ဥ မဥသောကြက်

ကြက်ကလေးက ကြက်အမေကြီးကို မေးတယ်။ "မေမေ ဒီနေ့ ဥ မဥလို့ ရလား။ သားတို့ အပြင်ထွက် လျှောက်လည် ကြမယ်လေ" လို့ ပြောတော့ ကြက်မကြီးက "မရဘူးသား၊ မေမေ့အလုပ် ရှိသေးတယ်" လို့ ပြောတယ်။

ကြက်ကလေးက "ဒါပေမယ့် မေမေ အများကြီး ဥခဲ့ ပြီးပြီလေ" လို့ ပြောတယ်။ ထိုအခါ ကြက်မကြီးက လေးလေးနက်နက် အသံနဲ့ ကြက်ကလေးကို ပြန်ပြောတယ်။ "အမေ တနေ့ ဥတလုံး ဥမှ လယ်သမားကြီးရဲ့ ဟင်းခွက်ထဲ မရောက်မှာ။

သားငယ် မင်းမှတ်ထားပါ၊ အသက်ရှင် ရပ်တည်မှု ဆိုတာ ဖန်တီး ထုတ်လုပ်မှုရဲ့ တန်ဖိုး၊ သေဆုံးမှု ဆိုတာ အဲဒီတန်ဖိုး မဲ့သွားလို့။ အရင်က လုပ်ခဲ့သမျှက အနာဂတ် နေရာ မြဲဖို့ဘယ်လိုမှ မစွမ်းဆောင် နိုင်ဘူး။ အဲဒါကြောင့် နေ့တိုင်း နေ့တိုင်း ကြိုးစား အားထုတ်ရမယ်။

တကယ်လို့ မင်းက သိမ်းငှက်တကောင် ဆိုရင် ဘယ်သူမှ လက်ခုပ် မတီးလည်း မင်း အမြင့်ပေါ်မှာ ပျံသန်းနေ ရမယ်။တကယ်လို့ မင်းက မြက်ကလေး တပင်ဆိုရင် ဘယ်သူမှ လာတန်ဖိုး မထားလည်း မင်း ရှင်သန် နေရမယ်။

တကယ်လို့ မင်းက ချောက်ကမ်းပါးပေါ်က ပန်းတပွင့် ဆိုရင် ဘယ်သူမှ လာမွှေးမယ့်သူ မရှိလည်း မင်းဟာ မွှေးကြိုင် သင်းပျံ့နေရမယ်။ တကယ်လို့ မင်းက ဒီဇိုင်နာ ဆိုရင် ဘယ်သူမှ အားပေးမှု မရှိလည်း မင်းရဲ့ ဖန်တီးမှုကို အမြဲ ပြုလုပ်နေရမယ်။

အလုပ်လုပ်တာ လူတိုင်း အားပေးမှ မင်း အလုပ်လုပ်ရမှာ မဟုတ်ပါဘူး။ အကောင်းဆုံးနဲ့ ရေကုန်ရေခမ်း လုပ်ဖို့သာ မင်းတာဝန်ပါ။ အသက်ရှင် ရပ်တည်ဖို့ လူတိုင်း ချစ်ခင်ခံရဖို့ မလိုပါဘူး။ အရိုးစင်းဆုံး နေသွားဖို့သာ မင်းတာဝန်ပါ။

ကိုယ့်ရဲ့ ရည်မှန်းချက် အတွက် တပါးသူရဲ့ ပျက်ရယ် လှောင်ဖွဲ့ခြင်းကို ခံရမယ်။ အဲဒီတော့ ဘာဖြစ်လဲ၊ သူတို့ ပျက်ရယ်မှုကို အောင်မြင်မှုဆီ တပါတည်း ခေါ်သွားပြီး အလှဆင် လိုက်ပေါ့။

စိတ်အား ကျနေစဉ် မျက်နှာမှာ မပေါ်လွင် စေနဲ့၊ ဘာဖြစ်လို့လဲ ဆိုတော့ ဘယ်သူမှ မမြင်ချင် လို့ပါ။ ဆင်းရဲ ကြပ်တည်း နေလည်း ပါးစပ်က ထုတ်မပြောပါနဲ့၊ ဘာဖြစ်လို့လဲ ဆိုတော့ ဘယ်သူမှ အလကား ပိုက်ဆံ မထုတ်ပေးပါ။

အလုပ်အကိုင် အရမ်း ပင်ပန်းနေလည်း ထုတ်ဖော် မညဉ်းညူ လိုက်ပါနဲ့၊ ဘာဖြစ်လို့လဲ ဆိုတော့ ဘယ်သူမှ မင်းအစားထိုး မလုပ်ပေးပါ။ အသက်ကြာကြာ မရှင်ရတော့လည်း မကောင်းမှုကို မပြုပါနဲ့၊ ဘာဖြစ်လို့လဲ ဆိုတော့ ဘယ်သူမှ မင်းအသက်ကို ပိုရှည်အောင် လုပ်နိုင်စွမ်း မရှိလို့ပါ။

အသက်ရှင် ရပ်တည်မှု ခက်ခဲလည်း မျှော်လင့်ချက် မသေဆုံးလိုက် ပါနဲ့၊ ဘာဖြစ်လို့လဲ ဆိုတော့ နောက်မနက်ဖြန် များစွာ ကျန်ရှိနေသေးလို့ ဖြစ်တယ်။ မင်းဘယ်လောက် ဆိုးသွမ်း ဆိုးသွမ်း မိဘကိုတော့ ရိုသေရမယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ မင်းမှာလည်းအိုရမယ့် တရက် ရှိလို့ ဖြစ်တယ်။

တပါးသူက မင်းနောက်ကျောကို ဓားနဲ့ ထိုးမှာ မကြောက်နဲ့၊ အေး ထိုးတဲ့သူက မင်းအချစ်ဆုံးသူ မဖြစ်နေ စေနဲ့။ မင်းစိတ်ထဲ ရှိသမျှ အချစ်ဆုံး သူငယ်ချင်းကို ပြောဖို့ ဝန်မလေးပါဘူး၊ အေး သူက မင်းကိစ္စကို သူများနဲ့ ဟာသတပုဒ်လို အပြောမခံမိ စေနဲ့။

တကယ်လို့ ဝမ်းနည်းစရာ တစုံတခုကို ကြုံတွေ့တိုင်း ကောင်းကင်ကြီးကို မော့ကြည့်ပါ။ သူဒီလောက် ကြီးတာ မင်း ဝှက်ထားစရာ နေရာတခုတော့ ရှိမှာပေါ့။ မင်းကို ကူညီခဲ့ဖူးတဲ့ သူကို မင်းမမေ့နဲ့၊ မင်းကို ချစ်ခဲ့ဖူးတဲ့ သူကို စိတ်ဒဏ်ရာရအောင် မလုပ်နဲ့၊မင်းကို ယုံကြည်ခဲ့ဖူးတဲ့ သူကို မလိမ်ညာပါနဲ့။

အချိန်က အရာအားလုံးကို သက်သေပြနိုင်တယ် လို့ ဘယ်သူမှ အာမ မခံနိုင်ဘူး။ ဒါပေမယ့် မင်း အရာအချို့ကို နားလည်သဘောပေါက် နိုင်မယ်လို့ အာမခံ နိုင်တယ်" Crd

Post a Comment

0 Comments