ခြင်္သေ့ရေ ခြုံသောမြည်း

လွန်လေပြီးသောအခါ ဗာရာဏသီ ပြည်၌ ဗြဟ္မဒတ်မင်း မင်းပြုတော် မူလေသည်။ ဘုရားလောင်းသည် လယ်လုပ်သမား အမှုဖြင့် အသက်ကို မွေးမြူသည်။

ထိုကာလ၌ တယောက်သော ကုန်သည်သည် ရောက်လေရာ ရောက်လေရာ အရပ်၌ မြည်းကို ခြင်္သေ့ရေဖြင့် ဖုံးလွှမ်း၍ သလေးခင်း မုယောခင်း ရှိရာတို့၌ လွှတ်လေသည်။ လယ်စောင့်သမား တို့သည် မြည်းကို မြင်ကုန်၍ ခြင်္သေ့ဟူသော အမှတ်ဖြင့် မသွားရဲ ကြကုန်သည်။

တနေ့သော အခါ၌ ကုန်သည်သည် ရွာအပြင်တံခါး၌ နေ၍ တဖန် မြည်းကို ခြင်္သေ့ရေ ဖုံးလွမ်း၍ သလေး မုယောခင်း တို့၌ လွှတ်ပြန်လေသည်။ လယ်စောင့်သမား တို့သည် ခြင်္သေ့ဟူသော အမှတ်ဖြင့် မသွားရဲ ကြကုန်သည်။

ထိုအခါ လယ်စောင့်သမားတို့သည် လယ်ပိုင်ရှင်အား သွား၍ ပြောလေသည်။ ရွာ၌ နေကုန်သော လူအပေါင်း တို့သည် လက်နက်များ ယူကြကုန်၍ စည်၊ ခရုသင်း တို့ကို တီးမှုတ်ကြ ကုန်သည်။

ထိုအခါ မြည်းသည် သေးဘေးမှ ကြောက်၍ မြည်း၏ အသံ ထွက်ပေါ်လာသည်။ ဘုရားလောင်းသည် မြည်းအသံကို သိ၍

"အချင်းတို့ ဤသတ္တဝါ သည် ခြင်္သေ့အသံ မဟုတ်၊ ကျား၏ အသံလည်း မဟုတ်၊ ခြင်္သေ့ အရေဖြင့် ဖုံးလွမ်းသော မြည်း၏ အသံဖြစ်သည်" ဟု ပြောလေသည်။

ရွာသူတို့သည် မြည်းအဖြစ်ကို သိ၍ အရိုးကျိုးအောင် ရိုက်နှက်ကုန်၍ ခြသေ့ အရေကို ယူသွားကြ ကုန်သည်။ ထို့နောက်မှ ကုန်သည်သည် ပျက်စီး သေကျေ နေသော မြည်းကို မြင်လေသည်။

ကုန်သည်သည်လည်း မြည်းကို စွန့်ခွာ၍ ထွက်သွား လေတော့သည်။ (သူယုတ်မာသည် သူတော်ကောင်း အယောင်ဆောင်၍ မရချေ) Crd

Zawgyi

ျခေသၤ့ေရ ၿခဳံေသာျမည္း

လြန္ေလၿပီးေသာအခါ ဗာရာဏသီ ျပည္၌ ျဗဟၼဒတ္မင္း မင္းျပဳေတာ္ မူေလသည္။ ဘုရားေလာင္းသည္ လယ္လုပ္သမား အမႈျဖင့္ အသက္ကို ေမြးျမဴသည္။

ထိုကာလ၌ တေယာက္ေသာ ကုန္သည္သည္ ေရာက္ေလရာ ေရာက္ေလရာ အရပ္၌ ျမည္းကို ျခေသၤ့ေရျဖင့္ ဖုံးလႊမ္း၍ သေလးခင္း မုေယာခင္း ရွိရာတို႔၌ လႊတ္ေလသည္။ လယ္ေစာင့္သမား တို႔သည္ ျမည္းကို ျမင္ကုန္၍ ျခေသၤ့ဟူေသာ အမွတ္ျဖင့္ မသြားရဲ ၾကကုန္သည္။

တေန႔ေသာ အခါ၌ ကုန္သည္သည္ ႐ြာအျပင္တံခါး၌ ေန၍ တဖန္ ျမည္းကို ျခေသၤ့ေရ ဖုံးလြမ္း၍ သေလး မုေယာခင္း တို႔၌ လႊတ္ျပန္ေလသည္။ လယ္ေစာင့္သမား တို႔သည္ ျခေသၤ့ဟူေသာ အမွတ္ျဖင့္ မသြားရဲ ၾကကုန္သည္။

ထိုအခါ လယ္ေစာင့္သမားတို႔သည္ လယ္ပိုင္ရွင္အား သြား၍ ေျပာေလသည္။ ႐ြာ၌ ေနကုန္ေသာ လူအေပါင္း တို႔သည္ လက္နက္မ်ား ယူၾကကုန္၍ စည္၊ ခ႐ုသင္း တို႔ကို တီးမႈတ္ၾက ကုန္သည္။

ထိုအခါ ျမည္းသည္ ေသးေဘးမွ ေၾကာက္၍ ျမည္း၏ အသံ ထြက္ေပၚလာသည္။ ဘုရားေလာင္းသည္ ျမည္းအသံကို သိ၍ "အခ်င္းတို႔ ဤသတၱဝါ သည္ ျခေသၤ့အသံ မဟုတ္၊ က်ား၏ အသံလည္း မဟုတ္၊ ျခေသၤ့ အေရျဖင့္ ဖုံးလြမ္းေသာ ျမည္း၏ အသံျဖစ္သည္" ဟု ေျပာေလသည္။

႐ြာသူတို႔သည္ ျမည္းအျဖစ္ကို သိ၍ အ႐ိုးက်ိဳးေအာင္ ႐ိုက္ႏွက္ကုန္၍ ျခေသ့ အေရကို ယူသြားၾက ကုန္သည္။ ထို႔ေနာက္မွ ကုန္သည္သည္ ပ်က္စီး ေသေက် ေနေသာ ျမည္းကို ျမင္ေလသည္။ ကုန္သည္သည္လည္း ျမည္းကို စြန႔္ခြာ၍ ထြက္သြား ေလေတာ့သည္။ (သူယုတ္မာသည္ သူေတာ္ေကာင္း အေယာင္ေဆာင္၍ မရေခ်) Crd

Post a Comment

0 Comments