တခါတုန်းက ကျားကြီး တကောင်ဟာ ခွေးရူးကို တွေ့တာနဲ့ ချက်ချင်း ရှောင်ပုန်းလိုက် ပါတယ်။ ကျားငယ်က မေးပါတယ်။
"အဖေက ခြင်္သေ့ ကိုလည်း တိုက်ရဲတယ်။ ကျားသစ် ကိုလည်း နိုင်တယ်။ ဘာမှ မဟုတ်တဲ့ ခွေးရူး ကျတော့ ရှောင်ပုန်းတယ်။ သိက္ခာ မကျဘူးလား အဖေ" တဲ့။
ထိုအခါ ကျားကြီးက သူ့သားကို "ခွေးရူးကို နိုင်တော့ ဂုဏ်ယူစရာ ကောင်းသလား သား" လို့ ပြန်မေးလိုက် ပါတယ်။ ကျားငယ်က ခေါင်းခါ ပါတယ်။ "ခွေးရူးတချက် အကိုက် ခံရရင်ရော တန်သလား" ဆိုတော့ ကျားငယ်က ခေါင်းခါ ပြန်တယ်။
"ဒါဆိုရင် ငါတို့ ဘာလို့ ခွေးရူးကို သွားရန်စရ မှာလဲ။ ခွေးရူးဆိုတာ စိတ်ဖောက် နေတဲ့ အကောင်၊ တွေ့ကရာ လျှောက်ကိုက် နေတဲ့ အကောင်။
အကောင်တိုင်းဟာ ငါတို့ကို ယှဉ်ပြိုင်ဖို့ တန်တာ မဟုတ်ပါဘူး။ အဲဒါ သား မြဲမြဲမှတ်ထား။ တချို့ လူတွေလို မလုပ်ပါနဲ့။ တချို့လူတွေက ခွေးရူးနဲ့ ပြိုင်ကိုက် နေကြတာ" တဲ့။
တစုံတယောက်၏ စော်ကား မော်ကား အပြုအမူ အပြောအဆို တွေကြောင့် ဒေါသထွက် တုန့်ပြန်ချင်စိတ် ပြင်းပြနေသော မိတ်ဆွေကို ဒီပုံပြင်လေးက နှစ်သိမ့်နိုင်ပါစေ။ AungKyawKyaw
Zawgyi
မတန်ပါဘူး

0 Comments