောက်ကြောင်းလေး ပေါ်လွင်လာမှာပါ။

သစ်တော်သီးပုံစံခန္ဓာကိုယ်

ပုခုံးကို အသားပေးပြီး သင့်ခန္ဓာကိုယ်အချိုးအစား ညီမျှစေမယ့် အဝတ်အစားတွေကို ရွေးချယ်ပါ။ လည်ပင်းဝိုင်းတဲ့အင်္ကျီတွေ၊ လက်ဖောင်းအင်္ကျီတွေနဲ့ ပိုပြီးလိုက်ဖက်ပါတယ်။

ကိုယ်တိုင်းနဲ့ချပ်ချပ်ကပ်ကပ် ချုပ်ထားတဲ့ ဝတ်စုံ၊ A line စကတ်တွေက သင့်ရဲ့ခန္ဓာကိုယ်အလှကို ပိုပြီး ထင်ရှားစေပါတယ်။ သစ်တော်သီးပုံစံခန္ဓာကိုယ်ရှိသူတွေဟာ အရောင်ရင့်တွေ၊ အရောင်တောက်တောက် အဝတ်အစားတွေကိုတော့ ရှောင်သင့်ပါတယ်။

ထောင့်မှန်စတုဂံခန္ဓာကိုယ်

သင့်ရဲ့ခန္ဓာကိုယ်ကောက်ကြောင်းက မပေါ်လွင်ဘဲ တစ်ဖြောင့်တည်းဖြစ်နေတဲ့အခါမှာ ခါးအလှကို ပေါ်လွင်အောင် ခါးပတ်လှလှလေးတွေနဲ့ တွဲဝတ်ပါ။

အတွန့်ပါတဲ့ဝတ်စုံတွေ၊ အောက်ပိုင်းကို ကားသွားတဲ့ ဂါဝန်လေးတွေကို ရွေးချယ်ပါ။ သဲနာရီပုံစံခန္ဓာကိုယ်ပုံစံ ပေါ်လွင်စေဖို့ ဂါဝန်၊ စကတ်တို့ဝတ်ပြီးတဲ့အခါ ခါးပတ်ကို အသုံးပြုပါ။

သဲနာရီပုံစံခန္ဓာကိုယ်

ခန္ဓာကိုယ်အရမ်းလှတဲ့ပုံစံ ဖြစ်တာကြောင့် ကောက်ကြောင်းကို ပေါ်လွင်စေမယ့် အဝတ်အစားတွေကို ရွေးချယ်ပါ။ ပွချောင်တဲ့အဝတ်အစားတွေကိုတော့ မရွေးသင့်ပါဘူး။ ဒီလိုခန္ဓာကိုယ်ပိုင်ရှင်တွေအတွက် ဘရာကို သေသေချာချာ ရွေးချယ်ဖို့တော့ အရေးကြီးပါတယ်။

ဘရာအရွယ်အစားမမှန်တဲ့အခါ သင့်ရဲ့ခန္ဓာကိုယ်အလှကို ရုပ်ဆိုးသွားစေပါတယ်။ ဗွီပုံစံလည်ပင်းပါတဲ့အင်္ကျီ၊ pencil စကတ်၊ ရှပ်အင်္ကျီတွေက သင့်အလှကို ပြည့်စုံစေပါတယ်။

Bonus

ဘယ်အဝတ်အစားပဲဝတ်ဝတ် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိဖို့သာလျှင်အဓိကပါ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့အလှက အများကြားမှာ သင့်ကို ထင်ရှားနေစေပါတယ်။

Zombie (lovemedia)