နာဖျားနေသော သမင်လေး

တခါတုန်းက တောတခုမှာ နှစ်လိုဖွယ် ကောင်းတဲ့ သမင်လေး တကောင် ရှိတယ်။ အဲဒီ သမင်လေးမှာ ဝက်ရယ်၊ နွားရယ်၊ ယုန်ရယ် ဆိုပြီး မိတ်ဆွေတွေ ရှိတာပေါ့။

တခါကျတော့ သမင်လေး နေထိုင်မကောင်း ဖြစ်တော့ သူ့မိတ်ဆွေတွေ ရှိတဲ့ စားကျက်ကို မသွားနိုင်ပဲ အိပ်ယာထဲ လှဲနေရတော့တာပေါ့။

သမင်လေး စာကျက်ကို မလာတော့ နာမကျန်း ဖြစ်နေတာ ထင်တယ် ဆိုပြီး သူ့မိတ်ဆွေ တွေက သမင်လေးဆီ လူမမာ သတင်း လာမေးကြတယ်။

ဒီလိုနဲ့ သမင်လေးဟာ နာလန်တော့ ထလာပါရဲ့။ ဒါပေမယ့် နာလန် ထလာတဲ့ သမင်လေးဟာ အစာငတ်ပြီး သေဆုံးသွား ခဲ့ရတယ်။

ဘာလို့လဲ ဆိုတော့ သူ နေထိုင်မကောင်းစဉ် လူမမာ လာမေးတဲ့ သူ့မိတ်ဆွေ တွေက စားကျက်မှာ သွားမစား တော့ပဲ သမင်လေးရဲ့ အနီးအနားက စားစရာတွေကို စားပစ်ခဲ့ပါတယ်။

ထိုအခါ နာလန်ထ သမင်လေး ခမျာ ဝေးဝေးလံလံလည်း အစာရှာ မသွားနိုင်၊ အနီး အနားမှာလည်း အစာ မရှိတာကြောင့် အားပျက်ပြီး သေဆုံးသွား ခဲ့ရပါတယ်။

ပုံပြင်လေး ကတော့ ဒါပါပဲ။ ပြောချင်တာက ကူညီခြင်း ဖေးမခြင်း ဆိုတဲ့ ခေါင်းစဉ်ကြီး စာတန်း မဲမဲကြီးရဲ့ အရိပ်လွမ်းမိုး ခံထားရပြီး ဒုက္ခရောက်ခဲ့ ရတယ် လို့ ပြောချင်တာပါ။

ဒါကို တချို့ က ဤကို ကျွဲလို့ ဖတ်ခဲ့ကြ သေးတယ်လေ။ ဤကို ကျွဲလို့ ခပ်လွယ်လွယ် ဖတ်တတ်သူတွေ ကြားမှာတော့ ငဲ့ညှာခြင်း ဆိုတာ မြင်းကောင်း ခွာလိပ် ဖြစ်ခဲ့ရတယ်။ ဘုရားရေ၊ ကျနော်တို့ နိုင်ငံကြီး နာဖျားနေတယ် ဆိုပါလား။ Ahmonear

Zawgyi

နာဖ်ားေနေသာ သမင္ေလး

တခါတုန္းက ေတာတခုမွာ ႏွစ္လိုဖြယ္ ေကာင္းတဲ့ သမင္ေလး တေကာင္ ရွိတယ္။ အဲဒီ သမင္ေလးမွာ ဝက္ရယ္၊ ႏြားရယ္၊ ယုန္ရယ္ ဆိုၿပီး မိတ္ေဆြေတြ ရွိတာေပါ့။

တခါက်ေတာ့ သမင္ေလး ေနထိုင္မေကာင္း ျဖစ္ေတာ့ သူ႔မိတ္ေဆြေတြ ရွိတဲ့ စားက်က္ကို မသြားႏိုင္ပဲ အိပ္ယာထဲ လွဲေနရေတာ့တာေပါ့။

သမင္ေလး စာက်က္ကို မလာေတာ့ နာမက်န္း ျဖစ္ေနတာ ထင္တယ္ ဆိုၿပီး သူ႔မိတ္ေဆြ ေတြက သမင္ေလးဆီ လူမမာ သတင္း လာေမးၾကတယ္။ ဒီလိုနဲ႔ သမင္ေလးဟာ နာလန္ေတာ့ ထလာပါရဲ႕။ ဒါေပမယ့္ နာလန္ ထလာတဲ့ သမင္ေလးဟာ အစာငတ္ၿပီး ေသဆုံးသြား ခဲ့ရတယ္။

ဘာလို႔လဲ ဆိုေတာ့ သူ ေနထိုင္မေကာင္းစဥ္ လူမမာ လာေမးတဲ့ သူ႔မိတ္ေဆြ ေတြက စားက်က္မွာ သြားမစား ေတာ့ပဲ သမင္ေလးရဲ႕ အနီးအနားက စားစရာေတြကို စားပစ္ခဲ့ပါတယ္။ ထိုအခါ နာလန္ထ သမင္ေလး ခမ်ာ ေဝးေဝးလံလံလည္း အစာရွာ မသြားႏိုင္၊ အနီး အနားမွာလည္း အစာ မရွိတာေၾကာင့္ အားပ်က္ၿပီး ေသဆုံးသြား ခဲ့ရပါတယ္။

ပုံျပင္ေလး ကေတာ့ ဒါပါပဲ။ ေျပာခ်င္တာက ကူညီျခင္း ေဖးမျခင္း ဆိုတဲ့ ေခါင္းစဥ္ႀကီး စာတန္း မဲမဲႀကီးရဲ႕ အရိပ္လြမ္းမိုး ခံထားရၿပီး ဒုကၡေရာက္ခဲ့ ရတယ္ လို႔ ေျပာခ်င္တာပါ။

ဒါကို တခ်ိဳ႕ က ဤကို ကြၽဲလို႔ ဖတ္ခဲ့ၾက ေသးတယ္ေလ။ ဤကို ကြၽဲလို႔ ခပ္လြယ္လြယ္ ဖတ္တတ္သူေတြ ၾကားမွာေတာ့ ငဲ့ညႇာျခင္း ဆိုတာ ျမင္းေကာင္း ခြာလိပ္ ျဖစ္ခဲ့ရတယ္။ ဘုရားေရ၊ က်ေနာ္တို႔ ႏိုင္ငံႀကီး နာဖ်ားေနတယ္ ဆိုပါလား။ Ahmonear

Post a Comment

0 Comments