ကိုယ်ချင်းစာပါ

မယားဖြစ်သူက လင်ယောက်ျား အတွက် ကြက်ဥ ကြော်ပေး နေတယ်။ လင်ဖြစ်သူက မီးဖိုချောင်ထဲ ဝင်လာတယ်။ "ဆီ နည်းနေတယ် ထပ်ထည့်လိုက် အုံး" လို့ လင်ဖြစ်သူက ပြောလိုက်တယ်။

မယားဖြစ်သူက ဆီလေး နည်းနည်း ထပ်ထည့် လိုက်တယ်။ နောက်တော့ "နဲနဲ မွှေပေး လိုက်အုံး။ အကျက် ညီသွားအောင်" လို့ လင်ဖြစ်သူက ထပ်ပြော ပြန်တယ်။ မယားက မျက်စောင်း ထိုးပြီး ပြန်ကြည့် ရတယ်။

လင်ဖြစ်သူက မမှုပဲ "ဆား ထည့်ပြီး ပြီလား" ဆိုပြီး ထပ်ပြောလိုက် ပြန်တယ်။ မယားက ဒေါသတွေ ထွက်လာတယ်။ "ရှင် လာပြီး ဆရာ လာ မလုပ်နဲ့ ခု ထွက်သွား။ ကျွန်မ ဒေါသ ထွက်လာပြီနော်"

ထိုအခါ လင်ဖြစ်သူက ပြုံးပြီး ပြောတယ်။ "ငါက ဆရာ လာလုပ်တာ မဟုတ်ပါဘူးကွာ။

ငါ အလုပ် လုပ်နေရင် မင်းက ဘေးက နေပြီး ဘယ်လိုလုပ် ဘယ်လိုလုပ် ဆိုပြီး လာလာ ပြောနေတော့ ငါ ဘယ်လို ခံစားရတယ် ဆိုတာကို မင်း နားလည်အောင်လို့ လုပ်ပြ တာပါ"

မကူညီချင် နေပါ၊ မနှောင့်ယှက်ပါနဲ့။ ငြိမ်းလဲ့

Zawgyi

ကိုယ္ခ်င္းစာပါ

မယားျဖစ္သူက လင္ေယာက္်ား အတြက္ ၾကက္ဥ ေၾကာ္ေပး ေနတယ္။ လင္ျဖစ္သူက မီးဖိုေခ်ာင္ထဲ ဝင္လာတယ္။ "ဆီ နည္းေနတယ္ ထပ္ထည့္လိုက္ အုံး" လို႔ လင္ျဖစ္သူက ေျပာလိုက္တယ္။

မယားျဖစ္သူက ဆီေလး နည္းနည္း ထပ္ထည့္ လိုက္တယ္။ ေနာက္ေတာ့ "နဲနဲ ေမႊေပး လိုက္အုံး။ အက်က္ ညီသြားေအာင္" လို႔ လင္ျဖစ္သူက ထပ္ေျပာ ျပန္တယ္။ မယားက မ်က္ေစာင္း ထိုးၿပီး ျပန္ၾကည့္ ရတယ္။

လင္ျဖစ္သူက မမႈပဲ "ဆား ထည့္ၿပီး ၿပီလား" ဆိုၿပီး ထပ္ေျပာလိုက္ ျပန္တယ္။ မယားက ေဒါသေတြ ထြက္လာတယ္။ "ရွင္ လာၿပီး ဆရာ လာ မလုပ္နဲ႔ ခု ထြက္သြား။ ကြၽန္မ ေဒါသ ထြက္လာၿပီေနာ္"

ထိုအခါ လင္ျဖစ္သူက ၿပဳံးၿပီး ေျပာတယ္။ "ငါက ဆရာ လာလုပ္တာ မဟုတ္ပါဘူးကြာ။

ငါ အလုပ္ လုပ္ေနရင္ မင္းက ေဘးက ေနၿပီး ဘယ္လိုလုပ္ ဘယ္လိုလုပ္ ဆိုၿပီး လာလာ ေျပာေနေတာ့ ငါ ဘယ္လို ခံစားရတယ္ ဆိုတာကို မင္း နားလည္ေအာင္လို႔ လုပ္ျပ တာပါ"

မကူညီခ်င္ ေနပါ၊ မေႏွာင့္ယွက္ပါနဲ႔။ ၿငိမ္းလဲ့

Post a Comment

0 Comments