အရှုံးပေးတိုင်း မရှုံးဘူး

တခါတုန်းက စစ်သူကြီး တယောက်ဟာ စစ်တုရင် ကစားတာ အရမ်း တော်ပါတယ်။ ဘယ်သူကမှ သူ့ကို နိုင်အောင် မကစားနိုင်ပါဘူး။

တနေ့မှာ စစ်သူကြီးဟာ သူ့ရဲ့ စစ်တပ်နဲ့ အတူ စစ်တိုက် ထွက်လာရင်း ရွာလေးတရွာကို ဖြတ်ကျော်လာ ကြတော့ အဲဒီရွာက အိမ်သေးသေးလေး တလုံးမှာ "စစ်တုရင် ကစားရာမှာ တနိုင်ငံလုံးရဲ့ နံပါတ်တစ်" ဆိုတဲ့ ဆိုင်းဘုတ် ချိတ်ထားတာ သွားတွေ့ကြတယ်။

စစ်သူကြီးဟာ မယုံတဲ့ အတွက် အိမ်ရှင်ကို သွားရှာပြီး စစ်တုရင် ပြိုင်ကစားကြတာ အိမ်ရှင်က (၃) ကြိမ်လုံး ရှုံးခဲ့တော့ စစ်သူကြီးက ရယ်မောပြီး ပြောတယ်။

"ဟားဟား မောင်မင်း ဆိုင်းပုဒ်ကြီး ဖြုတ်ပစ် လိုက်တော့" ဆိုပြီး စိတ်ကျေနပ်စွာနဲ့ စစ်တိုက် ထွက်သွားတော့တယ်။

မကြာခင်မှာပဲ စစ်သူကြီးတို့ဟာ စစ်အောင်နိုင်လို့ တိုင်းပြည်ကို ပြန်လာကြရာ အဲဒိရွာကို ပြန်ရောက်တော့ ဆိုင်းဘုတ်ကို အရင်နေရာမှာပဲ ရှိနေသေးတာ ထပ်တွေ့တယ်။ ဒါနဲ့ အိမ်ရှင်ကို ထပ်သွားတွေ့တော့ နောက်ထပ် စိန်ခေါ်စကား ပြောကြရင်း ထပ်ကစားဖြစ် ကြတယ်။

ဒီတခါကျတော့ စစ်သူကြီးက (၃) ပွဲလုံး ဆက်တိုက် ရှုံးသွားတယ်။ စစ်သူကြီး အရမ်း အံ့သြသွားတယ်။ အဲ့ဒါနဲ့ အိမ်ရှင်ကို မေးတာ ဘာကြောင့်လဲပေါ့။ အိမ်ပိုင်ရှင်က ပြောပြတာက

"အရင်အခေါက်တုန်းက အသင်စစ်သူကြီးမှာ စစ် ထွက်တိုက်ရမဲ့ တာဝန်ကြီး ရှိနေတယ်။ ကျွန်တော်မျိုး အနေနဲ့ အသင်စစ်သူကြီးကို စိတ်ဓါတ် ကျအောင် စိတ်အားကို ချိုးပစ်လို့ မသင့်ဘူး။ ဒီတခေါက် အသင်စစ်သူကြီးက စစ်အောင်နိုင်ပြီး ပြန်လာပြီ ဆိုတော့ ကျွန်တော်မျိုးလည်း ပညာ လျှိုထားစရာ မလိုတော့ဘူးပေါ့" တဲ့။

တကယ်တော်တဲ့သူ ဆိုတာ အနိုင်ရနိုင် ပါရဲ့သားနဲ့ မလိုအပ်ဘဲ အနိုင်မယူ ခွင့်လွှတ်နိုင်စွမ်း ရှိအောင် စိတ်သဘောထား ကြီးတဲ့သူ ပါပဲ။ လက်တွေ့ဘဝ မှာလည်း အတူတူပါပဲ။ သိနေလည်း မလိုအပ်ဘဲ ပြောစရာ မလိုပါဘူး။ မပြောဘူး ဆိုတာက မသိလို့လည်း မဟုတ်ပါဘူး။ Crd

Zawgyi

အရှုံးပေးတိုင်း မရှုံးဘူး

တခါတုန္းက စစ္သူႀကီး တေယာက္ဟာ စစ္တုရင္ ကစားတာ အရမ္း ေတာ္ပါတယ္။ ဘယ္သူကမွ သူ႔ကို ႏိုင္ေအာင္ မကစားႏိုင္ပါဘူး။

တေန႔မွာ စစ္သူႀကီးဟာ သူ႔ရဲ႕ စစ္တပ္နဲ႔ အတူ စစ္တိုက္ ထြက္လာရင္း ႐ြာေလးတ႐ြာကို ျဖတ္ေက်ာ္လာ ၾကေတာ့ အဲဒီ႐ြာက အိမ္ေသးေသးေလး တလုံးမွာ "စစ္တုရင္ ကစားရာမွာ တႏိုင္ငံလုံးရဲ႕ နံပါတ္တစ္" ဆိုတဲ့ ဆိုင္းဘုတ္ ခ်ိတ္ထားတာ သြားေတြ႕ၾကတယ္။

စစ္သူႀကီးဟာ မယုံတဲ့ အတြက္ အိမ္ရွင္ကို သြားရွာၿပီး စစ္တုရင္ ၿပိဳင္ကစားၾကတာ အိမ္ရွင္က (၃) ႀကိမ္လုံး ရႈံးခဲ့ေတာ့ စစ္သူႀကီးက ရယ္ေမာၿပီး ေျပာတယ္။ "ဟားဟား ေမာင္မင္း ဆိုင္းပုဒ္ႀကီး ျဖဳတ္ပစ္ လိုက္ေတာ့" ဆိုၿပီး စိတ္ေက်နပ္စြာနဲ႔ စစ္တိုက္ ထြက္သြားေတာ့တယ္။

မၾကာခင္မွာပဲ စစ္သူႀကီးတို႔ဟာ စစ္ေအာင္ႏိုင္လို႔ တိုင္းျပည္ကို ျပန္လာၾကရာ အဲဒိ႐ြာကို ျပန္ေရာက္ေတာ့ ဆိုင္းဘုတ္ကို အရင္ေနရာမွာပဲ ရွိေနေသးတာ ထပ္ေတြ႕တယ္။ ဒါနဲ႔ အိမ္ရွင္ကို ထပ္သြားေတြ႕ေတာ့ ေနာက္ထပ္ စိန္ေခၚစကား ေျပာၾကရင္း ထပ္ကစားျဖစ္ ၾကတယ္။

ဒီတခါက်ေတာ့ စစ္သူႀကီးက (၃) ပြဲလုံး ဆက္တိုက္ ရႈံးသြားတယ္။ စစ္သူႀကီး အရမ္း အံ့ၾသသြားတယ္။ အဲ့ဒါနဲ႔ အိမ္ရွင္ကို ေမးတာ ဘာေၾကာင့္လဲေပါ့။ အိမ္ပိုင္ရွင္က ေျပာျပတာက

"အရင္အေခါက္တုန္းက အသင္စစ္သူႀကီးမွာ စစ္ ထြက္တိုက္ရမဲ့ တာဝန္ႀကီး ရွိေနတယ္။ ကြၽန္ေတာ္မ်ိဳး အေနနဲ႔ အသင္စစ္သူႀကီးကို စိတ္ဓါတ္ က်ေအာင္ စိတ္အားကို ခ်ိဳးပစ္လို႔ မသင့္ဘူး။ ဒီတေခါက္ အသင္စစ္သူႀကီးက စစ္ေအာင္ႏိုင္ၿပီး ျပန္လာၿပီ ဆိုေတာ့ ကြၽန္ေတာ္မ်ိဳးလည္း ပညာ လွ်ိဳထားစရာ မလိုေတာ့ဘူးေပါ့" တဲ့။

တကယ္ေတာ္တဲ့သူ ဆိုတာ အႏိုင္ရႏိုင္ ပါရဲ႕သားနဲ႔ မလိုအပ္ဘဲ အႏိုင္မယူ ခြင့္လႊတ္ႏိုင္စြမ္း ရွိေအာင္ စိတ္သေဘာထား ႀကီးတဲ့သူ ပါပဲ။ လက္ေတြ႕ဘဝ မွာလည္း အတူတူပါပဲ။ သိေနလည္း မလိုအပ္ဘဲ ေျပာစရာ မလိုပါဘူး။ မေျပာဘူး ဆိုတာက မသိလို႔လည္း မဟုတ္ပါဘူး။ Crd

Post a Comment

0 Comments