ငွေထက် သစ္စာတရားက အရေးကြီးတယ်
အိမ်ထောင်တခုမှာ ငွေထက် သစ္စာတရားက ပိုအရေးကြီး ပါတယ်။
၁။ ငွေချမ်းသာ ရုံနဲ့ မပြီးသေးပါဘူး
အိမ်ထောင် မကျခင်က အချစ်ဆိုတာ လေးနက်ပေမယ့် အိမ်ထောက်ကျပြီး သွားရင် အချစ်ဆိုတာ တခါတလေ ဘယ်နား ရောက်နေမှန်းတောင် မသိ ဖြစ်တတ်ပါတယ်။
အဲဒီလို အချစ်တွေ အဝေး တနေရာမှာ ရှိနေခဲ့မယ် ဆိုရင်တောင် သစ္စာတရားကို လက်ကိုင်ထားပါ။ တခါတလေ အိမ်ထောင်တခုမှာ ငွေရှိနေရုံနဲ့ မပြီးပြည့်စုံပါဘူး။
၂။ သစ္စာတရား လက်ကိုင်ထား
ကိုယ့်ခင်ပွန်းသည်အပေါ် လည်းကောင်း၊ ဇနီးသည်း အပေါ် လည်းကောင်း နောက်ကွယ် မှာရော ရှေ့မှာရော မဖောက်ပြန်မိတာ မကောင်းဆုံး။ သစ္စာတရားနဲ့ တည်ဆောင်ထားတဲ့ အိမ်ထောက်ရေးဆိုတာ အလွန်ပျော်ဖို့ ကောင်းပါတယ်။
၃။ သစ္စာမရှိတဲ့ သူများ သွားရာလမ်း
မိမိ အိမ်ထောင်ဖက် အပေါ် သစ္စာဖောက်တဲ့ သူတွေဟာ အိမ်ထောင်ရေးမှာ တည်မြဲဖို့ မလွယ်ပါဘူး။ ပျော်ရွှင်စရာ တွေလည်း မရှိ၊ တသက်တာလုံး စိတ်ဆင်းရဲမှုတွေ ကိုသာ ကြံတွေ့ရ ပါလိမ့်မယ်။ သစ္စာမရှိသူတွေ သွားရာလမ်းဟာ အလွန်ခက်ခဲ ကြမ်းတမ်းပါတယ်။
၄။ သစ္စာတရားနဲ့သာ တည်ဆောက်ပါ
သစ္စာတရားနဲ့ တည်ဆောက်ထားတဲ့ အိမ်ထောင်ရေးထက် ကောင်းတဲ့ အိမ်ထောင်ရေး ဆိုတာ မရှိပါ။ ဒါကြောင့် မိမိ အိမ်ထောင်ရေး သာယာဖို့ သစ္စာတရားလေးကို လေးနက် တန်းဖိုးထားပါ လို့ တိုက်တွန်းလိုက် ရပါတယ်။ ဘဝရဲ့ခရီးသည်
Zawgyi
Post a Comment
0 Comments