သူ့ဘက်ကိုလည်း မြင်ကြည့်ပါ

အိမ်မှာ ချွေးမတယောက် ရှိတယ်။ အိမ်မှုကိစ္စတွေ အကုန် နိုင်နင်းစေ ချင်တယ်။ သူများကို ပေးစားလိုက်တဲ့ ကိုယ့်ရဲ့ သမီးတယောက် ရှိတယ်။ အဲဒီအိမ်မှာ သူ့ကို ဖူးဖူးမှုတ်ထား စေချင်တယ်။

ကိုယ်လမ်းလျှောက် တုန်းက ကားမောင်းတဲ့ လူကို အပြစ်တင်မိတယ်။ ကိုယ်ကားမောင်း ပြန်တော့ လမ်းလျှောက်တဲ့ လူကို ဆဲဆိုမိ ပြန်တယ်။

သူများဆီမှာ အလုပ်သမား လုပ်တုန်းက အလုပ်ရှင်ကို ဆိုးတယ်၊ ကပ်တယ်လို့ ပြောဆိုဖူးတယ်။ ကိုယ်က အလုပ်ရှင် ပြန်ဖြစ်တော့ အလုပ်သမားတွေ မကြိုးစားဘူး ဆိုပြီး ငြူစူပြန်တယ်။

ကိုယ်တိုင် ဈေးဝယ်တုန်းက ဆိုင်ရှင်ကို အမြတ်ကြီး စားတယ်၊ လောဘကြီးတယ် ပြောတယ်။ ကိုယ်ကိုယ်တိုင် ဆိုင်ရှင် ပြန်ဖြစ်တော့ ဈေးဝယ်တွေ ဂျီးများလွန်းတယ် လို့ ထင်မိ ပြန်တယ်။

အမှန်တော့ ကျွန်တော်တို့ အားလုံး မမှားကြ ပါဘူး။ နေရာချင်း မတူတော့ စဉ်းစားပုံချင်း မတူလို့ပါ။ နေရာ လဲပြီးသာ စဉ်းစားတတ်ကြမယ် ဆိုရင် အားလုံး အဆင်ပြေသွား ပါလိမ့်မယ်။

တခုခု လုပ်တော့မယ်၊ ပြောတော့မယ် ဆိုရင် အဲ့ဒီလူ နေရာ ခဏလောက် ဝင်ခံစား ကြည့်ပါ။ ရင်ထဲမှာ တခုခု မြင်လာ ပါလိမ့်မယ်။ သူ့ရဲ့ လုပ်ဆောင်ချက်နဲ့ ငါရဲ့ လုပ်ဆောင်ချက်၊ သူပေးဆပ်မှုနဲ့ ငါပေးဆပ်မှု တူလား။

အဲ့လိုတွေ တွေးတတ်လာတဲ့ တနေ့ ကိုယ့်ရင်ထဲမှာ ကိုယ်ချင်းစာတရား ရှိလာပြီး ဘယ်နေရာကို ရောက်ရောက်၊ ဘယ်နေရာမှာပဲ နေနေ အဆင်ပြေလာ မှာပါ။ Crd

Zawgyi

သူ႔ဘက္ကိုလည္း ျမင္ၾကည့္ပါ

အိမ္မွာ ေခြၽးမတေယာက္ ရွိတယ္။ အိမ္မႈကိစၥေတြ အကုန္ ႏိုင္နင္းေစ ခ်င္တယ္။ သူမ်ားကို ေပးစားလိုက္တဲ့ ကိုယ့္ရဲ႕ သမီးတေယာက္ ရွိတယ္။ အဲဒီအိမ္မွာ သူ႔ကို ဖူးဖူးမႈတ္ထား ေစခ်င္တယ္။

ကိုယ္လမ္းေလွ်ာက္ တုန္းက ကားေမာင္းတဲ့ လူကို အျပစ္တင္မိတယ္။ ကိုယ္ကားေမာင္း ျပန္ေတာ့ လမ္းေလွ်ာက္တဲ့ လူကို ဆဲဆိုမိ ျပန္တယ္။

သူမ်ားဆီမွာ အလုပ္သမား လုပ္တုန္းက အလုပ္ရွင္ကို ဆိုးတယ္၊ ကပ္တယ္လို႔ ေျပာဆိုဖူးတယ္။ ကိုယ္က အလုပ္ရွင္ ျပန္ျဖစ္ေတာ့ အလုပ္သမားေတြ မႀကိဳးစားဘူး ဆိုၿပီး ျငဴစူျပန္တယ္။

ကိုယ္တိုင္ ေဈးဝယ္တုန္းက ဆိုင္ရွင္ကို အျမတ္ႀကီး စားတယ္၊ ေလာဘႀကီးတယ္ ေျပာတယ္။ ကိုယ္ကိုယ္တိုင္ ဆိုင္ရွင္ ျပန္ျဖစ္ေတာ့ ေဈးဝယ္ေတြ ဂ်ီးမ်ားလြန္းတယ္ လို႔ ထင္မိ ျပန္တယ္။

အမွန္ေတာ့ ကြၽန္ေတာ္တို႔ အားလုံး မမွားၾက ပါဘူး။ ေနရာခ်င္း မတူေတာ့ စဥ္းစားပုံခ်င္း မတူလို႔ပါ။ ေနရာ လဲၿပီးသာ စဥ္းစားတတ္ၾကမယ္ ဆိုရင္ အားလုံး အဆင္ေျပသြား ပါလိမ့္မယ္။

တခုခု လုပ္ေတာ့မယ္၊ ေျပာေတာ့မယ္ ဆိုရင္ အဲ့ဒီလူ ေနရာ ခဏေလာက္ ဝင္ခံစား ၾကည့္ပါ။ ရင္ထဲမွာ တခုခု ျမင္လာ ပါလိမ့္မယ္။ သူ႔ရဲ႕ လုပ္ေဆာင္ခ်က္နဲ႔ ငါရဲ႕ လုပ္ေဆာင္ခ်က္၊ သူေပးဆပ္မႈနဲ႔ ငါေပးဆပ္မႈ တူလား။

အဲ့လိုေတြ ေတြးတတ္လာတဲ့ တေန႔ ကိုယ့္ရင္ထဲမွာ ကိုယ္ခ်င္းစာတရား ရွိလာၿပီး ဘယ္ေနရာကို ေရာက္ေရာက္၊ ဘယ္ေနရာမွာပဲ ေနေန အဆင္ေျပလာမွာပါ။ Crd

Post a Comment

0 Comments