အလင်းပြသောမီး

တခါက ဇီအန်ရ (Xianya) အမည်ရှိ ဇင်ဘုန်းတော်ကြီး တပါးသည် တရားဓမ္မ ဟောကြားရန် သွားရာလမ်းတွင် စကားများရန်ဖြစ်နေသော လင်မယား စုံတွဲဘေးမှ ဖြတ်လျှောက်နေ မိပါသည်။

မိန်းမ- ရှင်က ဘယ်လို ယောက်ျားလဲ။ ရှင့်လို ယောက်ျား မပီသတဲ့လူ မရှိဘူး။

ယောက်ျား- မင်းငါ့ကို ထပ်ပြီး ဝေဖန် နေမယ် ဆိုရင် ငါမင်းကို ရိုက်တော့ မှာနော်။

မိန်းမ- သတ္တိ ရှိရင် လာလုပ်လိုက်လေ။ ရှင်က ယောက်ျား မဟုတ်ပါဘူး။

ဆရာတော် ဇင်နယ (Xianya) က ဘေးက ဖြတ်သွားဖြတ်လာ တွေကို "ကြည့်ကြပါအုံး၊ ဒီမှာ ရန်ပွဲတပွဲ ဖြစ်နေတယ်။ ကြက်တိုက်ပွဲ တွေဆို ဝင်ကြေး ပေးရတယ်၊ ဒါပေမဲ့ လူတွေ တိုက်ပွဲ၊ ရန်ပွဲတွေဆို ဝင်ကြေး မပေးရပါဘူး" လို့ ကျယ်လောင် စွာ အော်လိုက် ပါတယ်။

လင်မယားစုံတွဲ ကလည်း ဆက်ပြီး စကားများ ရန်ဖြစ်နေတုန်း နေပါပဲ။

ယောက်ျား- မင်း ဒီလို ဆက်လုပ်နေမယ် ဆိုရင် ငါလူ _တ်မိတော့မယ်။

မိန်းမ- ဒါဆိုလည်း _တ်လိုက်လေ၊ ရှင် လူ_×တ်တယ် ဆိုရင်တောင်မှ ယောက်ျား မဟုတ်သေးဘူး။

ဆရာတော် ဇင်နယ- စိတ်ဝင်စားဖို့ ကောင်းလိုက်တာ၊ ဒီအမျိုးသားက လူ_တ်တော့မယ် လာကြည့်လှည့် ကြပါအုံး။

ဖြတ်သွားဖြတ်လာများ- ဆရာတော် ဘာတွေ အော်နေတာလဲ။ သူတို့ ရန်ဖြစ်တာ ဆရာတော်နဲ့များ သက်ဆိုင်နေ လို့လား။

ဆရာတော် ဇင်နယ- ဘာလို့ ကျွန်ုပ်နဲ့ မဆိုင်ရမှာလဲ။ သင် မကြားဘူးလား။ သူတို့ လူ_တ်တော့မယ်လေ၊ လူသေပြီဆို ဘုန်းကြီးတပါးပါးကို နာရေးအတွက် ဆုတောင်း တရားနာဖို့ လိုမှာပဲလေ။ ဒီလိုဆို ကျွန်ုပ်က အလှူခံငွေတွေ ရတော့မှာလေ။

လမ်းသွားလမ်းလာများ- ဒါကြီးကတော အဓိပ္ပါယ် မရှိပါဘူး။ သူတို့ လူ_တ်မိရင် အလှူခံငွေ ရမယ် ဆိုတာကို မျှော်လင့်နေတယ်။

ဆရာတော်- ကဲ တယောက်ယောက်မှ ထိခိုက် မမိဖို့ ဆုတောင်းစို့ ဒါမှ ကျွန်ုပ်ရဲ့ တရားဟောပြောချက် များကို စတင်လို့ ရမှာလေ။

အဲ့အချိန်မှာပဲ ထိုလင်မယားက စကားများ ရန်ဖြစ်တာကို ရပ်လိုက်ပါတယ်။ သူတို့က ဘေးက လမ်းသွားလမ်းလာများ ဆရာတော်နဲ့ အချင်းများ နေတာကို စိတ်ဝင်တစား ဖြစ်လာပြီး ဘာဖြစ်တာလဲ လို့ စပ်စု ပါတော့တယ်။ ဆရာတော်က ထိုလင်မယားကို ပြောကြားသည်မှာ

"အရမ်း ခဲနေတဲ့ ရေခဲတောင်မှ နေရောင်ခြည်နဲ့ ထိရင် အရည်ပျော် သွားနိုင်ပါတယ်။ ခဲနေတဲ့ အစားအစာ တွေကို မီးနဲ့ ချက်ပြုတ် စားသောက် နိုင်ပါတယ်။ ကံကြမ္မာကြောင့် အတူတကွ လက်တွဲရပြီ ဆိုရင် တဦးနှင့် တဦးဟာ အနွေးဓါတ်ကို အပြန်အလှန် ပေးစွမ်းနိုင် သူတွေ ဖြစ်ရပါမယ်။

တဦးတယောက်ရဲ့ ဆန္ဒတွေကို ဖြည့်ဆည်း ပေးတဲ့သူ အလင်းရောင် ပြသူပဲ ဖြစ်ရပါမယ်။ တဦးကို တဦး ဖျက်ဆီးတဲ့ မီး မဖြစ်သင့် ပါဘူး။ နှစ်ယောက် အတူ ပျော်ပျော်ရွှင်ရွှင် နေထိုင်သွားမယ် လို့ မျှော်လင့်ပါတယ်" လို့ ပြောကြားလိုက် ပါတော့တယ်။ Crd and phoomyatchal

Post a Comment

0 Comments