ပညာတတ်လူမိုက်

တခါတုန်းက မြို့ငယ်လေး တခုက သူငယ်ချင်း လေးယောက်ဟာ ဒိသာပါမောက္ခ ဆရာကြီး ထံမှာ သုံးနှစ် သုံးမိုး ပညာသင်ကြား ပြီးနောက် ပညာစုံလို့ မိမိမြို့ကို ပြန်လာကြတယ်။

သူငယ်ချင်း လေးယောက် အနက် သုံးယောက်ဟာ ပညာ အလွန် ထူးချွန်ကြပြီး ဆရာကြီးရဲ့ မကြာခဏ ချီးကျူး ခံကြရ သူတွေ ဖြစ်တယ်။

လေးယောက်မြောက် သူငယ်ချင်း ကတော့ ပညာ သိပ်မထူးချွန် ပေမယ့် အလုပ် လုပ်ရာမှာတော့ လက်တွေ့ ကျကျ စဉ်းစား ဆင်ခြင်ဉာဏ်နဲ့ လုပ်ကိုင် တတ်တယ်။

ဒီလိုနဲ့ သူတို့ရဲ့ အိမ်ပြန်လမ်းမှာ ရှိတဲ့ တောနက်ကြီး တခု အရောက်မှာ ခြင်္သေ့အရိုးစု တခုကို တွေ့တော့ ပညာထူးချွန်တဲ့ တယောက်က သူ့ရဲ့ ပညာကို ပြချင်တာနဲ့ ခြင်္သေ့ရဲ့ အရိုးတွေကို ဆက်စပ်ပြီး ခြင်္သေ့ရိုးစု လုပ်ပြလိုက်တယ်။

နောက်တယောက်ကလည်း အားကျမခံ ခြင်္သေ့ အရိုးစုမှာ ကြွက်သားတွေ၊ ခြင်္သေ့ အရေခွံတွေ ထည့်ပြ လိုက်တယ်။ နောက်တယောက်က "ငါလည်း မန်းမှုတ်ပြီး အသက်သွင်း ပေးမယ်" လို့ ပြောလိုက်တယ်။

ထိုအခါ စဉ်းစားဆင်ခြင် ဉာဏ်နဲ့ လုပ်ကိုင်တတ်တဲ့ သူက "အသက်တော့ မသွင်းပါနဲ့ အလွန် အန္တရာယ် များတယ်။ အကုန် ဒုက္ခ ရောက်လိမ့်မယ်" ဆိုပြီး တားတယ်။ ဒါပေမယ့် ပညာပြချင်သူ တွေက နားမထောင် ကြပါဘူး။

ဒါကြောင့် စဉ်းစားဆင်ခြင်ဉာဏ် ရှိသူက အကြီးဆုံး သစ်ပင်ကြီးပေါ် တက်ပြီး စောင့်ကြည်တယ်။ ကျန်တဲ့ သူငယ်ချင်းသုံးယောက်သား ပေါင်းပြီး အသက်သွင်း လိုက်ကြတာ ခြင်္သေ့ကြီးလည်း အသက်ဝင် လာရော ဘေးမှာ ရှိနေတဲ့ သုံးယောက် စလုံးကို သတ်စားလိုက် ပါတော့တယ်။

ပုံပြင်လေးကတော့ ဒီလောက်ပါပဲ။ အတတ်ပညာ တခုခု တတ်ထားရုံနဲ့ မလုံလောက် ပါဘူး။ အသိပညာနဲ့ စဉ်းစားဆင်ခြင်ဉာဏ် မရှိပါက တတ်မြောက် ထားတဲ့ အတတ်ပညာက အကျိုးမဲ့ ဖြစ်စေနိုင်တာကို သတိပြုမိစေ လိုပါတယ်။ Crd

Zawgyi

ပညာတတ္လူမိုက္

တခါတုန္းက ၿမိဳ႕ငယ္ေလး တခုက သူငယ္ခ်င္း ေလးေယာက္ဟာ ဒိသာပါေမာကၡ ဆရာႀကီး ထံမွာ သုံးႏွစ္ သုံးမိုး ပညာသင္ၾကား ၿပီးေနာက္ ပညာစုံလို႔ မိမိၿမိဳ႕ကို ျပန္လာၾကတယ္။

သူငယ္ခ်င္း ေလးေယာက္ အနက္ သုံးေယာက္ဟာ ပညာ အလြန္ ထူးခြၽန္ၾကၿပီး ဆရာႀကီးရဲ႕ မၾကာခဏ ခ်ီးက်ဴး ခံၾကရ သူေတြ ျဖစ္တယ္။ ေလးေယာက္ေျမာက္ သူငယ္ခ်င္း ကေတာ့ ပညာ သိပ္မထူးခြၽန္ ေပမယ့္ အလုပ္ လုပ္ရာမွာေတာ့ လက္ေတြ႕ က်က် စဥ္းစား ဆင္ျခင္ဉာဏ္နဲ႔ လုပ္ကိုင္ တတ္တယ္။

ဒီလိုနဲ႔ သူတို႔ရဲ႕ အိမ္ျပန္လမ္းမွာ ရွိတဲ့ ေတာနက္ႀကီး တခု အေရာက္မွာ ျခေသၤ့အ႐ိုးစု တခုကို ေတြ႕ေတာ့ ပညာထူးခြၽန္တဲ့ တေယာက္က သူ႔ရဲ႕ ပညာကို ျပခ်င္တာနဲ႔ ျခေသၤ့ရဲ႕ အ႐ိုးေတြကို ဆက္စပ္ၿပီး ျခေသၤ့႐ိုးစု လုပ္ျပလိုက္တယ္။

ေနာက္တေယာက္ကလည္း အားက်မခံ ျခေသၤ့ အ႐ိုးစုမွာ ႂကြက္သားေတြ၊ ျခေသၤ့ အေရခြံေတြ ထည့္ျပ လိုက္တယ္။ ေနာက္တေယာက္က "ငါလည္း မန္းမႈတ္ၿပီး အသက္သြင္း ေပးမယ္" လို႔ ေျပာလိုက္တယ္။

ထိုအခါ စဥ္းစားဆင္ျခင္ ဉာဏ္နဲ႔ လုပ္ကိုင္တတ္တဲ့ သူက "အသက္ေတာ့ မသြင္းပါနဲ႔ အလြန္ အႏၲရာယ္ မ်ားတယ္။ အကုန္ ဒုကၡ ေရာက္လိမ့္မယ္" ဆိုၿပီး တားတယ္။ ဒါေပမယ့္ ပညာျပခ်င္သူ ေတြက နားမေထာင္ ၾကပါဘူး။

ဒါေၾကာင့္ စဥ္းစားဆင္ျခင္ဉာဏ္ ရွိသူက အႀကီးဆုံး သစ္ပင္ႀကီးေပၚ တက္ၿပီး ေစာင့္ၾကည္တယ္။ က်န္တဲ့ သူငယ္ခ်င္းသုံးေယာက္သား ေပါင္းၿပီး အသက္သြင္း လိုက္ၾကတာ ျခေသၤ့ႀကီးလည္း အသက္ဝင္ လာေရာ ေဘးမွာ ရွိေနတဲ့ သုံးေယာက္ စလုံးကို သတ္စားလိုက္ ပါေတာ့တယ္။

ပုံျပင္ေလးကေတာ့ ဒီေလာက္ပါပဲ။ အတတ္ပညာ တခုခု တတ္ထား႐ုံနဲ႔ မလုံေလာက္ ပါဘူး။ အသိပညာနဲ႔ စဥ္းစားဆင္ျခင္ဉာဏ္ မရွိပါက တတ္ေျမာက္ ထားတဲ့ အတတ္ပညာက အက်ိဳးမဲ့ ျဖစ္ေစႏိုင္တာကို သတိျပဳမိေစ လိုပါတယ္။ Crd

Post a Comment

0 Comments