အမျိုးသမီးတွေ တစ်ယောက်တည်းခရီးသွားတဲ့အခါ ဘေးကင်းလုံခြုံစိတ်ချရစေမယ့်နည်းလမ်း (၇) ခု

တစ်ယောက်တည်း ခရီးသွားရတဲ့အတွေ့အကြုံက အချို့သူတွေအတွက်တော့ စိန်ခေါ်မှုတစ်ရပ် ဖြစ်နေနိုင်ပါတယ်။ အမျိုးသမီးတွေအတွက် တစ်ယောက်တည်း ခရီးသွားရတာ မလွယ်ကူသလို လုံခြုံမှုလည်း နည်းပါးမှာပါ။

အဲဒါကြောင့် အမျိုးသမီးတွေ တစ်ယောက်တည်း ခရီးထွက်တဲ့အခါ စိတ်ချလုံခြုံရစေမယ့် နည်းလမ်းလေးတွေကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ သွားမယ့်နေရာအကြောင်းကို သေချာလေ့လာပါ။

သင်သွားမယ့်နေရာကို သေချာလေ့လာလေ သင့်အတွက် ပိုစိတ်ချရလေပါ။ သွားမယ့်နေရာအကြောင်းကို သိရှိထားပြီးတဲ့အခါမှတော့ သွားသင့်လား၊ မသွားသင့်ဘူးလား၊ သွားတဲ့အခါ ဘယ်လိုပစ္စည်း‌တွေ ယူသွားသင့်လဲဆိုတာ ဆုံးဖြတ်ရလွယ်ကူသွားစေမှာပါ။

သွားမယ့်နေရာရဲ့ လုံခြုံမှု၊ နိုင်ငံရေးအခြေအနေ၊ ကျန်းမာရေးအခြေအနေ၊ ဒေသတွင်းသတင်း၊ ထုံးတမ်းဓလေ့တွေက လေ့လာသင့်တဲ့အရာတွေပါ။

၂။ သွားမယ့်ခရီးစဉ်အကြောင်းကို ယုံကြည်ရသူကို ပြောပြထားပါ။

သင်ခရီးသွားတော့မယ်ဆိုရင်တော့ သင်ယုံကြည်ရသူနဲ့ နေ့စဉ်အဆက်အသွယ်လုပ်ပါ။ သင်သွားမယ့်နေရာ၊ သွားမယ့်ရည်ရွယ်ချက်၊ ဘယ်လိုသွားမလဲ၊ ဘယ်အချိန်ပြန်ရောက်မလဲ စတဲ့အချက်အလက်တွေကို ယုံကြည်ရသူတစ်ယောက်ယောက်ကို အသိပေးထားပါ။ ဒီအချက်က သင့်အတွက် လုံခြုံစိတ်ချရစေမှာပါ။

၃။ အိတ်တွေအများကြီး ယူမသွားသင့်ပါဘူး။

တစ်ယောက်တည်းခရီးသွားမယ်ဆိုရင် အိတ်တွေအများကြီး ယူမသွားသင့်ပါဘူး။ အိတ်တွေကို လိုသလောက်ပဲ ယူသွားတာက ငွေကုန်သက်သာတဲ့အပြင် အိတ်ခိုးခံရတာ၊ အိတ်ပျောက်တာတွေရဲ့ရန်ကနေလည်း ကာကွယ်ပြီးသားလည်း ဖြစ်စေပါတယ်။

၄။ မမှောင်ခင်မှာ ရောက်အောင်သွားပါ။

သင်သွားမယ့်နေရာကို ညမမှောင်ခင်ရောက်မယ့် ခရီးစဉ်ကို ရွေးချယ်ပါ။ ပြီးတော့ သင်သွားမယ့်မြေပုံကို လူများတဲ့နေရာမှာ မဖတ်သင့်ပါဘူး။ မြေပုံပျောက်သွားတဲ့အခါမှာ ဈေးဆိုင်၊ ရဲစခန်း၊ အခြားအမျိုးသမီးတစ်ယောက်ယောက်ထံကနေ လမ်းညွှန်ပေးဖို့ အကူအညီတောင်းပါ။

၅။ အခန်းကို ကြိုတင်မမှာခင်မှာ အရင်စစ်ဆေးပါ။

သင်ငှားမယ့်အခန်းက လုံခြုံပြီး သက်တောင့်သက်သာဖြစ်ဖို့ လိုအပ်ပါတယ်။ အဲဒါကြောင့် အခန်းမငှားခင်မှာ

- တံခါးကို သေချာသော့ခတ်လို့ရလား

- အခန်းနံရံတွေမှာ ချောင်းကြည့်လို့ရမယ့် အပေါက်တွေ ရှိနေလား

- မီးလောင်တဲ့အခါ အရေးပေါ်ထွက်ပြေးလို့ရနိုင်မယ့် နေရာဖြစ်လား

- လုံခြုံရဲ့လားဆိုတာကို သေချာစစ်ဆေးပါ။

သင့်အတွက် စိတ်မချရဘူးထင်ရင်တော့ လုံးဝမနေသင့်ပါဘူး။

၆။ အငှားယာဉ်

တက္ကစီကို မငှားခင်မှာ ယာဉ်စီးခကို အဆင်ပြေအောင်ညှိပြီးမှ ငှားပါ။ ကားထဲမှာ ထိုင်တဲ့အခါ အနောက်မှာပဲ ထိုင်ပါ။ ဒါမှမဟုတ် သင်နေတဲ့ဟိုတယ်ကို ကားငှားဖို့အတွက် အကူအညီတောင်းပါ။

၇။ လူမှုကွန်ရက်စာမျက်နှာတွေမှာ အလွန်အကျွံ ပို့စ်တင်တာတွေကို ရှောင်ပါ။

ဥပမာအားဖြင့် သင်သွားနေတဲ့နေရာ၊ နေထိုင်တဲ့နေရာ၊ သင်ပြုလုပ်သမျှအရာတွေကို အခြားတွေ သိအောင် အသေးစိတ် ပို့စ်တင်တာကို ရှောင်ကြဉ်သင့်ပါတယ်။ သင်မသိတဲ့သူတစ်ယောက်ယောက်က မေးခွန်းတွေ အများကြီးမေးလာရင် အားလုံးကို ပြန်ဖြေနေစရာ မလိုအပ်ပါဘူး။

ပုံတွေ တင်ချင်တဲ့အခါ အိမ်ရောက်ပြီးမှ တင်တာ၊ သို့မဟုတ် အခြားနေရာရောက်ပြီးမှ တင်တာက အကောင်းဆုံးပါ။

Zombie (lovemedia)

Post a Comment

0 Comments