ဖုန်းတလုံး ဖြစ်ချင်သူ

ကျောင်းဆရာမ တယောက် ညစာ စားပြီးတာနဲ့ ကျောင်းသားတွေရဲ့ အိမ်စာတွေကို စစ်ပေးနေတယ်။ သူ့ယောက်ျား ကတော့ ဘေးနားမှာ ထုံးစံအတိုင်း ဖုန်းနဲ့ ဂိမ်းကစား နေတာပေါ့။

နောက်ဆုံး အိမ်စာ စစ်နေတုန်းမှာ ဆရာမက မျက်ရည်တွေ ကျလာတယ်။ သူ့ယောက်ျားက မြင်တော့ "မိန်းမ ဘာဖြစ်လို့ ငိုတာလဲ၊ ဘာဖြစ်တာလဲ" လို့ မေးတယ်။

"မနေ့တုန်းက ကျွန်မ ကျောင်းသားတွေကို ကျွန်ုပ်၏ဆန္ဒ ဆိုပြီး စာစီစာကုံး ရေးခိုင်းလိုက်တယ်" "အေး အဲဒါနဲ့ မင်းက ဘာလို့ ငိုနေတာလဲ" "နောက်ဆုံး စာအုပ်ကို စစ်ရတာ ငိုချင်လာ လို့ပါ"

ယောက်ျားက "ဘာများ ရေးထားလို့လဲ" ဆိုတော့ မိန်းမဖြစ်သူက "သူရေးထားတာ နားထောင်ကြည့်" ဆိုပြီး ကလေးငယ်ရေးထားတဲ့ စာစီစာကုံးကို ဖတ်ပြတယ်။

"ကျွန်တော့်ရဲ့ ဆန္ဒကတော့ ဖုန်းတလုံး ဖြစ်ဖို့ပါ။ ကျွန်တော့်ရဲ့ အဖေနဲ့ အမေဟာ သူတို့ ဖုန်းတွေကို သိပ်ချစ်တယ်။ အဲဒီ ဖုန်းတွေကိုပဲ ဂရုစိုက်ပြီး အချိန်ယူ နေရလို့ တခါတလေ ကျွန်တော့် ကိုတောင် သိပ်ဂရုမစိုက် နိုင်ဘူး။

ကျွန်တော့်အဖေ ရုံးက ပင်ပန်းပြီး ပြန်လာတဲ့ အခါလည်း ဖုန်းကိုတော့ အချိန်ပေးတယ်။ ကျွန်တော့်အတွက် အချိန် မရှိဘူး။ သူတို့တွေ အရေးကြီးတဲ့ အလုပ် လုပ်နေတုန်း ဖုန်းမြည်ရင် ချက်ချင်း သွားကိုင်တယ်။

ဒါပေမယ့် သူတို့တွေ အရေးကြီးတဲ့ အလုပ် လုပ်နေတုန်း ကျွန်တော် ငိုနေရင် ဂရုစိုက် ချင်မှ စိုက်တာ။ သူတို့တွေက ဖုန်းနဲ့ ကစားကြတယ်။ ကျွန်တော်နဲ့ မကစား ကြဘူး။

သူတို့တွေ သူများနဲ့ ဖုန်းပြောနေရင် ကျွန်တော် ပြောနေတာ အရေးကြီးရင်တောင်မှ နားမထောင်ဘူး။ အဲဒါကြောင့် ကျွန်တော် ဖုန်းတလုံး ဖြစ်ချင်တယ်" တဲ့။

ဇာတ်လမ်းကိုလည်း ကြားပြီးရော ယောက်ျားဖြစ်သူပါ အရမ်း စိတ်မကောင်း ဖြစ်သွားပြီး "ဘယ်သူရေးတာလဲ" လို့ မေးတယ်။ မိန်းမဖြစ်သူ ဖြေလိုက်တာက "ငါတို့သား ရေးတာ" တဲ့။

ခေတ်မီပစ္စည်းတွေဟာ ကောင်းပါတယ်။ ဒါပေမယ့် ဒါတွေဟာ မိသားစုနဲ့ ဆက်သွယ်တာ လွယ်ကူစေဖို့ ဖြစ်ရမယ်။ စိတ်ပိုင်းဆိုင်ရာ အဆက်အသွယ် ပြတ်ဖို့ မဖြစ်ရပါဘူး။

ကလေးတွေ ဆိုတာ သူတို့ အနီးအနားမှာ ဖြစ်ပျက်နေတာ မှန်သမျှ မြင်တယ်။ ခံစားတယ်။ အဲဒါတွေကို သူတို့ရဲ့ စိတ်နှလုံးထဲမှာ စွဲပြီး သူတို့ဘဝမှာ အများကြီး သက်ရောက်မှု ရှိပါတယ်။ သူတို့လေးတွေ ကောင်းကောင်း ကြီးပြင်းစေဖို့ ကလေးတွေကို လိုအပ်တဲ့ ဂရုစိုက်မှုလေးတွေ ပေးကြရအောင်ပါ။ Crd

Post a Comment

0 Comments