နောင်တ

တခါတုန်းက အရမ်းနဲ့မှ စိတ်ဆိုး စိတ်ကောက်တတ်တဲ့ ကောင်မလေး တယောက် ရှိတယ်။ သူ့ရဲ့ ချစ်သူ အပေါ်လည်း အရမ်းလည်း ဆိုးတယ် အရမ်းလည်း အနိုင်ယူခဲ့တယ်။ ကောင်လေးက ချစ်တော့ အမြဲတမ်း အလို လိုက်ခဲ့တယ်။

တနေ့တော့ သူတို့ နှစ်ယောက် အပြင်မှာ တွေ့ဖို့ ချိန်းထားကြတယ်။ ကောင်လေးက အရေးကြီး ကိစ္စ တခု ရှိလို့ မလာနိုင် ရှာဘူး။ မလာတွေ့နိုင်တော့ ကောင်မလေး အရမ်း စိတ်ဆိုးသွားတယ်။ လိုက်တွေးတယ်ပေါ့။

ကောင်မလေးက စိတ်အရမ်း ဆိုးတတ်တော့ ကောင်လေး ဖုန်းဆက်လည်း သူမကိုင်ဘူး။ message ပို့လည်း သူမကြည့်ဘူး။ ကောင်လေးက အရမ်း ဝမ်းနည်းလာတယ်။

ဒီလိုနဲ့ပဲ နေလာကြတာ တပတ် အကြာမှာ ကောင်မလေးက သူ့ချစ်သူ ကောင်လေးဆီ ဖုန်းဆက်တယ်။ ဖုန်းလာတာ မြင်တော့ ကောင်လေး အရမ်း ပျော်သွားတယ်။ ဖုန်းပြောတော့ ကောင်မလေးက ပြောတယ်။ ငါတို့ လမ်းခွဲ ကြရအောင် တဲ့။

အမှန်တော့ ကောင်မလေးက တောင်းပန်တာ ခံချင်လို့ အချော့ ခံချင်လို့ ပြောလိုက် တာပါ။ ကောင်လေးက သူ လမ်းခွဲပေး လိုက်ရင် သူ့ချစ်သူ ကောင်မလေး ပျော်မယ်ဆိုပြီး သူ့အတွေးနဲ့ လမ်းခွဲပေး လိုက်တယ်။

လမ်းခွဲစကား ပြောပြီးတာနဲ့ ကောင်လေးက အရမ်း စိတ်ထိခိုက်ပြီး ဘာမှမစား ဘာမှ မလုပ်ပဲ နေခဲ့တယ်။ ကောင်မလေးက သူထင်တဲ့ အတိုင်း မဟုတ်တော့ အရမ်း စိတ်ဆိုးပြန်တယ်။ မာနခဲပြီး နေလာခဲ့တယ်။

၃ လ ပြည့်တော့ ကောင်မလေးက မနေနိုင်ဘူး။ ကောင်လေးဆီ ဖုန်းဆက်တယ်။ ဖုန်းကလဲ အကြာကြီးမှ ကိုင်တယ်။ ဖုန်းကိုင်တော့ ငိုသံပေါက်နေတဲ့ ကောင်လေး အမေက ဖုန်းကိုင်တယ်။ "ဟယ်လို ဘယ်သူလဲ မသိဘူး ကိုကိုလား"

ကောင်လေး အမေက ပြောတယ်။ "မဟုတ်ဘူး သမီး။ သမီးက ဘယ်သူလဲ"

"သမီးက အန်တီသားရဲ့ ချစ်သူပါ။ သူဘယ်မှာလဲ အန်တီ" ဆိုတော့

"သမီး မသိဘူးလား သားဆုံးတာ တလတောင် ရှိနေပြီး ထမင်းမစားတာ များတော့ အစာအိမ် ဖြစ်ပြီး ဆုံးသွားတယ်"

အဲ့လို ကြားတော့ ကောင်မလေးက အရမ်း ဝမ်းနည်းသွားတယ်။ ကောင်လေး အမေက ပြောတယ်။

"မနက်ဖြန် သားရဲ့ ရက်လည် ဆွမ်းကျွေးတယ်။ သမီး လာခဲ့နော်" တဲ့။

ကောင်မလေးက ဘာမှ မပြောပဲ ငိုနေတယ်။ ဒီလိုနဲ့ပဲ တယောက်ထဲ အထီး ကျန်ခဲ့တယ်။ MJW

Post a Comment

0 Comments