(၁) ထမင်းပူကို မစားပါနဲ့
ဘဝ တလျှောက်လုံးမှာ ထမင်းပူကို မစားပါနဲ့။ ထမင်းအေး ကိုပဲ စားပါ။ ထမင်းပူ ဆိုတာ သူတပါး မျက်ရည်ပေါက် ကြီးငယ်ကျမှ စားရတဲ့ ထမင်းကို ခေါ်တာပါ။
ဘယ်တော့မှ မစားမိ ပါစေနဲ့။ အခုအချိန် စားကောင်းချင် ကောင်းမယ်၊ နောင်တချိန်နဲ့ သံသရာမှာ အလွန်ပူလောင် တတ်ပါတယ်။
ထမင်းအေး ဆိုတာကတော့ ကိုယ့်ကို ချစ်လို့ ခင်လို့ တန်ဖိုးထားလို့ ကြည်ညိုလို့ ကျွေးလာတဲ့ ထမင်းပဲ။ ငပိရည် နဲ့ပဲ စားရ စားရ သံသရာမှာ အေးမြ ပါတယ်။ စားတတ်အောင် ကြိုးစားပါနော်။
(၂) ကြွေသီးကိုသာ စားပါ
အသီးကို စားမယ် ဆိုရင် ကြွေသီး ကိုပဲ စားပါ။ ဘယ်တော့မှ ခူးမစား ပါနဲ့။ ကြွေသီးစားပါ ဆိုတာ ကိုယ့်ကို ခင်လို့ ချစ်လို့ ကျွေးလာတဲ့ အသီးကို စားပါ လို့ ဆိုလိုတာပါ။
ဒါပေမယ့် ကြွေသီးတိုင်းလည်း မစားရပါဘူး။ ကြွေသီး ပေမယ့် မစင်ပုံပေါ် ကျရင် မစားတော့ဘူး မဟုတ်လား။
ဒီလိုပဲ ကြွေသီးတော့ ကြွေသီး ကိုယ့်ကို ချစ်လို့ ခင်လို့ ကြည်ညိုလို့ လာပေးတယ်၊ ဒါပေမယ့် နောက်ကွယ်မှာ မျှော်လင့်ချက်တွေ ရလိုမှုတွေ ပါနေရင် မစားရပါဘူး။ မစားကောင်း ပါဘူး။
"ခူးမစားပါနဲ့" ဆိုတာ ကိုယ်က ကူညီစရာ ရှိရင် ကူညီ၊ လုပ်စရာ ရှိရင် လုပ်ပေးလိုက်ပါ။ အဲဒါကို ကူညီခ၊ လုပ်ပေးခ တောင်းနေရင် ခူးစားတာပဲ။
သူတပါးကို ကူညီပါ။ သူတို့ဆီက ကျေးဇူးတင်စကား တခွန်းတောင် မမျှော်လင့်ပါနဲ့။ မျှော်လင့်ပြီး ကူညီတာ ခူးစားတာ ပါပဲ။ ဒါကြောင့် ဘယ်တော့မှ ခူးမစား ပါနဲ့။
(၃) ရောက်ရာဒေသ ခြေရာချခဲ့ပါ
တတိယစကား ကတော့ ချိုးငှက်လေးတွေ ခါငှက်လေးတွေဟာ မြေမှာ နားပြီး ပြန်သွားရင် ခြေရာ ထားခဲ့တယ်။ ဒီလိုပါပဲ၊ ကိုယ်လည်း ဘယ်နေရာ ဘယ်ဒေသ ရောက်ရောက် ကိုယ် ပြန်ရင် ကိုယ့်ခြေရာလေး ကျန်ခဲ့ပါစေ။
ဒီလိုပါပဲ လူ့လောကကြီးကို တို့တတွေ လာခဲ့ကြ၊ တို့ပြန်ရင် ခြေရာတွေ ကျန်မှ ဖြစ်မယ်။ Crd
0 Comments