ပိုလေးစားသင့်တယ်

ကျမက အပျို တယောက်ပါ ဆိုပြီး လိမ်ညာပြီး ချူစားနေတဲ့ မိန်းမထက်၊ အပျိုတယောက်ရဲ့ ဂုဏ်ကို စောင့်ထိန်းပြီး မိဘမျက်နှာ အိုးမဲ မသုတ်တဲ့ မိန်းမကို လေးစားသင့် ပါတယ်။

လူပျို တယောက်ပါ လို့ လိမ်ညာပြီး မိန်းခလေးတွေရဲ့ ဘဝကို ဖျက်ဆီးနေတဲ့ ယောက်ျားထက်၊ လူပျို တယောက်ပါ လို့ အမှန်အတိုင်း ဝန်ခံပြီး မိန်းခလေး တယောက်ရဲ့ ဘဝကို တာဝန် ယူတတ်တဲ့ ယောက်ျားကို ပိုလေးစား သင့်ပါတယ်။

လိုးရှင်းနံ့ သင်းပြီး ခြေမွှေး လက်မွှေး မီးမလောင်ဖူးတဲ့ မိန်းမထက်၊ သနပ်ခါးနံ့ သင်းပြီး အိမ်မှုကိစ္စတွေနဲ့ အလုပ် ရှုပ်နေတဲ့ မိန်းမကို ပိုလေးစား သင့်ပါတယ်။

ရေမွှေးနံ့ သင်းပြီး လက်ကြော မတင်းတဲ့ ယောကျ်ားထက်၊ ချွေးတလုံးလုံးနဲ့ မမောမပန်း မိသားစု အတွက် ရုန်းကန် လှုပ်ရှားနေတဲ့ ယောကျ်ားကို လေးစားသင့်ပါတယ်။

မိဘငွေကြေး ချမ်းသာတာကို အကြောင်း ပြပြီး မောက်မာနေတဲ့ မိန်းမထက်၊ ကိုယ်ပိုက်ဆံ ကိုယ်ရှာနိုင်ပြီး မမောက်မာ တတ်တဲ့ မိန်းမကို လေးစားသင့်ပါတယ်။

ငွေကြေး ချမ်းသာပြီး မောက်မာနေတဲ့ ယောကျ်ားထက်၊ မချမ်းသာ ပေမယ့်လည်း လူကို လူလို မြင်တတ်တဲ့ ယောကျ်ားကို ပိုလေးစား သင့်ပါတယ်။

ပညာတတ်ပြီး ပညာမာန် တက်နေတဲ့ မိန်းမထက်၊ ပညာတတ်ပြီး မာန်မာန မရှိတဲ့ မိန်းမကို ပိုလေးစား သင့်တယ်။

ဘွဲ့ရ ပညာတတ်ပြီး လူမှုရေး ခေါင်းပါးတဲ့ ယောကျ်ားထက်၊ ဆယ်တန်း မအောင်ပေမယ့်လည်း လူမှုစိတ်ထား အပြည့်ရှိတဲ့ ယောကျ်ားကို ပိုလေးစား သင့်တယ်။ Crd

Zawgyi

ပိုေလးစားသင့္တယ္

က်မက အပ်ိဳ တေယာက္ပါ ဆိုၿပီး လိမ္ညာၿပီး ခ်ဴစားေနတဲ့ မိန္းမထက္၊ အပ်ိဳတေယာက္ရဲ႕ ဂုဏ္ကို ေစာင့္ထိန္းၿပီး မိဘမ်က္ႏွာ အိုးမဲ မသုတ္တဲ့ မိန္းမကို ေလးစားသင့္ ပါတယ္။

လူပ်ိဳ တေယာက္ပါ လို႔ လိမ္ညာၿပီး မိန္းခေလးေတြရဲ႕ ဘဝကို ဖ်က္ဆီးေနတဲ့ ေယာက္်ားထက္၊ လူပ်ိဳ တေယာက္ပါ လို႔ အမွန္အတိုင္း ဝန္ခံၿပီး မိန္းခေလး တေယာက္ရဲ႕ ဘဝကို တာဝန္ ယူတတ္တဲ့ ေယာက္်ားကို ပိုေလးစား သင့္ပါတယ္။

လိုးရွင္းနံ႔ သင္းၿပီး ေျခေမႊး လက္ေမႊး မီးမေလာင္ဖူးတဲ့ မိန္းမထက္၊ သနပ္ခါးနံ႔ သင္းၿပီး အိမ္မႈကိစၥေတြနဲ႔ အလုပ္ ရႈပ္ေနတဲ့ မိန္းမကို ပိုေလးစား သင့္ပါတယ္။

ေရေမႊးနံ႔ သင္းၿပီး လက္ေၾကာ မတင္းတဲ့ ေယာက်္ားထက္၊ ေခြၽးတလုံးလုံးနဲ႔ မေမာမပန္း မိသားစု အတြက္ ႐ုန္းကန္ လႈပ္ရွားေနတဲ့ ေယာက်္ားကို ေလးစားသင့္ပါတယ္။

မိဘေငြေၾကး ခ်မ္းသာတာကို အေၾကာင္း ျပၿပီး ေမာက္မာေနတဲ့ မိန္းမထက္၊ ကိုယ္ပိုက္ဆံ ကိုယ္ရွာႏိုင္ၿပီး မေမာက္မာ တတ္တဲ့ မိန္းမကို ေလးစားသင့္ပါတယ္။

ေငြေၾကး ခ်မ္းသာၿပီး ေမာက္မာေနတဲ့ ေယာက်္ားထက္၊ မခ်မ္းသာ ေပမယ့္လည္း လူကို လူလို ျမင္တတ္တဲ့ ေယာက်္ားကို ပိုေလးစား သင့္ပါတယ္။

ပညာတတ္ၿပီး ပညာမာန္ တက္ေနတဲ့ မိန္းမထက္၊ ပညာတတ္ၿပီး မာန္မာန မရွိတဲ့ မိန္းမကို ပိုေလးစား သင့္တယ္။

ဘြဲ႕ရ ပညာတတ္ၿပီး လူမႈေရး ေခါင္းပါးတဲ့ ေယာက်္ားထက္၊ ဆယ္တန္း မေအာင္ေပမယ့္လည္း လူမႈစိတ္ထား အျပည့္ရွိတဲ့ ေယာက်္ားကို ပိုေလးစား သင့္တယ္။ Crd

Post a Comment

0 Comments