သူချစ်အိမ်ထောင်နဲ့ ကိုယ်ချစ်အိမ်ထောင်

(၁) မိန်မချစ်တဲ့ အိမ်ထောင်

မိန်ကလေး အများစုဟာ အရမ်း အချစ်ကြီး ကြပါတယ်။ ကိုယ်ချစ်တဲ့ သူနဲ့ ပေါင်းဖက်နိုင်ဖို့ ဆိုရင် ဘာမဆို စွန့်လွှတ် နိုင်တဲ့အရည်အချင်းလည်း ရှိကြသေးတယ်။ တကယ် ဂုဏ်ပြုထိုက်တဲ့ မိန်းကလေးများပါ။

ဒီpost က မိန်းကလေးများ အတွက် အရမ်း ဆင်ခြင်စရာ ကောင်းမယ် လို့ မျှော်လင့်ပါတယ်။ ပညာရှင်တွေဟာ နှစ်ပေါင်းများစွာ အိမ်ထောင်ရေး အကြောင်းတွေကို သုတေသန ပြုခဲ့ကြ ပါတယ်။

မိန်းကလေးက ချစ်လို့ ပြုထားတဲ့ အိမ်ထောင်ရေးဟာ သာယာတဲ့ အိမ်ထောင် ကြီးပွါးတဲ့ အိမ်ထောင်ဖြစ်ဖို့ ရာခိုင်နှုန်း နည်းတယ်လို့ အဆိုပြုနိုင် ခဲ့ပါတယ်။ သုတေသန ပညာရှင်များရဲ့ အကြံပေးချက် အရ အိမ်ထောင်ရေးဟာ ယောက်ျားက ချစ်တဲ့ အိမ်ထောင် ဖြစ်ဖို့ လိုပါတယ်။

ဘာကြောင့်လဲ ဆိုရင် တကယ့်ဘဝမှာ မိသားစုကို ဦးစီးဦးဆောင် ရမှာက ယောက်ျားလေးတွေ ဖြစ်ပါတယ်။ သူတို့ရဲ့ ဦးဆောင်မှုကို ဝန်ခံနိုင်တဲ့ မိန်းကလေးများ ကိုလည်း အိမ်ရှင်မကောင်း လို့ ဆိုပါတယ်။

(၂) ယောက်ျားလေး ချစ်တဲ့အိမ်ထောင်

အိမ်ထောင်ရေးမှာ ယောက်ျားလေးက ချစ်ဖို့ လိုပါတယ်။ တကယ့် ဘဝ ပြဿနာနဲ့ ရင်ဆိုင်တဲ့ အခါ ယောက်ျားတွေဟာ ဒီမိန်းမကို ငါယူမယ် ငါလုပ်ကျွေးမယ် ဘာပဲ ဖြစ်ဖြစ် ငါတာဝန်ယူမယ် ဆိုတဲ့ ခံယူချက်တွေ ရှိတာကြောင့် သူတို့ဟာ မိသားစုကို အကောင်းဆုံး ဖြစ်စေနိုင် ကြပါတယ်။

သူတို့ချစ်တဲ့ မိန်းမကို အလှဆင်ဖို့ သူတို့ ချစ်တဲ့ မိန်းမကို စိတ်ပျော်အောင် ထားပေးနိုင်ဖို့ကို အလေးထားပြီး ကြိုးစား အားထုတ်နိုင် ကြတာမို့ ယောက်ျားလေးက ချစ်တဲ့ အိမ်ထောင်ရေးဟာ သာယာတဲ့ အိမ်ထောင် ပိုပြီး ဖြစ်စေပါတယ်။

မိန်းကလေးများ အတွက် အကြံပေးချင် တာက မိန်ကလေးများဟာ ကိုယ်ပိုင် အရည်အချင်း မရှိတာ ရှိတာထက် ကိုယ့်ကိုတာဝန်ယူ ပေးနိုင်မည့် ယောက်ျားလေးကို ရွေးချယ် ယူနိုင်ဖို့ အရေးကြီး ပါတယ်။

အရည်အချင်း ရှိပြီး ဘယ်လို ပြဿနာ အခက်အခဲပဲ ရှိရှိ ကိုယ့်ကို တကယ် တာဝန်ယူ ချစ်နိုင်မည့် ယောက်ျားလေး များကိုရွေးချယ် စေချင်ပါတယ်။ ဒါကြောင့် မိန်းကလေးများကို ကိုယ့်အချစ် မရှာပဲ သူ့အချစ်ကို ရှာပါ လို့ အားပေးချင် ပါတယ်။

ယောက်ျားလေးများ အတွက် အကြံပေးချက် ကတော့ ကိုယ်တကယ် မချစ်ပဲ မယူပါနဲ့။ ချစ်တယ် ပြောတတ်တိုင်း လူတကာကို လိုက်မပြောပါနဲ့။ ကိုယ်တကယ် ချစ်နိုင်တဲ့သူ တန်ဖိုးထားနိုင် တဲ့သူ တာဝန် ယူနိုင်တယ် ဆိုတဲ့ သူမျိုးကိုပဲ ရွေးယူပါ။

ချစ်တယ်ဆိုတဲ့ စကားဟာ သမီးရည်းစား ဘဝမှာပဲ ပြောလို့ကောင်းတာပါ၊ တကယ့် ဘဝတိုက်ပွဲမှာ ချစ်တာတွေ မေတ္တာတွေေ ပျောက်ဆုံးသွားတတ် ကြလို့ပါ။ ယောက်ျားလေးများ ကိုတော့ သူ့အချစ်ကို မရှာပဲ ကိုယ့်အချစ်ကို ရှာပါလို့ အားပေးချင်ပါတယ်။

အားလုံးပဲ သာယာ ပျော်ရွှင်တဲ့ မိသားစုများ ပိုင်ဆိုင်နိုင်ကြပါစေ လို့ ဆုတောင်းရင်း။ Crd

Post a Comment

0 Comments