သားသမီးကို သခင်လို ထားပြီး မိဘက ကျွန်လို ရေခပ်ပေးတာ ကအစ ခြေထောက် မလှမ်းရ မကြွရတော့တဲ့ အထိ ဖူးဖူး မှုတ်နေတာက သားသမီးကို ဖျက်ဆီးနေ ကြတာပါ။ သားသမီးနဲ့ မိဘကြားက မေတ္တာတရားကို မှန်ကန်တဲ့ နည်းလမ်းနဲ့ပဲ ချပြပေးသင့် ပါတယ်။

စာပဲကျက်ပါ ဘွဲ့ရအောင် လုပ်ပါ၊ ဘာမှကို ပေးမလုပ်ဘူး။ မရှိ ရှိတာ လုပ်ပြီး ဆင်ပေးတယ်။ မိဘရဲ့ အပူပင် သောကတွေကို ဘာမှ သိခွင့်မပေးပဲ လိုသမျှကို ဖြည့်ဆည်း ပေးနေတာမျိုးက ကလေးရဲ့ လူ့အသိဉာဏ်ကို ပျက်စီးစေလို့ ပါပဲ။

ကလေးရဲ့ Intelligent ကို ဖျက်ဆီးတဲ့ မိဘက Education ကို ဘယ်လောက် ထည့်ပေး ထည့်ပေး ဘာမှ အသုံးမဝင်နိုင် သလို၊ ကလေးရဲ့ ဘဝအတွက် တာဝန်ယူတဲ့စိတ် တာဝန် သိတတ်တဲ့စိတ် Safe Care ဆိုတဲ့ ကိုယ့်ကိုယ်ကို ဂရုစိုက်နိုင်ခြင်း ကနေ အများကို ဂရုစိုက်ခြင်းကို သိနားလည် ခွင့်ပြုမထားရင် အတ္တကြီးတဲ့ လူတယောက် ဖြစ်အောင် ကလေးရဲ့ ဘဝကို သတ်နေတဲ့သူက မိဘတွေ ပါပဲ။

သက်တောင့်သက်သာနဲ့ ကြီးပျင်းလာတဲ့ ကလေးဖြစ်အောင် မထားပါနဲ့။ ဘာမှ မပူပင်မရှိတဲ့ ကလေးက ရုန်းကန်တတ်ဖို့ ကို ဘယ်တော့မှ သင်ယူဖို့ မဖြစ်နိုင် လို့ပါ။

ကလေးကို ငယ်စဉ် ဘဝတည်းက ချစ်လွန်းလို့ ထမင်းဝါးပြီး ခွံ့ရင်တောင် ကလေးက မျိုချမှ ဗိုက်ပြည့်နိုင်မယ် ဆိုတာ လေးတော့ နားလည်ခွင့်ပြု ကြပါ။

အမှားနဲ့ အမှန်ကိုလည်း ခွဲခြားဖို့ မတတ်နိုင်တဲ့ ကလေးဖြစ်အောင် ခြေကောင်းလက်ကောင်းနဲ့ ဒုက္ခိတ ဖြစ်အောင် ကလေးကို အဆိပ်မခတ် ကြပါနဲ့။ မိဘအပေါ် သားသမီး သိတတ်ခြင်း မသိတတ်ခြင်းက မိဘရဲ့ မှန်ကန်တဲ့ ပျိုးထောင်မှုအပေါ် မူတည်ပါတယ်။

လူ့ဘဝ ရပ်တည်နည်းကို အမှန်တရား အတိုင်း ချပြပါ။ စိတ်ကောင်းစိတ်မြတ် ထားခြင်း ကိုယ့်တန်ဖိုးကို သိတတ်ခြင်း ကိုယ့်ကိုယ်ကို မှန်မှန်ကန်ကန် ချစ်တတ်အောင် သင်ယူခွင့်ပြုပါ။

မိဘဆိုတာ သေတတ်တဲ့ သူတွေမို့ လောကကြီးထဲ ကျန်ခဲ့မဲ့ ကလေးကို အောက်ခြေခိုင်အောင် လူ့ဘဝထဲ မှန်ကန်တဲ့ စိတ်ကောင်း စိတ်မြတ်နဲ့ ရပ်တည်နိုင်အောင် အခြေခံ စိတ်ကောင်း စိတ်မြတ်တွေကို ငယ်စဉ် ဘဝတည်းက ထည့်ပေးထား ကြဖို့ အကြံပြု တိုက်တွန်းလိုက် ပါတယ်။

မိဘအရှိန်ဝါနဲ့ တောက်ပနေတဲ့ သားသမီးတွေ ကိုယ်ရည်ကိုယ်သွေး မရှိပဲ လူ့ပါတ်ဝန်းကျင်မှာ များလွန်းတာက မိဘတွေရဲ့အပြစ်မကင်းဘူး ဆိုတာကို မိဘတွေ ကိုယ်တိုင်က လက်မခံကြပါဘူး။

မိဘတွေက ချွေးစက်တွေ ကြားမှာ ရုန်းကန်နေပေမဲ့ သားသမီးကျတော့ တောက်ပနေတာ ငယ်စဉ်ကတည်းက သင်ယူသင့်တာတွေကို သင်ယူခွင့် မပြုကြပဲ မျက်မမြင်က ပြတဲ့လမ်းကို ပေးလျှောက်နေသလို ကို့ယို့ကားယားနဲ့ ဘဝမှာ ကူရာမဲ့ ကယ်ရာမဲ့ဖြစ်‌သွားကြတဲ့ မိသားစုတွေ ပြောမကုန်ပါဘူး။

ကလေးတွေကို လောကကြီးမှာ ကြုံရမဲ့ အမှန်တရားကို သိခွင့်မပေးပဲ ကြီးပျင်းလာဖို့ ခွင့်မပြုသင့်ပါဘူး။ Crd