လင်းယုန်ငှက်လို ကျင့်ကြံပါ

လင်းယုန်ငှက်ဟာ ကမ္ဘာပေါ်မှာ အသက်အရှည်ဆုံး ငှက်တမျိုးဖြစ်ပြီး အသက် ၇၀ အထိ အသက်ရှင် နေထိုင်နိုင် ပါတယ်။

ဒါပေမဲ့ သူတို့ဟာ အသက်ရှည်ရှည် နေနိုင်ဖို့ အတွက် သူတို့ရဲ့ အသက် ၄၀ မှာ ခက်ခဲတဲ့ ဖြစ်စဉ်အတွက် အရေးကြီးတဲ့ ဆုံးဖြတ် ချက် တခုကို ချကြရပါတယ်။

သူ့အသက် ၄၀ ရောက်တဲ့အခါမှာ သားကောင်ကို ဖမ်းဖို့အတွက် သူ့ရဲ့ လက်သည်းတွေဟာ စတင် ပျက်စီးလာပါတယ်။ နှုတ်သီးတွေ ကလည်း ရင်ဘတ်ထိအောင် ရှည်ပြီး ကောက်လာပြီး အတောင်တွေ ကလည်း အရမ်း လေးလာပါတယ်။

အမွှေးတွေကလည်း အရမ်း ထူလာတဲ့အတွက် ပျံရတာလည်း အရမ်း ပင်ပန်းလှပါတယ်။ သူ့မှာ ရွေးချယ်စရာ နှစ်လမ်းပဲ ရှိပါတယ်။ ဒီအတိုင်း နေပြီး ဘာမှမလုပ်တော့ဘဲ အသေခံမလား၊ နာကျင်ခက်ခဲတဲ့ ဖြစ်စဉ်ကို ဖြတ်သန်းပြီး အသက် ဆက်ရှင်မလား။

မစွန့်စားပဲ သေရတာထက် စာရင် စွန့်စားပြီး သေရတာက ပိုမြတ် ပါလိမ့်မယ်။ ဒါကြောင့် လင်းယုန်ငှက်ဟာ အလွန်မြင့်တဲ့ တောင်တခုဆီ ပျံသန်းသွားပြီး အသိုက်တခု တည်ဆောက်လိုက် ပါတယ်။ ပြီးတော့ ထပ်မပျံသန်းပဲ အဲဒီမှာပဲ နားနေပါတယ်။

နာကျင် ခက်ခဲတဲ့ ဖြစ်စဉ်ကို ကျော်ဖြတ်ဖို့ အစကနေ အဆုံးထိ ရက်ပေါင်း ၁၅၀ (သို့) နှစ်တဝက်နီးပါး ကြာပါတယ်။ ဒီတော့ သူဟာ ပထမဦးဆုံး သူ့ရဲ့နှုတ်သီးကို ကျောက်ဆောင်နဲ့ ရိုက်ပြီး ဖြုတ်ပစ်ရ ပါတယ်။ ပြီးတော့ နှုတ်သီး အသစ် ထွက်လာတဲ့အထိ တိတ်ဆိတ်စွာနဲ့ စောင့်ဆိုင်းနေခဲ့ ရပါတယ်။

နှုတ်သီးအသစ် ထွက်လာတော့ အဲဒီ နှုတ်သီးနဲ့ပဲ ခြေသည်းတွေကို တခုပြီး တခု ဆွဲနှုတ်ရပါတယ်။ ခြေသည်းအသစ်တွေထွက်လာမှ သူ့ရဲ့အတောင်တွေကို တခုပြီး တခု နှုတ်ပစ်ရ ပြန်ပါတယ်။

အတောင်ပံ အသစ်တွေ ထွက်လာတော့ သူ့ရဲ့ခက်ခဲစွာ ဖြတ်သန်းရတဲ့ ရက်ပေါင်းက ၁၅၀ ပါပဲ။ အဲဒီနောက် မှာတော့ လင်းယုန်ငှက်ဟာ သူ့ရဲ့ ကျော်ကြားလှတဲ့ ပျံသန်းမှုတွေကို နောက်ထပ် နှစ်ပေါင်း ၃၀ မျှ ပြန်လည် ပြုလုပ်နိုင်ခဲ့ပြီး အသက် ၇၀ ထိ အသက်ရှင် နေထိုင်နိုင် ခဲ့ပါတယ်။

ဒီအဖြစ်အပျက်ကတော့ (Change) ဆိုတဲ့ ပြောင်းလဲမှုကို ပြောချင်တာပါ။ တခါတရံမှာ ကျွန်တော်တို့ဟာ ဘဝအသစ် အတွက် ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေ ချကြရပါတယ်။

ဘဝကို အောင်အောင်မြင်မြင်နဲ့ ဆက်လက် ဖြတ်သန်းချင် ရင်တော့ ကျွန်တော်တို့ရဲ့ အကျင့်ဆိုးတွေ၊ ထုံးစံတွေကို လွှင့်ပစ်ရ ပါလိမ်မယ်။

ကျွန်တော်တို့ဟာ အတွေးအခေါ် အသစ်တွေကို လက်ခံချင်စိတ် ရှိတာနဲ့ အမျှ အတွေးခေါ် ဟောင်းတွေကို စွန့်ပစ်ရလိမ့်မယ်။ကိုယ့်ရဲ့ အစွမ်းအစတွေ ဖော်ထုတ်နိုင်ပြီး လှပတဲ့ အနာဂတ် အသစ်တွေကို တည်ဆောက်နိုင်ရပါမယ်။

တိရိစ္ဆာန် ဖြစ်တဲ့ လင်းယုန်ငှက်တောင် သူ့ခန္ဓာကိုယ်မှာ ရှိတဲ့ မလိုလားအပ်တဲ့ အင်္ဂါအစိတ်အပိုင်းကို နုတ်ပယ်နိုင်သေးရင် အသိဉာဏ် ရှိတဲ့လူသားတွေကရော ကိုယ့်ကိုယ်ကို (Change) မလုပ်နိုင်ကြဘူးလား။

လင်းယုန်ငှက်ဟာ နာကျင်ခက်ခဲစွာ ပြောင်းရတာပါ။ လူသားတွေ ဖြစ်တဲ့ကျွန်တော်တို့က နာကျင်စရာ မရှိပဲ "အတွေးအခေါ်အဟောင်း အမူအကျင့်အဟောင်း မကောင်းတဲ့ စရိုက်တွေကို မစွန့်လွှတ်နိုင် ကြဘူးလား။ မပြောင်းလဲနိုင် ကြဘူးလား။ ဒီအတိုင်းဆက်သွားမလား ဆိုတာ စဉ်းစားစေချင်ပါတယ်။ မြသီတာ

Post a Comment

0 Comments