တခါတုန်းက လက်သမားဆရာ တဦးဟာ အသက်အရွယ် ကြီးလို့ အလုပ်က အငြိမ်းစား ယူဖို့ ပြင်ပါတယ်။ ဒါကို အလုပ်ရှင်ကန်ထရိုက်က သိတော့ နှစ်ပေါင်းများစွာ လက်တွဲ လုပ်လာကြတဲ့ သူတွေမို့ စိတ်မကောင်း ဖြစ်မိတယ်။
အဲ့ဒါနဲ့ပဲ လက်သမား ဆရာကို နောက်ဆုံး အနေနဲ့ အိမ်တလုံးလောက် ထပ်ဆောက်ပေး နိုင်မလား လို့ တောင်းဆိုတယ်။ လက်သမားဆရာ ကလည်း မငြင်းသာလို့ သဘောတူ လိုက်တယ်။
အိမ်ကို ဆောက်သာ ဆောက်နေရ ပေမယ့် လက်သမားဆရာဟာ အလုပ်မှာ ယခင်လို စိတ်မဝင်စားတော့ ပြီးစလွယ် လက်ရာတွေနဲ့ အညံ့စား ပစ္စည်းတွေကို အသုံးပြု ခဲ့တယ်။
လက်သမားဆရာက အိမ်ကို ဆောက်လုပ်ပြီး တဲ့အခါ အလုပ်ရှင်ကို အိမ်ကို အပ်ပါတယ်။
အလုပ်ရှင်က ကြည့်ရှု စစ်ဆေးပြီး လက်သမားဆရာရဲ့ လက်ထဲ အိမ်သော့ကို အပ်ကာ "ဒီအိမ်ဟာ ခင်ဗျား လုပ်ဆောင်ပေးခဲ့သမျှ အတွက် ဂုဏ်ပြုတာပါ။ အခု ခင်ဗျားအိမ် ဖြစ်သွားပါပြီ" လို့ ပြန်ပြောခဲ့တယ်။
ဒီတော့မှ လက်သမားဆရာဟာ သူဖြစ်ကတတ်ဆန်း ဆောက်ခဲ့တဲ့ အိမ်ကို ကြည့်ပြီး နောင်တကြီးစွာ ရခဲ့ပါတယ်။ သူနေရမယ့် အိမ်လို့သာ သိခဲ့ရင် ဒီလိုပုံစံမျိုး ဘယ်ဆောက်ခဲ့ ပါ့မလဲ။
ကျွန်တော်တို့ တတွေလည်း လက်သမားဆရာနဲ့ အဖြစ်ချင်း တူများ နေမလားပဲ။ ကျွန်တော်တို့ရဲ့ စိတ်သွားတိုင်း ကိုယ်ပါတဲ့ ငယ်ဘဝတွေကို အမှုမဲ့ အမှတ်မဲ့ ကုန်ဆုံးစေ ခဲ့ကြပါတယ်။
အချိန်တန်လို့ ကိုယ်တည်ဆောက်ခဲ့တဲ့ အိမ်(ဘဝ)ထဲမှာ ပြန်နေရတဲ့ အချိန်ကျမှ လက်သမားကြီးလို အဖြစ်မျိုး မကြုံမိပါစေနဲ့။ မိတ်ဆွေဟာလည်း လက်သမားဆရာ တယောက်ဆိုတာ မမေ့ပါနဲ့။ Crd
Zawgyi
ကိုယ့္ျပုေသာေစတနာ
တခါတုန္းက လက္သမားဆရာ တဦးဟာ အသက္အ႐ြယ္ ႀကီးလို႔ အလုပ္က အၿငိမ္းစား ယူဖို႔ ျပင္ပါတယ္။ ဒါကို အလုပ္ရွင္ကန္ထ႐ိုက္က သိေတာ့ ႏွစ္ေပါင္းမ်ားစြာ လက္တြဲ လုပ္လာၾကတဲ့ သူေတြမို႔ စိတ္မေကာင္း ျဖစ္မိတယ္။
အဲ့ဒါနဲ႔ပဲ လက္သမား ဆရာကို ေနာက္ဆုံး အေနနဲ႔ အိမ္တလုံးေလာက္ ထပ္ေဆာက္ေပး ႏိုင္မလား လို႔ ေတာင္းဆိုတယ္။ လက္သမားဆရာ ကလည္း မျငင္းသာလို႔ သေဘာတူ လိုက္တယ္။
အိမ္ကို ေဆာက္သာ ေဆာက္ေနရ ေပမယ့္ လက္သမားဆရာဟာ အလုပ္မွာ ယခင္လို စိတ္မဝင္စားေတာ့ ၿပီးစလြယ္ လက္ရာေတြနဲ႔ အညံ့စား ပစၥည္းေတြကို အသုံးျပဳ ခဲ့တယ္။ လက္သမားဆရာက အိမ္ကို ေဆာက္လုပ္ၿပီး တဲ့အခါ အလုပ္ရွင္ကို အိမ္ကို အပ္ပါတယ္။
အလုပ္ရွင္က ၾကည့္ရႈ စစ္ေဆးၿပီး လက္သမားဆရာရဲ႕ လက္ထဲ အိမ္ေသာ့ကို အပ္ကာ "ဒီအိမ္ဟာ ခင္ဗ်ား လုပ္ေဆာင္ေပးခဲ့သမွ် အတြက္ ဂုဏ္ျပဳတာပါ။ အခု ခင္ဗ်ားအိမ္ ျဖစ္သြားပါၿပီ" လို႔ ျပန္ေျပာခဲ့တယ္။
ဒီေတာ့မွ လက္သမားဆရာဟာ သူျဖစ္ကတတ္ဆန္း ေဆာက္ခဲ့တဲ့ အိမ္ကို ၾကည့္ၿပီး ေနာင္တႀကီးစြာ ရခဲ့ပါတယ္။ သူေနရမယ့္ အိမ္လို႔သာ သိခဲ့ရင္ ဒီလိုပုံစံမ်ိဳး ဘယ္ေဆာက္ခဲ့ ပါ့မလဲ။
ကြၽန္ေတာ္တို႔ တေတြလည္း လက္သမားဆရာနဲ႔ အျဖစ္ခ်င္း တူမ်ား ေနမလားပဲ။ ကြၽန္ေတာ္တို႔ရဲ႕ စိတ္သြားတိုင္း ကိုယ္ပါတဲ့ ငယ္ဘဝေတြကို အမႈမဲ့ အမွတ္မဲ့ ကုန္ဆုံးေစ ခဲ့ၾကပါတယ္။
အခ်ိန္တန္လို႔ ကိုယ္တည္ေဆာက္ခဲ့တဲ့ အိမ္(ဘဝ)ထဲမွာ ျပန္ေနရတဲ့ အခ်ိန္က်မွ လက္သမားႀကီးလို အျဖစ္မ်ိဳး မႀကဳံမိပါေစနဲ႔။ မိတ္ေဆြဟာလည္း လက္သမားဆရာ တေယာက္ဆိုတာ မေမ့ပါနဲ႔။ Crd
0 Comments