အမြင်ကျဉ်းနေရင် မအောင်မြင်နိုင်ဘူး

ဥက္ကဋ္ဌက မိန်းကလေး ဝန်ထမ်း (၂) ဦးကို ရုံးခန်းထဲ ခေါ် ပြီး စကားပြောတယ်။ အခန်းထဲ ရောက်တော့ ကောင်မလေး တဦးက ရာထူးတိုး ခံရတယ်။ နောက် တယောက် ကတော့ ဒီလို ရာထူးတိုးရင် သူကျန်ခဲ့လိမ့်မယ်လို့ မထင်ထားတော့ အံ့သြ သွားတယ်။

"B မင်း ရာထူးတိုးတယ်။ ကုမ္ဗဏီအုပ်စု တစုရဲ့ ခေါင်းဆောင် ဖြစ်သွားပါပြီ"

ဒီလို ကြားတာနဲ့ ကောင်မလေး A က "ကျွန်မ တခုခု အမှား လုပ်ခဲ့မိလို့လား၊ ဒါမှမဟုတ် ကျွန်မ နောက်ကျမှ ရောက်လို့လား" လို့ ချက်ချင်း ပြန်မေးလိုက်တယ်။

ဥက္ကဌက "မဟုတ်ပါဘူး" လို့ ပြန်ဖြေတယ်။

"ဒါဆိုရင် ဘာဖြစ်လို့ ကျွန်မက ရာထူး မတိုးတာလဲ။ ကျွန်မက သူ့ထက်တောင် အရင် ဒီကုမ္ဗဏီမှာ အလုပ် လုပ်တာလေ"

ဥက္ကဌက ဘာမှ ပြန်မဖြေ တော့ဘူး။ ဒါပေမဲ့ ကောင်မလေး (၂) ယောက် စလုံးကို အလုပ်တခု ပေးလိုက်တယ်။ ကောင်မလေး (၂) ယောက်လုံးကို ကုမ္ပဏီပစ္စည်း လာလေ့လာမယ့် နိုင်ငံခြား ကုမ္ဗဏီကို ဆက်သွယ်ခိုင်းတယ်။ ဒီလိုနဲ့ (၁၀) မိနစ် နောက်ပိုင်း ကောင်မလေး A က အခန်းထဲကို ဝင်လာတယ်။

ဥက္ကဋ္ဌက – ဘယ်လိုလဲ Customer ကုမ္ပဏီ ကို ဆက်သွယ်လို့ ရပြီလား။

A – ရပါပြီရှင့် Customer တွေက နောက်တပတ် အတွင်း ပစ္စည်းတွေ လာကြည့်လိမ့်မယ်။

ဥက္ကဌ – နောက်တပတ် ဘယ်နေ့လဲ။

A – အင်း ကျွန်မ မမေးမိ လိုက်ဘူး၊ ကျွန်မ နောက်တကြိမ် ဖုန်းဆက်ပြီး မေးလိုက်ပါ့မယ်။

ဥက္ကဌ – ဘယ်နှစ်ယောက် လာမှာလဲ။

A – ခုဏက ဆရာ ကျွန်မကို ဒီအချက် မေးဖို့ မပြောလိုက် ဘူးနော်။

ဥက္ကဌ – ပြီးတော့ ဘယ်လို လာကြမှာလဲ။ လေကြောင်း နဲ့လား ကားနဲ့ လာမှာလား။

A – ခုဏက ဆရာ ကျွန်မကို ဒီအချက်လည်း မေးဖို့ မပြောလိုက် ဘူးနော်။

ဒီလိုနဲ့ ဥက္ကဌက အချက်အလက်ကို စက္ကူပေါ် ချရေးပြီး ကောင်မလေး B ကို အခန်းထဲ လာဖို့ ခေါ်လိုက်တယ်။ B အခန်းထဲရောက်တာနဲ့ အလုပ်အကြောင်းကို အသေးစိပ် ပြောပြတယ်။

"customer တွေ ကျွန်မတို့ ကုမ္ဗဏီကို နောင်တပတ် သောကြာနေ့ ရောက်မယ် ။ လေယဉ်စီးပြီး လာကြပါမယ်။ လေယာဉ်က ဟိုကနေ (၃) နာရီလောက် တက်မယ်။ ဒီကို (၆) နာရီလောက် ရောက်မယ်။

Team အကုန်လုံး (၅) ယောက် ပါ ပါမယ်။ ပြီးတော့ သူတို့ကို လေယာဉ်ကွင်းမှာ ကျွန်မတို့ ရုံးက သွားကြိုမယ့်သူ စီစဉ်ပေး ထားပြီးလို့ ပြောပြီးပါပြီ။

ကျွန်မကို ဟိုတယ် ချက်ချင်း Booking လုပ်ထား ခိုင်းမှာလား။ ပစ္စည်းပြမယ့် နေရာနဲ့ အနီးဆုံး ဟိုတယ် ဆိုရင် အဆင်ပြေဆုံးဖြစ်မှာပါ။ ဒါကြောင့် နည်းနည်းစောစော booking လုပ်ရအောင်ပါ။

အော် ပြီးတော့ နောက်တချက်က ကျွန်မ နောက်တပတ်ရဲ့ ရာသီဥတုကို ကြည့်လိုက်သေးတယ်။ တပတ်လုံး မိုးရွာဖို့ ရှိတယ်။ အဲ့ဒါကို customer ဆီ ပြောပေးပြီး ပါပြီ။ အစီအစဉ်အပြောင်းအလဲ ရှိမှာ စိုးလို့ပါ"

B ပြောလို့ ပြီးသွားတာနဲ့ ဥက္ကဌ က A ရဲ့ မျက်နှာကို ကြည့်လိုက်တယ်။ A အရမ်း ရှက်သွားပါတယ်။ သူအလုပ် လုပ်တာ တကယ်မကောင်းမှန်း သူသိလိုက်ရတယ်။

သူမ ဆုံးဖြတ်ချက် ချလိုက်တယ်။ သူမ အဲ့ဒီရက်ပဲ ထွက်စာ တင်လိုက်ပါတယ်။ အိမ်ရောက်တာနဲ့ သူ့ဆရာဟောင်းဆီ ကနေ message စာလေး ရောက်လာတယ်။

မင်းဘာပဲ လုပ်လုပ် အောင်မြင်နိုင်မယ့် အရေးကြီးဆုံးအချက်က

(၁) ဘယ်ကုမ္ဗဏီမှ ပျင်းတဲ့ အလုပ်သမားကို မခေါ်ထား၊ ရေရှည် လက်မတွဲထား ချင်ဘူး။

(၂) ကိုယ့်ကိုယ်ကို တန်ဖိုးရှိအောင် အရင်ကြိုးစားပါ။ ပိုက်ဆံ ရဖို့ပဲ မကြည့်ပါနဲ့။ ကိုယ်သာတန်ဖိုးရှိတယ် လုပ်နေတဲ့ အလုပ်အပေါ် တန်ဖိုးထား စေတနာ ထားရင် ပိုက်ဆံနဲ့ ရပိုင်ခွင့် ဆိုတာ အလိုလို နေရင်းနဲ့ ကိုယ့်ဆီရောက်လာမှာပါ။

(၃) ဘယ်အလုပ်မဆို ခက်ခဲတာပဲ၊ အားစိုက်ရတာပဲ။ လွယ်ကူတဲ့ အလုပ်ဆိုတာ မရှိပါဘူး။

(၄) အလုပ် တိုင်းမှာ ပြဿသနာ ရှိတယ် ဆိုတာ သာမာန် ဖြစ်ရိုးဖြစ်စဉ် ကိစ္စပါ။ ပြသနာ မရှိမှပဲ ထူးဆန်း ပါလိမ့်မယ်။

(၅) တခုခု လုပ်ရတဲ့ ချိန်မှာ ပိုက်ဆံ မရဘူးဆိုရင် ဗဟုသုတ ရတယ်လို့ မှတ်ထားလိုက်ပါ။ ဗဟုသုတ မရဘူးဆိုရင် အတွေ့အကြုံ ရတယ်လို့ မှတ်ပါ။ အကယ်၍ နှစ်မျိုးလုံး ရတယ်ဆိုရင် ဘယ်တော့မှ ထမင်းငတ် မသေဘူး။

(၆) အလုပ်မှာ ကိုယ့်ရဲ့ အသင်းသားတွေကို မပြောင်းလဲနိုင်တဲ့ ချိန်မှာ ကိုယ့်ရဲ့ အမြင် vision ကို အရင် ပြောင်းလဲပါ။

သူမ ဒီစာလေး ဖတ်ပြီးတဲ့ ချိန်မှာ သူမ အတိတ်က အလုပ် လုပ်လာတာ တကယ် စိတ်နှစ်ပြီး မလုပ်ခဲ့မှန်း သူမ သိလိုက်တယ်။ ပြီးနောက် သူမရဲ့ ဆရာဆီကို လမ်းပြပေးတဲ့ အတွက် ကျေးဇူးတင်တဲ့ စာလေး ပို့လိုက်တယ်။

သူမအတွက် ကျတော့ ဒီနေ့က စပြီး အလုပ်အသစ်ကို လျှောက်ပြီး အရင်ထက် ပိုကြိုးစားပြီး အလုပ်လုပ်ဖို့ ဆုံးဖြတ်ထား ပါတယ်။ ဥက္ကဌက တကယ်ကောင်းကောင်း သူမကို သင်ခန်းစာ ပေးနိုင်ခဲ့ ပါတယ်။

အလုပ်တိုင်းက တခုနဲ့ တခု မတူတဲ့ ပြသနာတွေ အခက်အခဲတွေ ရှိကျစမြဲပါပဲ။ အားလုံးအတွက် အားအင်တခု ဖြစ်ပါစေ။

Nan September Sein

Post a Comment

0 Comments