တခါတုန်းက မျောက်တကောင်ဟာ သူ့ဗိုက်ကို သစ်ကိုင်းနဲ့ ခြစ်မိလို့ ဒဏ်ရာ ရသွားခဲ့တယ်။ မျောက်က သွေးထွက်နေတဲ့ ဒဏ်ရာကို တွေ့သမျှ မျောက်တိုင်း လိုက်လိုက် ပြတယ်။
တခြား မျောက်တွေက သူ့ကို နှစ်သိမ့်ပြီး ဒဏ်ရာပျောက်ဖို့ ကုသနည်းတွေ အမျိုးမျိုး ပေးကြတယ်။ မျောက်က သူ့ဒဏ်ရာကို ကိုယ်တိုင် မကုသပဲ တွေ့တဲ့ မျောက်တိုင်းကို လှစ်လှစ်ပြပြီး သူတို့ရဲ့ အကြံဉာဏ်ကို နားထောင်ခဲ့တယ်။
နောက်ဆုံးမှာ ဒဏ်ရာက ရောဂါပိုး ဝင်ပြီး မျောက်ဟာ သေသွားခဲ့ ရတယ်။ ဒါကို မျောက်အို တကောင်က "သူက သစ်ကိုင်းခြစ်မိလို့ သေတာ မဟုတ်ဘူး။ သူ့ကိုယ်သူ လုပ်လို့ သေသွားတာ" လို့ ဆိုတယ်။
ဒဏ်ရာဆိုတာ တခါ ပြောရင် တခါ နာရတယ်။ အခြားလူကို လိုက်ပြောပြ နေမယ့်အစား ကိုယ်တိုင် တိတ်တိတ်လေး ကုသနေတာက ပိုကောင်းပါတယ်။ သင် မသန်စွမ်းတာဟာ ဘယ်သူ့ကို ပျော့ညံ့ ပြဖို့လဲ။
သစ်ပင်ပေါ်မှာ နားနေတဲ့ ငှက်တကောင်ဟာ သစ်ကိုင်း ကျိုးကျမှာကို ဘယ်တော့မှ မကြောက်ပါဘူး။ သစ်ကိုင်းကို သူယုံလို့မဟုတ်ပါဘူး။ သူ့အတောင်ပံကို သူယုံလို့ ဖြစ်ပါတယ်။
အနာဂတ်ကို နေ့တိုင်း ပူပန်သောက ရောက်နေမယ့် အစား ယခုလက်ရှိမှာ ပိုကြိုးစား သင့်ပါတယ်။ အောင်မြင်မှု လမ်းကြောင်းပေါ်မှာ ရုန်းကန် ကြိုးစားခြင်း ကသာ သင့်ကို လုံခြုံ စိတ်ချမှုနဲ့ အကျိုးရလဒ်ကို ဖြစ်ထွန်းစေမှာပါ။
ကိုယ့်စိတ်ကူး အိပ်မက်ကို တခြားလူအပေါ် မမှီခိုပါနဲ့။ အားမထားပါနဲ့။ ဘေးပတ်ဝန်းကျင်က ကဲ့ရဲ့ လှောင်ပြောသံကို နားမဝင် ပါနဲ့။ သင်လျှောက်လှမ်း နေတာက သင့်အနာဂတ်ပါ။ သူတို့ အနာဂတ် မဟုတ်ပါဘူး။
ငါ လုပ်နိုင်လား မလုပ်နိုင်ဘူးလား ဆိုတာ မရှိပါဘူး။ ငါ အရ ယူမလား မယူဘူးလား ဆိုတာပဲ ရှိပါတယ်။ သင်သာ မရဲဝံ့ရင် ဘယ်သူက သင့်အစား လာတောင့်ခံပေး မှာလဲ။ Crd
Zawgyi
ေမ်ာက္ရဲ့ဒဏ္ရာ
တခါတုန္းက ေမ်ာက္တေကာင္ဟာ သူ႔ဗိုက္ကို သစ္ကိုင္းနဲ႔ ျခစ္မိလို႔ ဒဏ္ရာ ရသြားခဲ့တယ္။ ေမ်ာက္က ေသြးထြက္ေနတဲ့ ဒဏ္ရာကို ေတြ႕သမွ် ေမ်ာက္တိုင္း လိုက္လိုက္ ျပတယ္။
တျခား ေမ်ာက္ေတြက သူ႔ကို ႏွစ္သိမ့္ၿပီး ဒဏ္ရာေပ်ာက္ဖို႔ ကုသနည္းေတြ အမ်ိဳးမ်ိဳး ေပးၾကတယ္။ ေမ်ာက္က သူ႔ဒဏ္ရာကို ကိုယ္တိုင္ မကုသပဲ ေတြ႕တဲ့ ေမ်ာက္တိုင္းကို လွစ္လွစ္ျပၿပီး သူတို႔ရဲ႕ အႀကံဉာဏ္ကို နားေထာင္ခဲ့တယ္။
ေနာက္ဆုံးမွာ ဒဏ္ရာက ေရာဂါပိုး ဝင္ၿပီး ေမ်ာက္ဟာ ေသသြားခဲ့ ရတယ္။ ဒါကို ေမ်ာက္အို တေကာင္က "သူက သစ္ကိုင္းျခစ္မိလို႔ ေသတာ မဟုတ္ဘူး။ သူ႔ကိုယ္သူ လုပ္လို႔ ေသသြားတာ" လို႔ ဆိုတယ္။
ဒဏ္ရာဆိုတာ တခါ ေျပာရင္ တခါ နာရတယ္။ အျခားလူကို လိုက္ေျပာျပ ေနမယ့္အစား ကိုယ္တိုင္ တိတ္တိတ္ေလး ကုသေနတာက ပိုေကာင္းပါတယ္။ သင္ မသန္စြမ္းတာဟာ ဘယ္သူ႔ကို ေပ်ာ့ညံ့ ျပဖို႔လဲ။
သစ္ပင္ေပၚမွာ နားေနတဲ့ ငွက္တေကာင္ဟာ သစ္ကိုင္း က်ိဳးက်မွာကို ဘယ္ေတာ့မွ မေၾကာက္ပါဘူး။ သစ္ကိုင္းကို သူယုံလို႔မဟုတ္ပါဘူး။ သူ႔အေတာင္ပံကို သူယုံလို႔ ျဖစ္ပါတယ္။
အနာဂတ္ကို ေန႔တိုင္း ပူပန္ေသာက ေရာက္ေနမယ့္ အစား ယခုလက္ရွိမွာ ပိုႀကိဳးစား သင့္ပါတယ္။ ေအာင္ျမင္မႈ လမ္းေၾကာင္းေပၚမွာ ႐ုန္းကန္ ႀကိဳးစားျခင္း ကသာ သင့္ကို လုံၿခဳံ စိတ္ခ်မႈနဲ႔ အက်ိဳးရလဒ္ကို ျဖစ္ထြန္းေစမွာပါ။
ကိုယ့္စိတ္ကူး အိပ္မက္ကို တျခားလူအေပၚ မမွီခိုပါနဲ႔။ အားမထားပါနဲ႔။ ေဘးပတ္ဝန္းက်င္က ကဲ့ရဲ႕ ေလွာင္ေျပာသံကို နားမဝင္ ပါနဲ႔။ သင္ေလွ်ာက္လွမ္း ေနတာက သင့္အနာဂတ္ပါ။ သူတို႔ အနာဂတ္ မဟုတ္ပါဘူး။
ငါ လုပ္ႏိုင္လား မလုပ္ႏိုင္ဘူးလား ဆိုတာ မရွိပါဘူး။ ငါ အရ ယူမလား မယူဘူးလား ဆိုတာပဲ ရွိပါတယ္။ သင္သာ မရဲဝံ့ရင္ ဘယ္သူက သင့္အစား လာေတာင့္ခံေပး မွာလဲ။ Crd
0 Comments