ကတိတခု

မိန်းကလေး တယောက်ဟာ သူ့ချစ်သူ ကောင်လေးနဲ့ ၆ နှစ်ကြာ လက်တွဲခဲ့တယ်။ ဒါပေမယ့် ချစ်သူကောင်လေးက သူမကို လက်ထပ်ယူဖို့ စိတ်ကူး မရှိခဲ့ဘူး။ အဲဒါကြောင့် ဒီ ၆ နှစ်ကြာ အချစ်ဇာတ်လမ်းကို ဖြတ်တောက်ပစ်ဖို့ သူမ ရွေးခြယ်လိုက်တယ်။

သူမရဲ့ အခုလက်ရှိ ခင်ပွန်းကို အိမ်ထောင်ဖက် တွေ့တဲ့အနေနဲ့ စတွေ့တဲ့ အချိန်တုန်းက သူမ အိမ်ထောင်ပြုချင်ပြီ လို့ ပြောခဲ့တယ်။ သူမရဲ့ခင်ပွန်းက တချက် ပြုံးသွားတယ်။ အတူတူ ထမင်းစားခဲ့ ကြပြီး ပျော်ရွှင်စွာ စကားတွေ ပြောခဲ့ကြတယ်။

နောက်တနေ့ သူတို့ ၂ ယောက်လုံးက အိမ်မှာ မိဘတွေကို ပြောလိုက်ကြတယ်။ တပတ်လောက် ကြာတော့ သူတို့ စေ့စပ်ကြတယ်။ ၂ ပတ်လောက် ကြာပြီးနောက် သူတို့ လက်ထပ်သွားကြတယ်။ အခု ၄ နှစ် ရှိသွားခဲ့ပြီ။ သူတို့မှာ ၃ နှစ် အရွယ် သားလေး တယောက်နဲ့ ပျော်ရွှင်စွာ အတူတူ နေထိုင်နေ ကြတယ်။

အဲဒီ မိန်းကလေးက ပြောခဲ့တယ်။ လူတယောက်က နင်ကို ချစ်တယ် မချစ်ဘူး ဆိုတာ အတူတူ တွဲခဲ့တဲ့အချိန် ဘယ်လောက် ကြာခဲ့သလဲ ဆိုတာ မဟုတ်ပဲ သူက နင့်ကို ကတိတခု ပေးနိုင်တာ ပါပဲ။ နောက်ပြန်လှည့်တာ ပြန်အဖက်ဆယ် တာတွေ ငါမသိဘူး။

ငါသိတာက ငါ့ကို ချစ်တဲ့သူက ငါ့နားက ထွက်သွားမှာ မဟုတ်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ငါဝမ်းနည်းမယ် ဆိုတာ သူသိနေလို့ပဲ။ အိပ်ချင်ယောင် ဆောင်သူကို နှိုးရခက်တယ်။ မချစ်တတ်တဲ့ သူကို ပြောရခက်တယ်။

ဒီလောကကြီးထဲမှာ မချစ်တဲ့ အကြောင်းပြချက်တွေ အများကြီးပဲ။ အလုပ်မအားတာ ပင်ပန်းတာ နင့်အတွက် ကောင်းစေချင်လို့ပါ ဆိုတာတွေပေါ့။ ချစ်တယ် ဆိုတာကျတော့ ဖော်ပြမှု တခုပဲ ရှိတယ်။ အဲဒါက နင်နဲ့ အတူ နေချင်တယ်။ နင့်ကို သာယာပျော်ရွှင်တဲ့ မိသားစုလေး ပေးချင်တယ်။

မိန်းမတွေ ဗိုက်ဆာလောင်နေချိန်မှာ ဟန်ဆောင်တတ်တဲ့ ယောက်ျားက "နင်စားဖို့ တခုခု သွားဝယ်ပေးရမလား" လို့ ပြောလိမ့်မယ်။ တကယ်ချစ်တဲ့ ယောက်ျားက "လာ၊ ထမင်းသွားစားကြမယ်" ဆိုပြီး ပြောလိမ့်မယ်။

မိန်းမတွေ မွေးနေ့ကို ရောက်ရင် ဟန်ဆောင်တတ်တဲ့ ယောက်ျားက "နင်ဘာကြိုက်လဲ" လို့ မေးတတ်တယ်။ တကယ်ချစ်တဲ့ ယောက်ျားက မိန်းမရှေ့မှာ လက်ဆောင်ချပေးပြီး "ဒါနင့်အတွက် လက်ဆောင်" လို့ ပြောတတ်ကြတယ်။

မိန်းမတွေ ခရီးသွားလို့ ပြန်လာရင် ဟန်ဆောင်တတ်တဲ့ ယောက်ျားက "ကိုယ်လာကြိုရမလား" လို့ ပြောတတ်ကြတယ်။ တကယ်ချစ်တဲ့ယောက်ျားက "ကားဂိတ်မှာ ကိုယ်စောင့်နေမယ်" လို့ ပြောတယ်။

လူတယောက်အတွက် တဘဝစာ မှန်ကန်တဲ့ ရွေးချယ်မှုက အရေးအကြီးဆုံးပဲ။ သင့်ကို နွေးထွေးမှု မပေးနိုင်တဲ့ ယောက်ျားတယောက်ဟာ သင့်ကို ပြဿနာတွေပဲ ဖန်တီးပေးနေ ပါလိမ့်မယ်။ Crd

Post a Comment

0 Comments