နောက်ဆုံးအချိန် ကိုယ့်ဘေးနားရှိမယ့်သူ

လင်မယားရယ် လို့ ဖြစ်လာရင် at the end of the day ကိုယ့်အနားမှာ ကျန်ခဲ့မှာ ကိုယ့်လင်၊ ကိုယ့်မယားပဲ။ မိဘတွေ ဆိုတာလည်း အသက်ကြီး လာမယ်၊ မောင်နှမတွေ ဆိုတာလည်း တူတူပါပဲ။

အပေါင်းအသင်းတွေ ဆိုတာလည်း ဘယ်လောက် ချစ်ချစ် သူတို့ဘဝနဲ့ သူတို့။ ဘယ်သူတွေ ဘယ်လောက် ကောင်းကောင်း ဘဝ နေဝင်ချိန် ကိုယ့်အနား ကျန်ခဲ့မယ့် လူက ကိုယ့်အိမ်ထောင်ဖက်ပဲ။

တချို့က သန်တုန်း၊ မြန်တုန်း၊ ငယ်တုန်းမှာ အိမ်ထောင်ဖက်ထက် မိဘ၊ ဆွေမျိုးနဲ့ အပေါင်းအသင်းကို ပိုအားသာတယ်။ ပိုဦးစားပေးတယ်။ အိမ်ထောင်ဖက်က မခံနိုင်လို့ လမ်းခွဲသွားတယ်။

အဲဒီလို လူတွေဟာ နောက်ဆုံးကျ အိုမင်းမစွမ်း ဖြစ်တဲ့ အချိန်ကျမှ နောင်တ ရလိမ့်မယ်။ နေဝင်ချိန်မှာ ကိုယ့်လက်လေးကို တွဲပြီး လမ်းလျှောက်ပေး နိုင်မယ့် "အဘိုးကြီး မတည့်တာတွေ စားပြန်ပြီလား" လို့ ဆူပေးမယ့်သူ၊

ကိုယ်နေမကောင်း ဖြစ်နေချိန် "အဘွားကြီး သွေးတိုးနေတာလား" လို့ နဖူးလေး လာစမ်းပေးမယ့် ကိုယ့် ဘဝလက်တွဲဖော် သည်သာ ကိုယ့်အဖော် အစစ် ဖြစ်ပါတယ်။

အဲဒီလိုမှ ဦးစား မပေးနိုင်ရင် အိမ်ထောင် မပြုပါနဲ့။ Marriage ဆိုတာ အပြန်အလှန် စောင့်ရှောက်ရမယ့် တဘဝစာ Ultimate bond တခု ဖြစ်ပါတယ်။ sawyunwe

Zawgyi

ေနာက္ဆံုးအခ်ိန္ ကိုယ့္ေဘးနားရွိမယ့္သူ

လင္မယားရယ္ လို႔ ျဖစ္လာရင္ at the end of the day ကိုယ့္အနားမွာ က်န္ခဲ့မွာ ကိုယ့္လင္၊ ကိုယ့္မယားပဲ။ မိဘေတြ ဆိုတာလည္း အသက္ႀကီး လာမယ္၊ ေမာင္ႏွမေတြ ဆိုတာလည္း တူတူပါပဲ။

အေပါင္းအသင္းေတြ ဆိုတာလည္း ဘယ္ေလာက္ ခ်စ္ခ်စ္ သူတို႔ဘဝနဲ႔ သူတို႔။ ဘယ္သူေတြ ဘယ္ေလာက္ ေကာင္းေကာင္း ဘဝ ေနဝင္ခ်ိန္ ကိုယ့္အနား က်န္ခဲ့မယ့္ လူက ကိုယ့္အိမ္ေထာင္ဖက္ပဲ။

တခ်ိဳ႕က သန္တုန္း၊ ျမန္တုန္း၊ ငယ္တုန္းမွာ အိမ္ေထာင္ဖက္ထက္ မိဘ၊ ေဆြမ်ိဳးနဲ႔ အေပါင္းအသင္းကို ပိုအားသာတယ္။ ပိုဦးစားေပးတယ္။ အိမ္ေထာင္ဖက္က မခံႏိုင္လို႔ လမ္းခြဲသြားတယ္။

အဲဒီလို လူေတြဟာ ေနာက္ဆုံးက် အိုမင္းမစြမ္း ျဖစ္တဲ့ အခ်ိန္က်မွ ေနာင္တ ရလိမ့္မယ္။ ေနဝင္ခ်ိန္မွာ ကိုယ့္လက္ေလးကို တြဲၿပီး လမ္းေလွ်ာက္ေပး ႏိုင္မယ့္ "အဘိုးႀကီး မတည့္တာေတြ စားျပန္ၿပီလား" လို႔ ဆူေပးမယ့္သူ၊

ကိုယ္ေနမေကာင္း ျဖစ္ေနခ်ိန္ "အဘြားႀကီး ေသြးတိုးေနတာလား" လို႔ နဖူးေလး လာစမ္းေပးမယ့္ ကိုယ့္ ဘဝလက္တြဲေဖာ္ သည္သာ ကိုယ့္အေဖာ္ အစစ္ ျဖစ္ပါတယ္။

အဲဒီလိုမွ ဦးစား မေပးႏိုင္ရင္ အိမ္ေထာင္ မျပဳပါနဲ႔။ Marriage ဆိုတာ အျပန္အလွန္ ေစာင့္ေရွာက္ရမယ့္ တဘဝစာ Ultimate bond တခု ျဖစ္ပါတယ္။ sawyunwe

Post a Comment

0 Comments