မဆီမဆိုင်သောကိစ္စ

တခါတုန်းက လားတကောင်ဟာ စားကျက်ခင်းမှာ မြက်စားနေတုန်း ဝံပုလွေ တကောင်က ကိုက်စားဖို့ လာတာကို မြင်တွေ့လိုက်တယ်။ ဒါကြောင့် သူဟာ ခြေထောက် နာချင်ယောင် ဆောင်လိုက်တယ်။

ဝံပုလွေက အနီးကို ရောက်လာပြီးနောက် "ဘာကြောင့် သင့်ခြေထောက်မှာ ဒဏ်ရာ ရရှိနေသလဲ" လို့ မေးတာပေါ့။ လားက ခြံစည်းရိုး တခုကို ခုန်ကူးတုန်းက ဆူးစူးတာပါ"

ပြီးတော့ လားက ဝံပုလွေကို အကြံပေး လိုက်တယ်။ "သူ့ကို မစားခင် ဒီဆူးကို နှုတ်ပေးပါ" ပေါ့။ "ဒါမှ အသင် ဝံပုလွေက ကျန်ုပ်ကို စားတဲ့ အခါမှာ လည်ချောင်းမှာ ဆူးမစူးတော့မှာ" ဆိုပြီး ဝံပုလွေကို ပြောလိုက်တယ်။

အဲဒါနဲ့ ဝံပုလွေလည်း လားရဲ့ ခြေထောက်ကို ငုံ့ကြည့်လိုက် ပါတယ်။ ဝံပုလွေက သူ့ခြေထောက်ကို အသေအချာ ကြည့်ရှုနေတုန်း လားက ဝံပုလွေရဲ့ ပါးစပ်ကို ကန်ကျောက်လိုက်လို့ ဝံပုလွေဟာ သွားတွေ ကျိုးကုန်တယ်။

ဒီတော့မှ ဝံပုလွေက ဝမ်းနည်းစွာ ရေရွတ်လိုက်တယ်။ "ငါ့အပြစ်နဲ့ငါ ခံလိုက်ရတာပဲ။ ငါ့အဖေက သားကောင်တွေကို ဖမ်းယူစားသောက်ဖို့ သင်ပေးခဲ့တယ်။ အဖေ့ရဲ့ ညွှန်ကြားမှုမှာ ငါဟာ မဆီမဆိုင်တာကို လုပ်ဖို့ဆိုတာ မပါဘူး" ဆိုပြီး ထွက်ခွာသွား ပါတော့တယ်။

သင်ခန်းစာ။ ။ ကိုယ်နဲ့ လုံးဝ မဆိုင်တဲ့ ကိစ္စတွေမှာ ဝင်မပါ ဝင်မယောင်ခြင်းဖြင့် ခေါင်းအေးအေး အိပ်စက်ပါ။ စိတ်ချမ်းသာစွာ နေထိုင်ပါ။ Crd

Zawgyi

မဆီမဆိုင္ေသာကိစၥ

တခါတုန္းက လားတေကာင္ဟာ စားက်က္ခင္းမွာ ျမက္စားေနတုန္း ဝံပုေလြ တေကာင္က ကိုက္စားဖို႔ လာတာကို ျမင္ေတြ႕လိုက္တယ္။ ဒါေၾကာင့္ သူဟာ ေျခေထာက္ နာခ်င္ေယာင္ ေဆာင္လိုက္တယ္။

ဝံပုေလြက အနီးကို ေရာက္လာၿပီးေနာက္ "ဘာေၾကာင့္ သင့္ေျခေထာက္မွာ ဒဏ္ရာ ရရွိေနသလဲ" လို႔ ေမးတာေပါ့။ လားက ၿခံစည္း႐ိုး တခုကို ခုန္ကူးတုန္းက ဆူးစူးတာပါ"

ၿပီးေတာ့ လားက ဝံပုေလြကို အႀကံေပး လိုက္တယ္။ "သူ႔ကို မစားခင္ ဒီဆူးကို ႏႈတ္ေပးပါ" ေပါ့။ "ဒါမွ အသင္ ဝံပုေလြက က်ႏ္ုပ္ကို စားတဲ့ အခါမွာ လည္ေခ်ာင္းမွာ ဆူးမစူးေတာ့မွာ" ဆိုၿပီး ဝံပုေလြကို ေျပာလိုက္တယ္။

အဲဒါနဲ႔ ဝံပုေလြလည္း လားရဲ႕ ေျခေထာက္ကို ငုံ႔ၾကည့္လိုက္ ပါတယ္။ ဝံပုေလြက သူ႔ေျခေထာက္ကို အေသအခ်ာ ၾကည့္ရႈေနတုန္း လားက ဝံပုေလြရဲ႕ ပါးစပ္ကို ကန္ေက်ာက္လိုက္လို႔ ဝံပုေလြဟာ သြားေတြ က်ိဳးကုန္တယ္။

ဒီေတာ့မွ ဝံပုေလြက ဝမ္းနည္းစြာ ေရ႐ြတ္လိုက္တယ္။ "ငါ့အျပစ္နဲ႔ငါ ခံလိုက္ရတာပဲ။ ငါ့အေဖက သားေကာင္ေတြကို ဖမ္းယူစားေသာက္ဖို႔ သင္ေပးခဲ့တယ္။ အေဖ့ရဲ႕ ၫႊန္ၾကားမႈမွာ ငါဟာ မဆီမဆိုင္တာကို လုပ္ဖို႔ဆိုတာ မပါဘူး" ဆိုၿပီး ထြက္ခြာသြား ပါေတာ့တယ္။

သင္ခန္းစာ။ ။ ကိုယ္နဲ႔ လုံးဝ မဆိုင္တဲ့ ကိစၥေတြမွာ ဝင္မပါ ဝင္မေယာင္ျခင္းျဖင့္ ေခါင္းေအးေအး အိပ္စက္ပါ။ စိတ္ခ်မ္းသာစြာ ေနထိုင္ပါ။ Crd

Post a Comment

0 Comments